MPT Viber Community မှတစ်ဆင့် “တူတူ Chat” Live Chatbot ဝန်ဆောင်မှုများကို အသုံးပြုနိုင်

MPT Viber Community တွင် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှု “တူတူ Chat” ကို စတင်မိတ် ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ လုပ်ဆောင်ချက်အသစ်နှင့်အတူ Viber အသုံးပြုသူများအနေဖြင့် MPT ၏ ထုတ်ကုန် နှင့် ဝန်ဆောင်မှု များကို အလွယ်တကူ သိရှိနိုင်သည့်အပြင် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အမြဲအဆင်သင့် ရှိနေသော MPT ၏ သုံးစွဲသူ ဝန်ဆောင်မှုဌာနသို့လည်း သိရှိလိုသည့် ဝန်ဆောင်မှုများကို စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage

MPT Viber Community မှတစ်ဆင့် “တူတူ Chat” Live Chatbot ဝန်ဆောင်မှုဖြင့် သုံးစွဲသူများသည် အမျိုးမျိုးသော ဝန်ဆောင်မှုများဖြစ်သည့် ဒေတာနှင့် အသံပက်ကေ့ချ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများနှင့် အထူးကမ်းလှမ်းချက်များဝယ်ယူခြင်း၊ MPT Club ဝန်ဆောင်မှုများနှင့် MPT ပရိုမိုးရှင်းများ၊ ထပ်ဆောင်း ဝန်ဆောင်မှုများ စာရင်းသွင်းခြင်းနှင့် ပယ်ဖျက်ခြင်းများကို အချိန်မရွေး ဆောင်ရွက်နိုင်မည် ဖြစ်သည်။
MPT သည် မြန်မာပြည်သူပြည်သားများအတွက် နေ့စဉ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် အတွက် မိမိတို့၏ယုံကြည်ချက်ဖြစ်သည့် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်ဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage

သုံးစွဲသူများသည် MPT Viber Community အတွက် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှု “တူတူ Chat” ကို လွယ်ကူစွာ ရယူအသုံးပြုနိုင်ရန် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်သည်။
MPT က သုံးစွဲသူများ၏ နေ့စဉ် ဆက်သွယ်ရေး လိုအပ်ချက်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် MPT4U အက်ပလီကေးရှင်း နှင့် တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Live Chatbot ဝန်ဆောင်မှုဖြစ်သည့် “တူတူChat” ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံး မိတ်ဆက်ခဲ့ပြီး အလိုအလျောက် အပြန်အလှန် ဖြေကြားပေးသည့် IVR စနစ်များလည်း ဆောင်ရွက်ထားပြီး ဖြစ်သည်။ ယခုအခါ MPT Viber Community တွင် Chatbot ဝန်ဆောင်မှုကို သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ ထည့်သွင်း ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။
MPT Viber Community သည် သုံးစွဲသူများ၏ နေ့စဉ် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အထူးပရိုမိုးရှင်းများ အပါအဝင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များအကြောင်း သတင်းအချက်အလက်များအား MPT သုံးစွဲသူများထံ ပေးအပ်ရန်အတွက် အဆင့်မြှင့်တင်ထားသော ပလက်ဖောင်းတစ်ခုဖြစ်သည်။