ထွက်ရှိထားသော မြန်မာဂိမ်းအမျိုးအစားများ

Photo Source https://web.facebook.com/SuYadanar.Adventures

(၁) Su yadanar’s Adventures

မြန်မာကျောင်းသူလေးတစ်ယောက်နေရာကနေ ကစားရမှာပါ။ ဇာတ်လမ်းလေးကတော့ ကျောင်းမှာ စုရတနာတစ်ယောက် အိပ်ချင်လွန်းလို့ အိပ်ပျော်သွားပြီး အိပ်မက်ကမ္ဘာထဲရောက်သွားတာပါ။ အိပ်မက်ထဲမှာ အရာဝတ္ထုတွေကို ပျံသန်းပြီး ကျော်ဖြတ်သွားရတာမျိုးပါ။ PlayStore မှာ Download ပြုလုပ်သူပေါင်း တစ်သိန်းအထက်ရှိနေပြီဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် Su Yadanar’s Adventures Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို Play Store ကနေလည်း ဝင်ရောက်ရယူနိုင်ပါတယ်။ 

Photo Source https://web.facebook.com/play2support.mm

(၂) Play2Support

Game Play ကတော့ Color Switch နဲ့ Duet လိုဂိမ်းတွေကစားပြီး ကိုယ့်ရဲ့ Character ကိုအဝတ်အစားတွေ၊ လက်နက်တွေ၊ ဆေးဝါးတွေနဲ့ စားစရာတွေကို ဝယ်ယူပြီး ပြင်ဆင်ပေးရတဲ့ဂိမ်းလေးဖြစ်ပါတယ်။ ဂိမ်းဆော့လို့ ရတာတဲ့ ငွေကြေးတွေကိုလည်း အပြင်ကလိုအပ်တဲ့နေရာတွေမှာ ပြန်လည်ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် Play2Support Facebook Page နဲ့ Website မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ Download ရယူဖို့အတွက် Play Store ကနေဝင်ရောက်ရယူနိုင်ပါတယ်။ 

Photo Source https://bit.ly/3xsROO3

(၃) Cat Rescue

Cat Resue ကို Nway Oo Studio ကဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Cat Rescue အပြင် Nway Oo Quiz ဂိမ်းကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ Game Play ကတစ်ချိန်ကနာမည်ကြီးလူကြိုက်များခဲ့တဲ့ Candy Crush ပုံစံမျိုးပါပဲ။ အရောင်တူတဲ့ အတုံးလေးတွေကို ဖျက်ဆီးပြီး ကြောင်လေးတွေကို ကယ်တင်ပေးရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတစ်မျိုး ဖြစ်ပါတယ်။ Nway Oo Studio ရဲ့ အခြား အကြောင်းအရာတွေကို Play2Donate Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Play Store မှာလည်း Download ရယူနိုင်ပါတယ်။

Nway Oo Studio ရဲ့ Nway Oo Quiz ဂိမ်းကို Play Store ကနေ Download ပြုလုပ်ဆော့ကစားနိုင်သလို https://www.nwayooquiz.com/ ကနေလည်း ဝင်ရောက်ဆော့ကစားနိုင်ပါတယ်။ 

Photo Source https://bit.ly/3rbNh1E

(၄) End Game – Union

End Game – Union ကတော့ အိမ်မှာနေရင်း တော်လှန်ရေးတပ်သားတစ်ယောက်အဖြစ် ပါဝင်ကစားနိုင်မယ့် ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ အပေါ်ကဂိမ်းတွေနဲ့မတူတာက Shooter ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Third Person အနေအထားပစ်ခတ်ရမှာဖြစ်ပြီးတော့ ဂိမ်းမစတင်ခင်မှာ ကိုယ်ကိုင်ချင်တဲ့ သေနတ်မျိုးစုံကိုလည်း ရွေးချယ်လို့ ရပါသေးတယ်။ မြေပုံအနေနဲ့ Field Terrain, City Terrain, Military Terrain ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ ဂိမ်းဆော့လို့ ရှိလာရင် ဝင်ငွေတွေကို ဂိမ်းရဲ့ရည်ရွယ်ချက်အတိုင်း ရှေ့တန်းက တော်လှန်ရေးတပ်သားတွေကို ပြန်လည်ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ဂိမ်းနဲ့ပက်သက်တဲ့ အချက်အလက်တွေအတွက် Shoot and Support Facebook စာမျက်နှာမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ Download ဆွဲချင်သူတွေအတွက် Play Store နဲ့ Shoot and Support Website မှာ ဝင်ရောက်ရယူနိုင်ပါတယ်။