အူရီဒူးအား FIFA World Cup Qatar 2022™ နှင့် FIFA Arab Cup Qatar 2021™ တို့၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိက တရားဝင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် သတ်မှတ်

ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာ အူရီဒူးသည် FIFA World Cup Qatar 2022™ နှင့် FIFA Arab Cup Qatar 2021™ တို့၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိက တရားဝင်ဆက်သွယ်ရေးအော်ပရေတာအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

အူရီဒူးမှ ၎င်းအရေးပါသည့် ထိပ်တန်းအားကစားပွဲကြီးများကို ပံ့ပိုးရန်ရွေးချယ်မှုသည် FIFA သို့ အူရီဒူးကုမ္ပဏီ၏ ကာလရှည်ကြာ ကတိကဝတ်များကို ပိုမိုခိုင်မာစေပါသည်။ အူရီဒူးသည် ကာတာ၌ FIFA Club World Cup™ ၂၀၁၉ နှင့် ၂၀၂၀ နှစ်များအတွက် နိုင်ငံလုံးဆိုင်ရာပံ့ပိုးသူလည်းဖြစ်ပါသည်။

အူရီဒူးကာတာ၏  Chief Commercial Officer ဖြစ်သူ Sheikh Nasser Bin Hamad Bin Nasser Al Thani မှ “ကမ္ဘာ့အကြီးဆုံး အားကစားပွဲနဲ့ ‌‌ဒေသတွင်း အကြီးမားဆုံး ဘောလုံးပွဲအတွက် အူရီဒူးမှ အဓိကပံ့ပိုးသူအနေနဲ့ ဒီတစ်ကြိမ် FIFA နဲ့ ထပ်မံလက်တွဲခွင့်ရတာကို အထူးပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်ုပ်တို့၏နိုင်ငံဟာဆိုရင် ကမ္ဘာ့အားကစားစင်မြင့်ပေါ်သို့ ရောက်ရှိတော့မှာဖြစ်တာကြောင့် ၂၀၂၁ နှင့် ၂၀၂၂  ခုနှစ်များမှာ ကာတာနိုင်ငံအပေါ် အားလုံးကမျက်စိကျနေတော့မှာဖြစ်ပါတယ်။ ဒါဟာ အူရီဒူး အတွက် ဆက်သွယ်ရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုတွင် ဦးဆောင်နိုင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မာစေရန်၊ ဒေသတွင်းပရိတ်သတ်များနှင့် ဆက်ဆံဆောင်ရွက်ရန်၊ မိမိတို့ နိုင်ငံကို အဓိကအရေးပါသည့် အားကစားအဝန်းအဝိုင်းအဖြစ် လူသိများအောင် ဆောင်ရွက်ဖို့နဲ့ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အားကစားတစ်ခုဖြစ်တဲ့ ဘောလုံးအားကစားကို ဆင်နွှဲဖို့တွေအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 

Photo Source www.ooredoo.com.mm

ကမ္ဘာ့အကြီးဆုံး အားကစားပြိုင်ပွဲဖြစ်သည့် FIFA World Cup Qatar 2022™ ကို  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်မှ ဒီဇင်ဘာလ (၁၈) ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ၎င်းသည် Arab world  တွင် ပထမဆုံးကျင်းပမည့် FIFA World Cup ဖြစ်လာမှာ ဖြစ်ပါတယ်။ ပျမ်းမျှ ပွဲကြည့်ပရိသတ် သန်း ၁၁၀ ကျော်ဖြင့် ကမ္ဘာ့လူဦးရေ၏ ၅၁% ကျော်သည် FIFA World Cup Russia 2018™ ကို ကြည့်ရှုခဲ့ကြသည်။

FIFA Arab Cup Qatar 2021™ တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၈) ရက်အထိ ဒေသတွင်း ထိပ်တန်းအသင်းပေါင်း ၁၆ သင်း ပါဝင်မည်ဖြစ်ပြီး ၎င်းသည် လာမည့်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်မှ ဒီဇင်ဘာလ (၁၈) ရက်အထိ ကျင်းပမည့် FIFA World Cup™ အတွက် အခြေခံ အဆောက်အဦနှင့် ပစ္စည်းပစ္စယအပြည့်အစုံဖြင့်အစမ်းလေ့ကျင့်မှုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်ပွဲများနှင့်ပါတ်သတ်ပြီး FIFA.com တွင် ပိုမိုဖတ်ရှုနိုင်ပါသည်။

အူရီဒူးသည့် ကာတာ၏ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်ပြီး မိုဘိုင်း၊ fixed၊ ဘရော့ဘန် အင်တာနက်နှင့်  သုံးစွဲသူများနှင့်စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့်အညီ ပုံဖော်ထားသည့် ကော်ပိုရတ်ဝန်ဆောင်မှုများ အား ပေးအပ်လျက်ရှိပါသည်။ လူမှုအသိုင်းအဝိုင်းများအား အလေးထားဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုဖြစ်ခြင်း ကြောင့် အူရီဒူးသည် “လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများ ရရှိအောင် ဖြည့်ဆည်း ပေးရန်” ဟူသည့် ၎င်း၏မျှော်မှန်းချက်နှင့် လူသားများအား ၎င်းတို့ ရရှိနိုင်မည့် အကောင်းဆုံးအခြေအနေများကို ရရှိပိုင်ဆိုင်နိုင်အောင် ဆက်သွယ်ရေးနည်းပညာအား အကောင်းဆုံးအသုံးချခြင်းဖြင့်  လူသားများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးလှုံ့ဆော်နိုင်မည် ဆိုသည့် ယုံကြည်ချက်တို့ဖြင့် လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။