MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၃) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး၊ လှည်းကူး နှင့် ကော့မှူးမြို့နယ်များတွင် ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှု သည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။  MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

စဉ်

တိုင်းဒေသကြီး

အိတ်ချိန်း

အော်တိုတယ်လီဖုန်း နံပါတ်များ

အဆင့်မြှင့်တင်မည့်ရက်စွဲ

ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီး အိတ်ချိန်း

၀၅၅-၂၂၂၀xxx

ဇွန်လ (၃၀) ရက် မှ

ဇူလိုင်လ (၁၁) ရက်အထိ

၀၅၅-၂၂၂၁xxx

လှည်းကူး အိတ်ချိန်း

၀၁-၈၆၂၈xxx

ဇူလိုင်လ (၈) ရက် မှ (၂၄) ရက်အထိ

ကော့မှူး အိတ်ချိန်း

၀၁-၈၆၂၄xxx

ဇူလိုင်လ (၂၁) ရက် မှ (၃၁) ရက်အထိ

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး နှစ်ပေါင်း (၁၄၀) ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်း၊ ဖိုင်ဘာနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံးသော 3G၊ 4G/ LTE+  နှင့် 5G ကွန်ရက်တို့ကို ပိုင်ဆိုင်ထားပါသည်။

MPT သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက်  ၂၀၁၄ ခုနှစ်တွင်  KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ နည်းပညာနှင့် ကျွမ်းကျင်မှု အတွေ့အကြုံများကို ပေါင်းစည်းထားသည့် KDDI Summit Global Myanmar Limited (KSGM) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လွန်ခဲ့သည့် (၁၀)နှစ်တာကာလအတွင်း MPT-KSGM ပူးပေါင်းဆောင်ရွက်မှု  သည် သုံးစွဲသူများသို့ အဆင့်မြင့် နည်းပညာများနှင့် ဒီဂျစ်တယ် အတွေ့အကြုံများကို ပေးအပ်ခဲ့ခြင်းနှင့်အတူ ယခုအခါ လူဦးရေ၏ ၉၆% ကို ကွန်ရက်လွှမ်းခြုံ ထားကာ သုံးစွဲသူ သန်း (၂၀) ကျော်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့်  ခိုင်မာသော တယ်လီကွန်း အခြေခံ အဆောက်အဦ ကို တည်ထောင်ပေးခဲ့ပါသည်။  MPT သည် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ MPT Club ကဲ့သို့သောအစီအစဉ်နှင့် များစွာသောထပ်ဆောင်းဝန်ဆောင်မှုတို့ကိုလည်း မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ် အသုံးပြုနိုင်မှုကို မြှင့်တင်ပေးခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်းတီးပေးနိုင်ခဲ့ပါသည်။

MPT အနေဖြင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးစေရေးအတွက် ထားရှိသည့်ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်  မြန်မာပြည်သူ ပြည်သားများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းငယ်ကဏ္ဍများတွင် ကျပ် (၂၆) ဘီလီယံကျော် သုံးစွဲကာ ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလှုပ်ရှားမှုများကို  ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံဆက်သွယ်ရေး အခြေခံအဆောက်အဦ၏ အရည်အသွေးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့်အတူ ၎င်းတို့၏ အထောက်အပံ့ပြုဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်ရန်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အချင်းကို အသုံးချ နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ကာ MPT သည် KSGMနှင့် သဘောတူညီမှု စာချုပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ဝန်ထမ်းပေါင်း ၆ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအပါအဝင် မြန်မာပြည်သူပြည်သားများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးကျေးဇူးများကို ပေးအပ်သွားရန် ကတိပြုပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါ www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။  MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက https://mpt.com.mm/mm/about-home-mm/csr-activities-mm/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။