MPT ၏ Data Carry Plus အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) MPT4U App တွင် ဝယ်ယူနိုင်

ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိပြီး သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို ပြီးပြည့်စုံစေရန် ဆောင်ရွက်ပေးနေသည့် MPT သည် Data Carry Plus အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) နှင့် “All in one ထောဘီ ၁၀ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) ကို ဝယ်ယူရန်အတွက် ရွေးချယ်စရာ နည်းလမ်းသစ်ဖြစ်သည့် MPT4U အက်ပလီကေးရှင်းတွင် ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ကာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။
MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် အလိုအလျောက် သက်တမ်းတိုးပက်ကေချ့်များကို ဝယ်ယူနိူင်သည့်အတွက် ပုံမှန်ထက် လုပ်ဆောင်ချက်အဆင့်များကို လျှော့ချနိုင်ပြီး ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်မည်ဖြစ်ပြီး သုံးစွဲသူများသည် မိမိတို့၏ဒေတာအသုံးပြုမှုများ၊ အသံနှင့် ဒေတာပက်ကေ့ချ်များကို အလွယ်တကူ ကြည့်ရှုနိုင်သည့်အပြင် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများကို စုံစုံလင်လင်ရယူ အသုံးပြု နိုင်မည်ဖြစ်သည်။
MPT သုံးစွဲသူများသည် Data Carry Plus အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) နှင့် “All in one ထောဘီ ၁၀ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) ကို MPT4U အက်ပလီကေးရှင်းတွင် ဝယ်ယူနိုင်သည့်အပြင် လက်ရှိစာရင်းသွင်း ဝယ်ယူမှုနည်းလမ်းများ ဖြစ်သည့် Direct USSD နှင့် Common USSD တို့တွင်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို ယခုအသစ်မိတ်ဆက်လိုက်သော ရွေးချယ်စရာ နည်းလမ်းသစ်ဖြစ်သည့် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ဝယ်ယူနိုင်ရုံမက မိမိကြိုက်နှစ်သက်ရာ ဒေတာအသုံးပြုမှုအတွက် 1000GB အထိ အပိုလက်ဆောင်ဒေတာများကိုလည်း ကံထူးနိုင်မည် ဖြစ်သည်။

Photo Source  https://bit.ly/34b6I1h

Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များ (Auto-renewal) ကို *777# (သို့မဟုတ်) *106# (သို့မဟုတ်) MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) CRM Portal မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။
“All in one ထောဘီ ၁၀ ဆ” အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို (Auto-renewal) ရယူရန် *5010# (သို့မဟုတ်) *106# (သို့မဟုတ်) MPT4U အက်ပလီကေးရှင်း (သို့မဟုတ်)CRM Portal မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။
သုံးစွဲသူများသည် Data Carry Plus အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို (Auto-renewal) နှင့် “All in one ထောဘီ ၁၀ ဆ” အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို (Auto-renewal) ဝယ်ယူအသုံးပြုနိုင်ရန် MPT4U အက်ပလီကေးရှင်းကို iOS Version 1.4.10 နှင့် Android Version 4.4.1 သို့ အဆင့်မြှင့်တင်ရန်လိုအပ်ပါသည်။
MPT4U အက်ပလီကေးရှင်းသည် MPT သုံးစွဲသူများအားလုံးအတွက် MPT ၏ ဝန်ဆောင်မှုများကို ၂၄ နာရီ ၇ ရက်ပတ်လုံး အဆင်ပြေလွယ်ကူစွာ ရယူနိုင်စေရန် အကြံပြုထားသော အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၈ ရက်အတွင်း သုံးစွဲသူများသည် ကြင်ကြင်နာနာပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် ထိပေါက်ဂိမ်းကစားပြီး ထောဘီဖုန်းဘေလ် ၁၀၀,၀၀၀ ကျပ်အထိ ကံထူးနိုင်သည့် အခွင့်အရေးကဲ့သို့သော အကျိုးခံစားခွင့်များကို ထပ်မံခံစားခွင့် ရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် MPT သည် စိတ်လှုပ်ရှားဖွယ်ရာ MPT Special Day တွင် “MPT Special Flash” ပရိုမိုးရှင်းကို ဆောင်ရွက်ပေးထားပြီး သုံးစွဲသူများသည် ဖေဖော်ဝါရီလ ၂၂ ရက်တွင် အထူးခံစားခွင့်များရယူရန် စာရင်းသွင်းဝန်ဆောင်ခ ပေးအပ်ရန်မလိုဘဲ *7222# သို့ခေါ်ဆိုနိုင်ပြီး မိမိတို့ချစ်ရသူများနှင့်အတူ အဆိုပါပရိုမိုးရှင်းတွင် ပါဝင်နိုင်သည်။ ဖေဖော်ဝါရီလအတွက် ပရိုမိုးရှင်းအစီအစဉ်များ၏ စည်းကမ်း သတ်မှတ်ချက်များကို https://bit.ly/34b6I1h တွင် ကြည့်ရှုနိုင်ပါသည်။