MytelPay မှ ဥုံဖွ ဥုံဖွပရိုမိုးရှင်းအစီအစဉ်၏ ရွှေရောင် Suzuki ကားကံထူးရှင်ထံ လွှဲပြောင်းပေးအပ်

MytelPay သည် အသုံးပြုသူများအတွက် ငွေလွှဲရင်း ရွှေရောင် Suzuki ကား(၂)စီး၊ ၄၉ လက်မ Sony Smart TV များ ၊ Realme 6Pro Smartphone များ၊ E-money ဆုများ နှင့် Mytel ၏ အခြားဆက်သွယ် ရေးဝန်ဆောင်မှု ဆုလက်ဆောင်များ ရရှိနိုင်မည့် ဥုံဖွ ဥုံဖွပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၅ ရက် နေ့မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပရိုမိုးရှင်းအစီအစဉ်၏ Grand Prize ဖြစ်သည့် ရွှေရောင် Suzuki ကား ဒုတိယမြောက် ပိုင်ရှင် လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၉ရက်နေ့က မန္တလေးမြို့ရှိ Mytel ရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သည့် ဒုတိယမြောက် ကံထူးရှင် ဦးမင်းမင်းထွန်း အား MytelPay ၏ တာဝန်ရှိသူများမှ ရွှေရောင် Suzuki ကားကို လွှဲပြောင်းပေးအပ်ခဲ့သည်။

Photo Source https://www.facebook.com/MytelPayOfficial

MytelPay က လုံခြုံစိတ်ချမှုရှိသော ငွေကြေးဝန်ဆောင်မှုများအပြင် အသုံးပြုသူများကို အကျိုးရှိစေမည့် ခေတ်အမီဆုံးနှင့် အကောင်းဆုံးသော စိတ်ဝင်စားစရာကောင်းသည့် အစီအစဉ်သစ်များကို ပြုလုပ်ပေးနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။ ယခုကဲ့သို့ ဆုလက်ဆောင်များကို ရယူရန်နှင့် အဆင်ပြေလွယ်ကူ၍ စိတ်ချရသော ငွေလွှဲ ဝန်ဆောင်မှုများ၊ ငွေပေးချေမှုများကို ပြုလုပ်နိုင်ရန်အတွက် အသုံးပြုသူများသည် onelink.to/mytelpay လင့်ခ် (သို့) Apple App Store (သို့) Google Play Store တို့မှ ဒေါင်းလုဒ်ပြုလုပ်ကာ MytelPay အက်ပလီကေးရှင်းအား ရယူသုံးစွဲနိုင်သည်။

Photo Source https://www.facebook.com/MytelPayOfficial

MytelPay ကို ယခင်နှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးနေသည့် အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော် ရှိနေပြီဖြစ်ပါသည်။ MytelPay ငွေလွှဲဝန်ဆောင်မှုကို မည်သည့် မိုဘိုင်းကွန်ရက် အသုံးပြုသူမဆို အသုံးပြုနိုင်မည်ဖြစ်သည်။ MytelPay အသုံးပြုသူများသည် မည်သည့် အော်ပရေတာ ကိုမဆို ဖုန်းငွေဖြည့်နိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း MytelPay Application ကို အသုံးပြုကာ ဘေလ်များပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များဝယ်ယူနိုင်ခြင်းတို့အပြင် online shopping များ အပြင် Digital Payment ဝန်ဆောင်မှု များလည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Photo Source https://www.facebook.com/MytelPayOfficial

Mytel သည် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု MytelPay ကို ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နိုင်ငံအဝှမ်းရှိ ပြည်သူများ အသုံးပြုနိုင်ရန် စတင်မိတ်ဆက်ခဲ့သည်။ MytelPay သည် ငွေလွှဲဝန်ဆောင်မှု တစ်ခုဆိုရုံသာမက သုံးစွဲသူများအတွက် နေ့စဉ်လူနေမှုဘဝတွင် ပြုလုပ်နေသော ရောင်းဝယ်မှုများ နှင့် ဒီဂျစ်တယ် ဆိုင်ရာဝန်ဆောင်မှုများ ရယူရာတွင် အသုံးပြုနိုင်သော ငွေပေးချေမှုဂေဟစနစ်တစ်ခု ဖြစ်လာပါသည်။ ယခုအခါတွင် MytelPay သည် မြန်မာနိုင်ငံအတွင်းရှိ ၉၂ ရာခိုင်နှုန်းသော မြို့နယ်များတွင် ဝန်ဆောင်မှုပေးလျက်ရှိပြီး နေ့စဉ်နှင့်အမျှ အေးဂျင့်အရေအတွက်မှာ တိုးတက်လျက်ရှိသည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
https://www.facebook.com/MytelPayOfficial