ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းဆက်သွယ်ရေး အမှတ်တံဆိပ်၅၀တွင် Ooredoo Group ပါဝင်

မကြာသေးမီက ထုတ်ပြန်ခဲ့သော ၂၀၂၂ခုနှစ်၏ Brand Finance Telecoms 150 အစီရင်ခံစာအရ Ooredoo Group သည် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းဆက်သွယ်ရေးအမှတ်တံဆိပ် ၅၀ စာရင်းတွင် ထပ်မံ အဆင့်သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့ထိပ်တန်း တယ်လီကွန်းကုမ္ပဏီများထဲမှတစ်ခုအဖြစ် ရပ်တည်မှုနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
Ooredoo Group ၏ အမှတ်တံဆိပ်တန်ဖိုးသည် ၂၀၂၁ခုနှစ်ရှိ ၎င်း၏တန်ဖိုးထက် ၆% တိုးလာပြီး ကုမ္ပဏီသည် စုစုပေါင်းအမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၄၁၂ဘီလီယံဖြင့် ခြောက်နှစ်ဆက်တိုက် အဆင့်သတ်မှတ် ချက်စာရင်းတွင် ပါဝင်ခဲ့သည်။ Group သည် ၎င်း၏အမှတ်တံဆိပ်ခိုင်မာမှုအညွှန်းကိန်း ၇၉ နှင့်အမှတ်တံဆိပ် အဆင့်သတ်မှတ်ချက် AA+ ကို လေးနှစ်ဆက်တိုက် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
လုပ်ငန်းတန်ဖိုးသတ်မှတ်ခြင်းနှင့် မဟာဗျူဟာပိုင်းဆိုငရာအကြံပြုသည့်Brand Finance မှ Ooredoo Group ၏လုပ်ငန်း လည်ပတ်နေသောကုမ္ပဏီများဖြစ်သည့်အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ တူနီးရှားနှင့်ကာတာတို့မှ ကောင်းမွန်သည့်စီးပွားရေး စွမ်းဆောင်မှုများကြောင့် အမှတ်တံဆိပ်တန်ဖိုး၏ ၆% တိုးတက်မှုကို တစ်စိတ်တစ်ပိုင်းရည်ညွှန်းသည်။

Photo Source https://www.ooredoo.com.mm

Brand Finance သည် ကမ္ဘာတစ်ဝှမ်းရှိ ဆက်သွယ်ရေးကုမ္ပဏီများ၏ တန်ဖိုးသတ်မှတ်ချက်များအလိုက် အဆင့်သတ်မှတ် ချက်များစာရင်းကို နှစ်စဉ်ထုတ်ပြန်ပါသည်။ လုပ်ငန်းအမှတ်တံဆိပ်အသီးသီးအား ဈေးကွက်ချဲ့ထွင်ခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးကျွမ်းဝင်မှု၊ အစဉ်တစိုက်သုံးစွဲမှု၊ ဝန်ထမ်းများ၏စိတ်ကျေနပ်မှုနှင့် ကော်ပိုရိတ်နာမည် ဂုဏ်သတင်းစသည့် အချက်များအပေါ် အခြေခံ၍ ၎င်းတို့၏အားသာချက်ကိုအကဲဖြတ်ရန် ပထမဆုံးအနေဖြင့်တွက် ချက်သည်။ ထို့နောက် ယင်းအားသာချက်ကို အဆိုပါအမှတ်တံဆိပ်၏ တန်ဖိုးကိုတိုင်းတာရန်အသုံးပြုပြီး ၎င်းကို လုပ်ငန်း၏ ဝင်ငွေအပေါ် အမှတ်တံဆိပ်၏ပံ့ပိုးပေးနိုင်မှုအချိုးဖြင့် တွက်ချက်သည်။ လုပ်ငန်းစဉ်တစ်ခုစီမှ အချက်အလက်များကို ကမ္ဘာ့တန်ဖိုး အရှိဆုံး တယ်လီကွန်းအမှတ်တံဆိပ်များ၏ အဆင့်သတ်မှတ်ရန် အသုံးပြုပါသည်။
Brand Finance သည် Ooredoo Group ၏ brand valueကို ၂၀၁၃ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအမှတ်တံဆိပ်အဖြစ် စတင်မိတ်ဆက်ချိန်မှစ၍ အနီးကပ်စောင့်ကြည့်ခဲ့ပြီး ယခု Group သည် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးအမှတ်တံဆိပ် ၅၀ တွင် ခြောက်နှစ်မြောက်ဆက်တိုက် ပါဝင်လာနိုင်ခဲ့သည်။ ဒိုဟာအခြေစိုက်ဆက်သွယ်ရေး ဝန်ဆောင်မှုပေးအပ်သည့်ကုမ္ပဏီသည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှတစ်ဝှမ်းရှိ ဈေးကွက် ၁၀ ခုတွင် လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီများရှိပါသည်။
Ooredoo Group သည်အဓိကကျသောဗျူဟာမြောက်နယ်ပယ်များ အနှံ့ခိုင်မာသောတိုးတက်မှုဖော်ဆောင်ခြင်းကို ဈေးကွက်ဆိုင်ရာ လမ်းကြောင်းများ ပြောင်းလဲမှုများမှ ရရှိလာသော ဒစ်ဂျစ်တယ် အခွင့်အလမ်းများနှင့် ဒစ်ဂျစ်တယ် စနစ်ပြောင်းလဲဖော်ဆောင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်ခြင်းတို့ဖြင့် အခွင့်အရေးများအားဖမ်းဆုပ် ဆောင်ရွက် လျက်ရှိသည်။
၎င်း၏ မြန်ဆန်ပြီး လိုက်လျောညီထွေရှိသော နည်းလမ်းဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်ရန် မဟာဗျူဟာစီမံချက် နှင့်အညီကွန်ရက်များ၊ နည်းပညာနှင့် လူများတွင် ရင်းနှီးမြှုပ်နှံမှုသည် ကုမ္ပဏီအား အသွင်ပြောင်း ဒစ်ဂျစ်တယ် အတွေ့အကြုံများ ပေးအပ်နိုင်စေပြီး ၎င်းအား ကမ္ဘာ့ဈေးကွက်တွင် ထိပ်တန်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ် သူအဖြစ် ရပ်တည်စေနိုင်ခဲ့သည်။