မေလ ၁၇ ရက်နေ့မှာထွက်ရှိလာတော့မည့် Apex Legends Mobile

Beta, Limited Regional Launch, Soft Launch အဆင့်ဆင့်ဖြတ်ကျော်ပြီးတဲ့နောက် မေလ ၁၇ ရက်နေ့မှာ Android နဲ့ iOS နှစ်ခုလုံးအတွက် Apex Legends Mobile ထွက်ရှိလာမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

Characters တွေအနေနဲ့ Apex Legends က Bangalore, Caustic, Gibraltar, Lifeline, Mirage, Pathfinder, Octane, Wraith, and Bloodhound တို့ပါဝင်မယ်လို့ သိရပါတယ်။ Mobile Exclusive Legend အဖြစ်သတ်မှတ်ထားတဲ့ Human Male Legend – Fade လည်းပါဝင်လာမှာဖြစ်ပါတယ်။ Phasing Punisher လို့လဲသိထားကြပါတယ်။ Legends ပေါင်း ၂၁ ယောက်အထိ ဖြည်းဖြည်းချင်းထည့်သွင်းသွားမယ်လို့လဲ သိရပါတယ်။

Classic Battle Royal Game mode တွေအတွက် Mobile Version မှာတခြား Game Mode တွေဖြစ်တဲ့Mini Battle Royal, Team Deathmatch, 3vs3 Arenas နဲ့ Ranked Battle Royal တွေပါဝင်မှာ ဖြစ်ပါတယ်။ 

Ranking System အနေနဲ့ Iron, Bronze, Silver, Gold, Platinum, Diamond, Master နဲ့ Apex Predator အဆင့် တွေပါဝင်လာမှာ ဖြစ်ပါတယ်။ Apex Predator Rank ကတော့ Server အတွင်း Rank Point အများဆုံးကစားသူတွေထဲက Top 750 ကတော့ Apex Predator ကိုရရှိမှာ ဖြစ်ပါတယ်။