App များစွာကိုတစ်ပြိုက်နက် Run စေနိုင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ Vivo Y 81 စမတ်ဖုန်း

Vivo Y81 စမတ်ဖုန်းရဲ့ မျက်နှာပြင်က ပုံမှန် 16:9 ဖုန်းတွေထက် 15 ဒဿမ 5 ရာခိုင်နှုန်း မြင်ကွင်း ပိုမိုကျယ်ပြန့်ပါတယ်။ အရင်တုန်းက FullView Display တွေနဲ့ နှိုင်းယှဉ်ရင် ဘေးဘောင်တွေပိုသေးသွားပြီး 88 ရာခိုင်နှုန်း ကိုယ်ထည်နဲ့ မျက်နှာပြင် အချိုးအစား အလန်းစားကို ရရှိစေမှာလည်းဖြစ်ပါတယ်။ 6 ဒဿမ 22 လက်မအကျယ် မျက်နှာပြင်ဖြစ်ပေမယ့် ကျဉ်းမြောင်း သွားတဲ့ ဘေးဘောင်ကြောင့် လက်တစ်ဖက်တည်းနဲ့ ကိုယ်တွယ်အသုံးပြုဖို့ အရမ်းကို အဆင်ပြေစေမှာလည်းဖြစ်ပါတယ်။
Vivo Y81 စမတ်ဖုန်းရဲ့ နောက်ကျောကာဗာက 3D အကွေးလေးတွေနဲ့တည်ဆောက်ထားတော့ လက်ထဲမှာကိုယ်ထားတဲ့ အချိန်မှာ နူးညံမှုအပြင် မျက်စိကျစရာကောင်းလွန်းနေပါတယ်။ အဲ့ဒီအရည်အသွေးတွေကြောင့်လည်း သုံးစွဲသူတိုင်း စိတ် ကျေနပ်မှုကို ရရှိစေမှာအမှန်ပါပဲ။
Vivo Y81 စမတ်ဖုန်းမှာပါဝင်တဲ့ AI Face Beauty အသစ်က အသက်အရွယ်၊ ကျား၊မ အမျိုးအစား၊ အသားအရေ၊ အသားအ ရောင် စတာတွေနဲ့ ပတ်ဝန်းကျင်အလင်းရောင်ကို ထောက်လှမ်းဖော်ထုတ်ပေးပါတယ်။ သဘာဝမျက်နှာပြင်အပေါ်မူတည်ပြီး လိုက်ဖက်တဲ့ပြုပြင်မှုတွေကို ပြုလုပ်ပေးတာကြောင့် သဘာဝကျကျနဲ့ပိုပြီး လှပနေမှာအသေအချာပါပဲ။
Portrait Mode ကတော့ နောက်ခံတွေကို ေ၀ဝါးပေးပြီး အဓိကဆုံချက်ကို ကြည်လင်ပြတ်သားနေစေတဲ့ နောက်ခံေ၀ဝါးပေး တဲ့စနစ်ကြောင့် ရိုက်ကူးတဲ့ဓာတ်ပုံတိုင်းမှာ ပိုပြီးထင်ရှားပေါ်လွင်စေပါတယ်။ ရိုက်ပြီးသားဓာတ်ပုံတွေကိုလည်း Portrait Lighting effect အသုံးပြုပြီး အချိန်တိုတိုအတွင်းမှာ လွယ်လွယ်ကူကူနဲ့ ပိုပြီးဆွဲဆောင်မှုရှိအောင်မ ပြုလုပ်လို့ရပါသေးတယ်။

Photo Source https://www.vivo.com

Vivo Y81 စမတ်ဖုန်းမှာ ရုပ်ထွက်ကြည်လင်မှုနှုန်းမြင့်တဲ့ 13MP အနောက်ကင်မရာပါဝင်ပါတယ်။ PDAF နည်းပညာအ ကြောင့် Focus ဖြတ်ယူရာမှာ မြန်ဆန်လွန်းတဲ့အတွက် လျှပ်တစ်ပြက်ရိုက်ချက်တွေကို ကြည်လင်ပြတ်သားစွာနဲ့ ရိုက်ကူးနိုင် ပါတယ်။
Vivo Y81 စမတ်ဖုန်းမှာပါဝင်တဲ့ Live Photo System က ဓာတ်ပုံမရိုက်ကူးခင်နဲ့ ရိုက်ကူးအပြီး ပုံနဲ့အသံ 1 ဒဿမ 5 စက္ကန့် စာကို မှတ်ထားပေးမှာပါ။ နောက်တစ်ချိန်အမှတ်တရတွေကို ပြန်ကြည့်ချင်တဲ့အခါ ပုံလေးကိုဖိထားလိုက်တာနဲ့ ပျော်ရွင်စရာ အခိုက်အတန့်လေးတွေကို မျက်တောင်တစ်ခတ်အတွင်းမှာ ပြသပေးမှာဖြစ်ပါတယ်။
Vivo Y81 စမတ်ဖုန်းမှာ သုံးထားတဲ့ 3GB RAM ရဲ့အစွမ်းက ချောမွေ့တဲ့စွမ်းဆောင်ရည်ကိုပေးစွမ်းပြီး App တွေအများကြီး ကို တစ်ချိန်ထဲမှာ run နိုင်ပါတယ်။ 32GB storage အပြင် 256GB microSDCard ထပ်တိုးစိုက်နိုင်တော့ Video တွေနဲ့ဓာတ် ပုံ အများကြီးကို သိမ်းဆည်းနိုင်မှာပါ။ ဒါ့အပြင် ကြီးမားအားကောင်းလှတဲ့ 3260mAh battery ကို Android 8.1 OS နဲ့ အသုံးပြုရတာကြောင့် စွမ်းအင်ချွေတာနိုင်တဲ့အပြင် စွမ်းအင်သုံးစွဲမှုကို စီမံခန့်ခွဲထားတဲ့အတွက် ရလာဒ်ကတော့ ဘက်ထရီ အား ကုန်မြန်မှာကို စိုးရိမ်စရာမလိုတော့ဘူး ဖြစ်ပါတယ်။
Vivo က အဆင့်မြင့်နည်းပညာတွေဖြစ်တဲ့ Face Access စနစ်ကို Y81 မှာထည့်သွင်းပေးထားပါတယ်။ Screen လင်းနေတဲ့ ဖုန်းကို မျက်နှာပြလိုက်တာနဲ့ ဖွင့်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ အဲ့ဒါကလည်း အရိုးရှင်းဆုံး အဆင့်မြင့်နည်းပညာတစ်ခု လည်းဖြစ်ပါတယ်။
Smart Split ရဲ့လုပ်ဆောင်ချက်ကတော့ လက်ချောင်းသုံးချောင်းနဲ့ အောက်ကိုဆွဲချလိုက်ပြီး မျက်နှာပြင်ကို နှစ်ပိုင်းခွဲ လိုက်ပါ။ 6 ဒဿမ 22 လက်မ မျက်နှာပြင်ဆိုတော့ တစ်ဝက်စီဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မြင်ရသုံးရမှာလည်းဖြစ်ပါ တယ်။ video ကြည့်ရင်း မျက်နှာပြင်နှစ်ပိုင်းခွဲလိုက်မယ်ဆိုရင်လည်း Chatting လုပ်ဖို့နေရာကျယ်ကျယ်ရသလို video ကြည့် ရတဲ့မြင်ကွင်းကလည်း နေရာကျယ်ကျယ်နဲ့ ကျန်နေတာကိုတွေ့ရပါလိမ့်မယ်။

Photo Source https://www.vivo.com

vivo သည် စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ vivo ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ်များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo ဟာ ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါတယ်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivo ဟာ အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ကြပါတယ်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com