MyTel နှင့် MPT အသုံးပြုသူများ သိထားရမည့် ဖုန်းခေါ်ဆိုမှု Package များ(၁)

MPT နဲ့ MyTel ဆင်းကဒ်အသုံးပြုသူတွေအနေနဲ့ ဖုန်းပြောတဲ့အခါ ဝန်ဆောင်မှုတွေကိုသိရှိထားတဲ့အတွက်ငွေကြေးကုန်ကျမှု များစွာသက်သာစေပါတယ်။ ဒါ့အပြင် ဖုန်းဘေလ်နည်းနည်းနဲ့အချိန်ကြာကြာစကားပြောဆိုအသုံးပြုလို့ရတဲ့အတွက်လုပ်ငန်း ပိုမိုတွယ်ကျယ်သလို မိမိရဲ့ဖုန်းဘေလ်အသုံးစရိတ်ကိုလည်း ချွေတာရာရောက်တဲ့အတွက် သိထားသင့်တာပဲဖြစ်ပါတယ်။

MPT ရဲ့ ဖုန်းခေါ်ဆိုမှု Package များအနေနဲ့ “ရွှေစကား” အစီအစဉ်ကိုရယူထားတဲ့သူတွေကတော့ MPT ဖုန်းအချင်း ချင်းဖုန်းခေါ်ဆိုမှု အတွက် တစ်မိနစ်ကို (၁၀) ကျပ်ကျသင့်မှာဖြစ်ပြီး အခြားပြည်တွင်းဖုန်းများသို့ခေါ်ဆိုခအနေနဲ့ တစ်မိနစ်ကို (၂၇) ကျပ်ကျ သင့်မှာဖြစ်ပါတယ်။ စာတိုပေးပို့ ခကတော့ တစ်စောင်ကို (၁၅) ကျပ်ကျသင့်မှာဖြစ်ပြီး အင်တာနက် Data ကတော့ 1 MB ကို (၈) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ “ရွှေစကား” အစီအစဉ်ကို ၂၀၁၉ ခုနှစ် မတ်လ (၁) ရက်နေ့တွင် စတင်ခဲ့ပါတယ်။ ရွှေစကား အစီအစဉ်ကို ရယူလိုပါက *234*4# ကိုဖုန်းခေါ်ဆိုပြီးအစီအစဉ်ကို အခမဲ့ရယူနိုင်ပါတယ်။

Photo Source – https://www.facebook.com/mptofficialpage/

“ရွှေသဟာ” အစီအစဉ်ကိုရယူထားတဲ့သူတွေအတွက်တော့ MPT အချင်းချင်းဖုန်းခေါ်ဆိုမှုအတွက် တစ်မိနစ်ကို (၂၇) ကျပ်နဲ့ အခြားပြည်တွင်းဖုန်းကိုခေါ် ဆိုမှုအတွက်လည်း တစ်မိနစ်ကို (၂၇) ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ စာတိုပေးပို့မှု အတွက်တစ်စောင်ကို (၁၅) ကျပ်ကျသင့် မှာဖြစ်ပြီး Data 1 MB ကို (၇) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၂၃) ရက်နေ့မှာ “ရွှေသဟာ”အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ရွှေသဟာအစီအစဉ်ကို ရယူလိုပါက *234*2# ကိုဖုန်းခေါ်ဆိုပြီး အစီအစဉ်ကို အခမဲ့ရယူနိုင်ပါတယ်။

Photo Source  – https://www.mpt.com.mm/mm/

“ရှယ်ပြော” အစီအစဉ်ကတော့ MPT အချင်းချင်းဖုန်းခေါ်ဆိုမှုအတွက် တစ်မိနစ်ကို (၁၅)ကျပ် ကျသင့်မှာဖြစ်ပြီး အခြားဖုန်း ခေါ်ဆိုမှုအတွက် တစ်မိနစ်ကို (၂၅) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ စာတိုပေးပို့မှုအတွက် တစ်စောင်ကို (၁၅) ကျပ်ကျသင့်မှာ ဖြစ်ပြီး Data 1 MB ကို (၈) ကျပ်ကျသင့်မှာဖြစ်ပါတယ်။ “ရှယ်ပြော”အစီအစဉ်သစ်ကို မတ်လ (၁) ရက်နေ့တွင်စတင်ခဲ့ ပါတယ်။ ရှယ်ပြောအစီအစဉ်ကို ရယူလိုပါက *234*3# ကိုဖုန်းခေါ်ဆိုပြီးအစီအစဉ်ကို အခမဲ့ရယူနိုင် ပါတယ်။

Photo Source – https://www.facebook.com/mytelmyanmar/

MyTel ဖုန်းဆင်းကဒ်အသုံးပြုသူများအတွက် ဖုန်းခေါ်ဆိုမှု Package များအနေနဲ့ တစ်ရက်သုံး Daily Package D111 Package အနေဖြင့် 111 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် ၁၁၁ ကျပ်သာကုန်ကျမည်ဖြစ်ပြီး ၂၄ နာရီအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းလောက်ဆောင်အနေနဲ့ MyTel အချင်းချင်းဖုန်းခေါ်ဆိုမှု တစ်မိနစ်စာနဲ့စာတို 111 စောင်ပါရှိမှာဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *996*11# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
KS10 Package အနေဖြင့် 1000 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 1000 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းလောက်ဆောင်အနေနဲ့ MyTel အချင်းချင်းဖုန်းခေါ်ဆိုမှု တစ်မိနစ်စာနဲ့စာတို ၁၁၁ စောင်ပါရှိမှာဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*12# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
D866 Package အနေဖြင့် 900 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 866 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းလောက်ဆောင်အနေနဲ့ MyTel အချင်းချင်းဖုန်းခေါ်ဆိုမှု ဆယ်မိနစ်စာနဲ့စာတို ၁၀၀ စောင်ပါရှိမှာဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*37# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။

Photo Source – https://www.mytel.com.mm/

KS40 Package အနေဖြင့် ဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 2000 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ရက်သုံးဆယ်အတွင်း MyTel အချင်းချင်းဖုန်းခေါ်ဆိုမှု လေးရာမိနစ်စာနဲ့ စာတို ၄၀၀ စောင်ပါ ရှိမှာဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*23# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
KS80 Package အနေဖြင့် ဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 8000 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ရက်သုံးဆယ်အတွင်း MyTel အချင်းချင်းဖုန်းခေါ်ဆိုမှု ရှစ်ဆယ်မိနစ်စာနဲ့ စာတို ၈၀၀ စောင်ပါ ရှိမှာဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*39# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
V240 Package အနေဖြင့် 900 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 866 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းလောက်ဆောင်အနေနဲ့ MyTel အချင်းချင်းဖုန်းခေါ်ဆိုမှု သုံးမိနစ်စာနဲ့ စာတို ၉၀၀ စောင်ပါရှိမှာဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*38# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
KS20 Package အနေဖြင့် 2000 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 2000 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းလောက်ဆောင်အနေနဲ့ MyTel အချင်းချင်းဖုန်းခေါ်ဆိုမှု နှစ်ဆယ်မိနစ်စာနဲ့ စာတို ၂၀၀ စောင်ပါရှိမှာဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*37# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
D2000 Package အနေဖြင့် 2000 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 1900 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*32# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
D4000 Package အနေဖြင့် 4000 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 3800 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*33# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
D8000 Package အနေဖြင့် 8000 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 7600 ကျပ်သာကုန်ကျမည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*34# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။
D16000 Package အနေဖြင့် 16000 MB ကိုဝယ်ယူလိုပါက ကျသင့်ငွေမှာ မြန်မာငွေကျပ် 15200 ကျပ်သာကုန်ကျ မည်ဖြစ်ပြီး ရက် ၃၀ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Package ကိုရယူလိုပါက *966*35# ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်။