Freelancer ဘဝကနေ စတင်ခဲ့တဲ့ Balance Sheet Application(Balance Sheet App ကိုစတင်ခဲ့သူ ကိုငြိမ်းချမ်းအောင် နှင့်အင်တာဗျူးဆောင်းပါး)

(အများဆုံးအသုံးပြုသင့်တဲ့ဆိုင်တွေကတော့ စက်ပ္စည်းဆိုင်တွေ ၊ ဖုန်းဆိုင်တွေ အိမ်ဆောက်ပစ္စည်းဆိုင်တွေပါ။ Categories အရမ်းမများတဲ့ဆိုင်တွေဆို သုံးရတာပိုပြီးတော့ အဆင်ပြေစေပါတယ်)
Balance Sheet Application ဆိုတာ ဆိုင်ပိုင်ရှင်များနှင့် အသေးစား၊အလတ်စား အရောင်းအဝယ်လုပ်ငန်းများ အတွက် ငွေစာရင်းများကို ရှင်းရှင်းလင်းလင်းစနစ်တကျ သိမ်းဆည်းပေးနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ တကယ်တမ်း ပွင့်ပွင့်လင်းလင်း ပြောရရင် စာအုပ်တွေ၊ ဘော့ပင်တွေအသုံးပြုပြီး စာရင်းဇယားတွေကို တွက်ချက်စရာမလိုအောင် ပြုလုပ်ထားတဲ့ Application တစ်ခုလို့လည်းဆိုနိုင်ပါတယ်။
Balance Sheet Application မှာ အရောင်းစာရင်း၊ အဝယ်စာရင်း၊ ပေးရန်ရှိအကြွေးစာရင်း၊ ရရန်ရှိ အကြွေးစာရင်း၊ အသုံးစရိတ်စာရင်း ဆိုပြီး စာရင်း ၅ ခုပါဝင်ပါတယ်။ App ရဲ့ Home ( Dashboard ) မှာ စာရင်း ငါးခုကို Auto တွက်ချက်ပေးပါတယ်။ စာရင်းတစ်ခုချင်းစီကို (လစဉ် / နှစ်စဉ်) အလိုက် စစ်ဆေးကြည့်ရှု့နိုင်ပြီး PDF ဖိုင်အနေနဲ့လည်း သိမ်းဆည်းနိုင်ပါတယ်။
Balance Sheet Application ကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာစတင်ဖြန့်ချိခဲ့တာဖြစ်ပြီး အရောင်း ဆိုင်ငယ် လေးတွေ စာရင်း ဇယားပိုင်းဆိုင်ရာကို မိုဘိုင်းဖုန်းနဲ့ အဆင်ပြေပြေအသုံးပြုနိုင်စေဖို့ ရည်ရွယ်စတင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ အခုဆိုရင်တော့ လက်ရှိအသုံးပြုနေသူ ၈၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံသားတွေတော့ ၁၀ ယောက်အောက်သာရှိပါတယ်။ ကျန်တာကတော့ နိုင်ငံခြားသားတွေဖြစ်ပါတယ်။ အသုံးအများဆုံးကတော့ India နိုင်ငံကဖြစ်ပါတယ်။

Photo Source.. Balance Sheet Appစတင်ခဲ့သူ ကိုငြိမ်းချမ်းအောင်

“ကျွန်တော် IT လောကကိုစရောက်တော့ Web Developer အနေနဲ့ပေါ့။ နောက်တော့ Mobile Application Development ဘက်ကို ပြောင်းလာခဲ့ပြီး Freelance စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ Balance Sheet Application လေးကတော့ ကျွန်တော့်ရဲ့ပထမဆုံး MobileApplication လေးဖြစ်ပါတယ်။ ဒီ App လေးကို ပြုလုပ်ဖို့ဘယ်လိုစိတ်ကူးရလဲ ဆိုတော့ ကျွန်တော် Web Developer လုပ်တုံးက POS System လေးတွေ ရေးခဲ့ရတော့ ဒီ Mobile Application ဘက်မှာလည်း စာရင်းဇယားပိုင်းနဲ့ဆိုင်တဲ့ App လေးတွေလုပ်ဖို့ စိတ်ကူးပြီး ဒီ Application ကိုစလုပ်ဖြစ်ခဲ့တာပါ” Application ကိုစတင်ပြု လုပ်ခဲ့သူ ကိုငြိမ်းချမ်းအောင်ကပြောပါတယ်။
လက်ရှိမှာ Balance Sheet Application ကိုအသုံးပြုသူများက သူတို့ရဲ့ Data တွေကို Cloud မှာ ထည့်သွင်းသိမ်းဆည်းနိုင် အောင်ပြုလုပ်ဖို့တောင်းဆိုလာကြပါတယ်။ အဲဒါကလည်း ဖုန်းအသစ်တစ်လုံးပြောင်းပြီး အသုံးပြုတဲ့အခါ အရင်သုံးထားတဲ့ စာရင်းဇယားတွေ ပျောက်ပျက်သွားမှာ စိုးရိမ်နေကြတာကြောင့်ပါ။
“ကျွန်တော့်အနေနှင့် ဒီ Application လေးမှာ Cloud Storage Function ထည့်ဖို့ဆိုရင် User တွေရဲ့ စာရင်းဇယား တွေကို စနစ်တကျနှင့် လုံလုံခြုံခြုံသိမ်းဆည်းထားပေးဖို့အတွက် Application Server တစ်ခုပြုလုပ်ဖို့လိုအပ်လာတာကြောင့် Application အတွက် ကုန်ကျစရိတ် တချို့ရှိလာနိုင်ပါတယ်။ ဒါကြောင့် Application ထဲမှာ ကြေငြာလေးထည့်ပြီး ဘတ်ဂျက် လိုင်းတစ်ခုဖွင့်ထားလိုက်ပါတယ်။ ဒီတော့ ကျွန်တော် သတ်မှတ်ထားတဲ့ ဘတ်ဂျက် ပမာဏ ကို ဒီ Application လေးက ရှာဖွေပေးနိုင်တဲ့ အခါ Cloud Data Saving လုပ်ဆောင်ချက်လေးကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်” ဟု ကိုငြိမ်းချမ်း အောင်က ပြောပြပါတယ်။
Balance Sheet Application ရဲ့ အားသာချက်ကတော့ပစ္စည်းစာရင်းကို ရိုက်ထည့်တဲ့နေရာမှာ လွယ်ကူမြန်ဆန်စေတဲ့ လုပ်ဆောင်ချက်တွေအပြင် စာရင်းတွေကို စာရင်းသဘောတရားအတိုင်း အတိအကျ တွက်ချက်ပေးထားတာ တွေပဲဖြစ်ပါတယ်။ Monthly ၊ Yearly Report တွေကို Pdf အနေနှင့်စနစ်တကျ သိမ်းဆည်းနိုင်တာတို့ တိုက်ရိုက် Print ထုတ်နိုင်တာတို့ကို ပြုလုပ်နိုင်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=com.technologygateway.balance

“အများဆုံးအသုံးပြုသင့်တဲ့ဆိုင်တွေကိုပြောရရင် စက်ပစ္စည်းဆိုင်တွေ ၊ ဖုန်းဆိုင်တွေ အိမ်ဆောက်ပစ္စည်းဆိုင်တွေ စသည်ဖြင့်ပေါ့။ ဆိုလိုတာက Categories အရမ်းမများတဲ့ဆိုင်တွေဆို သုံးရတာပိုပြီး အဆင်ပြေစေပါတယ်။ Categories အရမ်းများတဲ့ဆိုင်တွေကျတော့ ဖုန်းနဲ့ ဒီ Application ကိုသုံးရတာ အဆင်သိပ်ပြေမှာ မဟုတ်ဘူး” ဟု ကိုငြိမ်းချမ်းအောင်က ရှင်းပြပါတယ်။
Balance Sheet Application ဟာ Data တွေကို ဖုန်းတစ်လုံးနဲ့ တစ်လုံး Backup / Restore လုပ်လို့ရသလို မြန်မာစာ ( Unicode ) 100 ရာခိုင်နှုန်း support ပေးထားပါသေးတယ်။ ဒါ့အပြင် အပြင်လူမသိရှိနိုင်အောင် Password ခံထားလို့ရပါ တယ်။
“ကျွန်တော်က အသုံးပြုတဲ့သူတွေ ပိုမို ရှုပ်ထွေးသွားမှာစိုးတဲ့အတွက် လောလောဆယ် အခြား feature တွေထပ်မထည့်သေး ပါဘူး။ ဆိုင်တစ်ဆိုင်ရဲ့ အရောင်းစာရင်း၊ အဝယ်စာရင်း စတဲ့အရှုံးအမြတ်ကို ဦးတည်ပြီးပြုလုပ်ထားတာကြောင့်ပါ။ အရောင်းဆိုင်တွေအနေနဲ့ စာရင်းဇယားနဲ့ ပတ်သက်လာရင် ဒီ Application လေးကို စမ်းသုံးကြည့်စေချင်ပါတယ်။ သုံးရတာအဆင်ပြေ မပြေဆိုတာ အရင်စမ်းသုံးကြည့်ကြပါလို့ ပြောချင်ပါတယ်” ဟု ကိုငြိမ်းချမ်းအောင်က ပြောကြားခဲ့ပါ တယ်။
အောက်ပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.technologygateway.balance