CB Bank နှင့် အခြားပြည်တွင်းဘဏ်များအကြား စာရင်းပြောင်း (Transfer) အား CBM Net မှတစ်ဆင့် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်

CB Bank နှင့် ပြည်တွင်းရှိ အခြားဘဏ်များအကြား ဘဏ်မတူ စာရင်းဖွင့်လှစ်ထားသော Customer အချင်းချင်း စာရင်းပြောင်း (Transfer) ဖြင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပြည်တွင်းဘဏ် အချင်းချင်းအကြား CBM Net System နှင့် CTS Clearing System များကိုအသုံးပြု၍ အောက်ပါအတိုင်း CB Bank ဘဏ်ခွဲအားလုံးတွင် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည့်အပြင် ပမာဏ ကန့်သတ်ခြင်းနှင့် ဝန်ဆောင်မှု ယာယီရပ်ဆိုင်းခြင်းများလည်း မရှိခဲ့ဘဲ ဆက်လက်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ 

Photo Source https://web.facebook.com/CBBankmyanmar

၁။ ပြည်တွင်း အခြားဘဏ်များတွင်ရှိသော အပ်ငွေစာရင်းအသီးသီးမှ CB Bank ၏ မည်သည့်ဘဏ်ခွဲ Account ကိုမဆို စာရင်းပြောင်းထည့်သွင်းပေးခြင်း

၂။ CB Bank တွင် ငွေသားပေးသွင်း၍ အခြားဘဏ်များ၏ Account များသို့ ထည့်သွင်းခြင်း

၃။ CB Bank ၏ အပ်ငွေစာရင်းအသီးသီးမှ အခြားဘဏ်များ၏ Account သို့ ထည့်သွင်းခြင်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါပြီ။

CB Bank အနေဖြင့် ပမာဏကန့်သတ်ထားခြင်း၊ အစောင်ရေကန့်သတ်ထားခြင်း များမရှိပါ။ အသေးစိတ်ကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/CBBankmyanmar