My Ooredoo App ဖြင့် ကမ္ဘာ့ဖလား သွားရောက်ကြည့်ရှုနိုင်ရန်လက်မှတ်စောင်ရေ ၃၀ အား ကံစမ်းမဲဖောက်ပေးမည်

နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးမြန်မာအနေဖြင့် စိတ်လှုပ်ရှားဖွယ်လုပ်ဆောင်ချက်အသစ် များစွာ ပါဝင်သည့် My Ooredoo App ဗားရှင်းအသစ်ကို Let’s Go to World Cup ကံစမ်းမဲအစီအစဉ်နှင့်အတူ စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။
အသစ်ပြန်လည် မွမ်းမံထားသည့် My Ooredoo App ဗားရှင်းအသစ်တွင် ဖော်ပြပါ အဓိကလုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ် သည်။
(၁) ကလစ်နှစ်ချက်နှိပ်ရုံဖြင့် အလိုရှိရာကို အလွယ်တကူ ရှာဖွေနိုင်ခြင်း
ပက်ကေ့ချ် ဝယ်ယူရန်၊ လက်ကျန်ငွေစစ်ဆေးရန် (သို့) ဂိမ်းကစားရန် စသဖြင့် အရာရာတိုင်းကို ကလစ် ၂ချက်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်မည်။
(၂) လွယ်ကူရိုးရှင်းသည့် အသွင်အပြင်
လုပ်ဆောင်ချက်များအား အလွယ်တကူ နားလည်ရလွယ်ပြီး လွယ်ကူစွာ လုပ်ဆောင်နိုင်မည်။
(၃) ၂၀ စက္ကန့်အတွင်း M-ပိုက်ဆံ မိုဘိုင်းပိုက်ဆံ wallet ကို ဖန်တီးနိုင်ပြီး ချက်ခြင်းအသုံးပြုနိုင်မည်။ အူရီဒူးသုံးစွဲသူများ သာမက မိုဘိုင်းဝန်ဆောင်မှုအသုံးပြုသူတိုင်း ရယူသုံးစွဲနိုင်မည်။
(၄) M-ပိုက်ဆံ မိုဘိုင်းပိုက်ဆံ wallet ကို မြန်မာနိုင်ငံအတွင်း မည်သူ့ကိုမဆို ငွေလွှဲရန် အသုံးပြုနိုင်မည်။
(၅) App တစ်ခုတည်းဖြင့် အချိန်မရွေး ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ရယူခံစားနိုင်မည် – ဂိမ်းများ ကစားနိုင်မည်၊ ဗီဒီယိုများ ကြည့်ရှုနိုင်မည်၊ သီချင်းများနားထောင်နိုင်မည်။
(၆) My Ooredoo App သည် မြန်မာနိုင်ငံ၏Superapp ဖြစ်လာသည့်အတွက် လိုအပ်သည့်အရာတိုင်းကို App တစ်ခုထဲတွင် အစုံအလင်ရရှိနိုင်မည်။

Photo Source https://www.ooredoo.com.mm

အထက်ဖော်ပြပါအတိုင်း သုံးစွဲရလွယ်ကူသည့် My Ooredoo App ဗားရှင်းအသစ်တွင် ပေါင်းစည်းထားသည့် အွန်လိုင်းငွေကြေး လုပ်ဆောင်ချက်ပါဝင်သည်။ လက်ရှိ My Ooredoo App နှင့် M-ပိုက်ဆံ သုံးစွဲသူများအနေဖြင့် App တစ်ခုတည်းဖြင့် ဝန်ဆောင်မှုနှစ်မျိုးအသုံးပြုနိုင်မည်ဖြစ်သလို အခြားမိုဘိုင်းသုံးစွဲသူများအနေဖြင့်လည်း အဆင့်မြှင့်တင်ထား သော My Ooredoo App တွင် M-ပိုက်ဆံ ဝန်ဆောင်မှုကို အသုံးပြုကာ အွန်လိုင်းငွေကြေးလုပ် ဆောင်ချက်ကိုရရှိ အသုံးပြု နိုင်မည်ဖြစ်သည်။
ပိုမိုတိုးတက်လာသည့် သုံးစွဲသူအထူးပြုလုပ်ဆောင်ချက်များကြောင့် သုံးစွဲသူများအနေဖြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပိုမိုရိုးရှင်းစွာနှင့် မြန်ဆန်စွာ ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။
Let’s go to World Cup ကံစမ်းမဲအစီအစဉ်တွင် My Ooredoo App နောက်ဆုံးဗားရှင်းကိုရယူအသုံးပြုသူများအနေဖြင့် ကမ္ဘာ့ဖလား ၂၀၂၂ ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုနိုင်ခွင့်ကို ကံစမ်းရရှိနိုင်မည်ဖြစ်သည်။ ၎င်းကံစမ်းမဲအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်တွင် စတင်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အစီအစဉ်တစ်လျောက် ဆုကြီးများအဖြစ် သုံးစွဲသူများအား ၂၀၂၂ ခုနှစ်တွင် ကာတာနိုင်ငံ၌ ပြုလုပ်သွားမည့် ကမ္ဘာ့ဖလားသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်အောင် ခရီးစဉ် စီစဉ်မှုအပါအဝင် လက်မှတ် အစောင် (၃၀) နှင့်အတူ ဆုမဲပေါင်းများစွာ ပါဝင်မည်ဖြစ်သည်။
အစီအစဉ်အတွင်း အူရီဒူးမှ M-ပိုက်ဆံတွင် ပြန်အမ်းငွေလက်ဆောင်၊ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုနိုင်ရန်နှင့် SMS ပေးပို့နိုင်ရန်အတွက်သုံးနိုင်မည့် ပြန်အမ်းငွေလက်ဆောင်၊ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခွင့်တို့နှင့် ဆုကြီးများအဖြစ် ကမ္ဘာ့ဖလားလက်မှတ်များ အပါအဝင် ဆုမဲပေါင်း ၁၅,၀၀၀ ကျော်ကို ပေးအပ်သွားမည် ဖြစ်သည်။
ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ရန်မှာ လွယ်ကူပါသည်။ သုံးစွဲသူများအနေဖြင့် My Ooredoo Appနောက်ဆုံးဗားရှင်းကို ဒေါင်းလုပ်ဆွဲရယူပြီး “Let’s go to World Cup” ကဏ္ဍတွင် ပါဝင်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းတွင် ကံစမ်းမဲကူပွန်များကို ဖော်ပြပါလုပ်ဆောင်ချက်များ အတွက် ရရှိနိုင်မည်ဖြစ်ပါသည် – “Let’s go to World Cup” ကဏ္ဍတွင် ဖော်ပြထားသည့် Oomanji ဖုန်းခေါ်ဆိုမှုနှင့် ဒေတာအစီအစဉ်များ ဝယ်ယူခြင်း၊ Scan QR ဖြင့် ဖုန်းဘေလ်ဖြည့်ခြင်း၊ M-ပိုက်ဆံဖြင့် ဖုန်းဘေလ်ဖြည့်ခြင်း ၊ M-ပိုက်ဆံကို ကတ်ဖြင့် ငွေဖြည့်ခြင်း၊ M-ပိုက်ဆံ ကိုယ်စားလှယ်များထံမှ ဝယ်ယူခြင်း၊Supernet ဝန်ဆောင်မှုအတွက် ရက်၉၀စာ စာရင်းသွင်းခြင်း။ ဖော်ပြပါလုပ်ဆောင် ချက်များအား လုပ်ဆောင်ခြင်းဖြင့် သုံးစွဲသူများအနေဖြင့် ကံစမ်းမဲကူပွန်များကို စုဆောင်းနိုင်မည်ဖြစ်ပြီး ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်းများ တိုးပွားနိုင်မည်ဖြစ်သည်။
ကူပွန်များအားလုံးမှာ သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ပြီး အပါတ်စဉ် ကြာသပတေးနေ့တိုင်း ကံထူးရှင် ရွေးချယ်ပေး သွားမည့် အပါတ်စဉ်ကံစမ်းမဲအစီအစဉ်နှင့် အောက်တိုဘာလ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ကံစမ်းမဲအစီအစဉ်ကြီး တို့အတွက် အကြုံးဝင်မည်ဖြစ်သည်။
အစီအစဉ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.ooredoo.com.mm