ဆုလက်ဆောင်များရယူနိုင်သည့် MyLatSaung ဂိမ်းအား MytelPay အက်ပလီကေးရှင်းတွင် ထည့်သွင်း

ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်သော MytelPay သည် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် အသုံးပြုသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် MytelPay အက်ပလီကေးရှင်းမှတစ်ဆင့် ဆုလက်ဆောင်များကံထူးနိုင်မည့် အသစ် စက်စက် MyLatSaung ဂိမ်း အစီအစဉ်အား ထည့်သွင်းမိတ်ဆက်ထားကြောင်းသိရသည်။
MyLatSaung ဂိမ်း သည် MytelPay မှ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် MytelPay အသုံးပြုခြင်းဖြင့် လက်ဆောင်များ ရယူနိုင်အောင် ပြုလုပ်ပေးထားသည့် အထူးအစီအစဉ်တစ်ခု ဖြစ်ပြီး ထိုအစီအစဉ်မှ အထူးဆုများအဖြစ် iPhone 12 ၊ Playstation 5 ဆုများအပြင် Mobile Legends Skin များ၊ Mobile Legends Diamonds များ ၊ အခြားအခြားသော တယ်လီကွန်းဆုများ နှင့် E-money ဆုများ ကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Photo Source https://www.facebook.com/MytelPayOfficial

“MytelPay က အသုံးပြုသူတွေအတွက် အမြဲတမ်း အကောင်းဆုံး၊ ခေတ်အမီဆုံး၊ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ စိတ်ချရတဲ့ ဝန်ဆောင်မှုတွေအပြင် အခုလို စိတ်ဝင်စားစရာကောင်းပြီး အသုံးပြုသူတွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်တွေ လုပ်ပေးနိုင်အောင် အမြဲတမ်း ကြိုးပမ်းလျက်ရှိပါတယ်။ အခုလည်း MytelPay က ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း မှာ အသုံးပြုသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်သစ်တစ်ခုကို ထပ်မံမိတ်ဆက် ပေးလိုက်တာပါ။ ကျွန်မတို့ကတော့ ‘MyLatSaung’ လို့အမည်ပေးထားပါတယ်။ MytelPay အသုံးပြုတဲ့သူတွေကို ဒီအစီအစဉ်ကနေတဆင့် ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလမှာ လက်ဆောင်‌တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ MytelPay အသုံးပြုသူ တွေကိုလည်း ဆုကြီးတွေ ကံထူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ်ဖြစ်သူ ဒေါက်တာနီလာအေးမှ ယခုအစီအစဉ်အသစ်အတွက် ဂုဏ်ယူစိတ်လှုပ်ရှားစွာဖြင့် ပြောကြားသည်။
MyLatSaung’ ဂိမ်းသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ အားလပ်ရက်များတွင် MytelPay အက်ပလီကေးရှင်း မှတစ်ဆင့် လက်ဆောင်များ ရယူနိုင်အောင် ပြုလုပ်ထားသည့် ပရိုမိုးရှင်း ဂိမ်းတစ်ခု ဖြစ်ပြီး ဤပရိုမိုးရှင်း အစီအစဉ်ကို MytelPay အသုံးပြုသူတိုင်း ပါဝင်နိုင်မည်ဖြစ်သည်။ ပါဝင်ရမည့် နည်းလမ်းမှာ MytelPay အက်ပလီကေးရှင်းကို တစ်နေ့လျှင် တစ်ကြိမ် နေ့စဉ် login ဝင်ပြီး ငွေလွှဲဝန်ဆောင်မှုလုပ်ဆောင်ခြင်း၊ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ အွန်လိုင်းမှ ငွေသွင်းခြင်း၊ ငွေပေးချေမှုဆောင်ရွက်ခြင်း အစရှိသည့်တို့ကို ပြုလုပ်ရမည်ဖြစ်ပြီး အသုံးပြုသူများသည် ဆုလက်ဆောင်များ ကံထူးနိုင်မည့် အခွင့်အရေးတစ်ကြိမ် ရရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/MytelPayOfficial

ယခုပရိုမိုးရှင်း အစီအစဉ်တွင် နေ့စဉ် login ဝင်ခြင်းဖြင့် ဆုလက်ဆောင်များ ပိုမိုကံထူးနိုင်မည့် အခွင့်အရေးပိုမို ရရှိမည်ဖြစ်သည်။ ယခု ပရိုမိုးရှင်း အစီအစဉ်ကာလမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ဖြစ်ပါသည်။ ယခုကဲ့သို့ ဆုလက်ဆောင်များနေ့စဉ် ရယူရန်နှင့် အဆင်ပြေလွယ်ကူ၍ စိတ်ချရသော ငွေလွှဲဝန်ဆောင်မှုများ၊ ဖုန်းဘေလ်ဖြည့် သွင်းခြင်းများ၊ အွန်လိုင်းမှငွေသွင်းခြင်းများ၊ ငွေပေးချေမှုများ ပြုလုပ်နိုင်ရန် MytelPay အက်ပလီကေးရှင်း play store ဒေါင်းလုဒ်ဆွဲ၍ ရယူနိုင်ပါသည်။
MytelPay သည် ယခင်နှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးနိုင်ရန် အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော် ရှိနေပြီဖြစ်ပါသည်။ MytelPay ငွေလွှဲဝန်ဆောင်မှုကို မည်သည့် မိုဘိုင်းကွန်ရက် အသုံးပြုသူမဆို အသုံးပြုနိုင်မည်ဖြစ်သည်။ MytelPay အသုံးပြုသူများသည် မည်သည့် အော်ပရေ တာကိုမဆို ဖုန်းဘေလ်ဖြည့်နိုင်ခြင်းများ ပြုလုပ်နိုင်ပြီး နောက်ပိုင်းတွင်လည်း MytelPay Application ကို အသုံးပြုကာ ဘေလ်ပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များဝယ်ယူနိုင်ခြင်းတို့အပြင် online shopping များအတွက် ငွေပေးချေမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
Mytel သည် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု MytelPay ကို ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နိုင်ငံအဝှမ်းရှိ ပြည်သူများ အသုံးပြုနိုင်ရန် စတင်မိတ်ဆက်ခဲ့သည်။ MytelPay သည် ငွေလွှဲဝန်ဆောင်မှု တစ်ခုဆိုရုံသာမက သုံးစွဲသူများအတွက် နေ့စဉ်လူနေမှုဘဝတွင် ပြုလုပ်နေသော ရောင်းဝယ်မှုများ နှင့် ဒီဂျစ်တယ် ဆိုင် ရာဝန်ဆောင်မှုများ ရယူရာတွင် အသုံးပြုနိုင်သော ငွေပေးချေမှုဂေဟစနစ်တစ်ခု ဖြစ်လာပါသည်။ ယခုအခါတွင် MytelPay သည် မြန်မာနိုင်ငံအတွင်းရှိ ၉၂ ရာခိုင်နှုန်းသော မြို့နယ်များတွင် ဝန်ဆောင်မှုပေးလျက်ရှိပြီး နေ့စဉ်နှင့်အမျှ အေးဂျင့်အရေအတွက်မှာ တိုးတက်လျက်ရှိပါသည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/MytelPayOfficial တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။