JOOX Application မှ ၂၀၂၀ ပြည့်နှစ်အတွက် JOOX 2020 Popular Song Award ရရှိသည့် သီချင်းများကိုထုတ်ပြန်ကြေညာ

JOOX Application မှ ၂၀၂၀ ပြည့်နှစ်အတွင်း မဲအများဆုံးရရှိခဲ့ကြသည့် ရေပန်းအစားဆုံး JOOX 2020 Popular Song Award ရရှိသွားသော တေးသီချင်း (၁၀) ပုဒ်၏ အမည်များကို ဇန်နဝါရီလ ၆ ရက်နေ့က JOOX Myanmar Facebook Page တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ပရိတ်သတ်များကိုယ်တိုင် ရွေးချယ်ထားသည့် JOOX 2020 Popular Song Award မဲအများဆုံးရရှိခဲ့သော တေးသီချင်းများမှာ (၁) Phyo Myat Aung (Agni) – ဒုတိယဘုရားသခင် (၂) Benjamin Sum- ပြန်တွေ့မယ့်ရက်(၃) ChanMyae MgCho – Falling (၄) Phyu Phyu Kyaw Thein – ထွက်သွားပါတော့ (၅) ALFA – SHAKE IT (၆) Esther Dawt Chin Sung – Unseen (၇) Ni Ni Khin Zaw – မောင် (၈) Ah Boy, ChanMyae MgCho – အငွေ့အသက်များ (၉) Eint Chit – ဘဝအဆက်ဆက် (၁၀) Aye Mya Phyu – လွမ်းနေလို့ စသည့်သီချင်းများဖြစ်သည်။

Photo Source https://www.facebook.com/JOOXMyanmar

JOOX 2020 Popular Song Award အတွက် ပရိတ်သတ်များကိုယ်တိုင် မဲပေးရွေးချယ်မှု ပြုလုပ်နိုင်သော အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ 00:00 နာရီမှ ဒီဇင်ဘာလ ၃၁ ရက် 23:59:59 နာရီထိ စုစုပေါင်းအစီအစဉ် ကာလ ၉ ရက် ကြာမြင့်အောင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မဲပေးရွေးချယ်မှုအစီအစဉ်မှာ JOOX Application တွင် ၂၀၂၀ ပြည့်နှစ်အတွင်း လူကြိုက်များ အောင်မြင်ခဲ့သော သီချင်းများကို မဲပေးရွေးချယ်နိုင်သည့် အစီအစဉ် ကဏ္ဍအောက်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ မဲပေးရွေးချယ်ခဲ့ကြရာတွင် JOOX အက်ပလီကေးရှင်းတစ်ခုထဲတွင်သာ မဲပေးရွေးချယ်ခဲ့ ကြခြင်းဖြစ်ပြီး အခမဲ့အသုံးပြုသူ (Free user) များအတွက် နေ့စဉ် တစ်နေ့တွင် မဲ အရေအတွက် ၁ဝဝ မဲပေးရွေးချယ်နိုင်ပြီး အခကြေးငွေဖြင့်အသုံးပြုသူ (VIP User) များအတွက် တစ်နေ့တွင် မဲ ၁၅၀ နေ့စဉ် မဲပေးရွေးချယ်ပိုင်ခွင့် ရရှိခဲ့ကြသည်။
JOOX မှ အထူးအစီအစဉ်အနေဖြင့် မဲပေးရွေးချယ်ခဲ့သူ ပရိသတ်များထဲမှ No.1 (Top Fan) ၁၀ ဦးကို Realme 6i နှင့် JOOX တစ်နှစ်စာ VIP အသုံးပြုခွင့်များကိုမေတ္တာလက်ဆောင်အနေနှင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ မိမိရွေးချယ် ပေး ထားသော မဲအရေအတွက် တူညီနေပါက အရင်ဆုံး မဲပေးထားခဲ့သူကသာလျှင် No.1 Top Fan နေရာကို ရရှိခြင်းဖြစ်သည်။ ဆု ရရှိခဲ့ကြသည့် Top Fan ၁၀ ဦး၏ စာရင်းကိုလည်း မဲအများဆုံးရရှိသည့် တေးသီချင်း (၁၀) ပုဒ်၏ အမည်များနှင့်အတူ JOOX မှ ၎င်းတို့၏ တရားဝင် Facebook Page တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော်တို့က ဒီနှစ်သစ်မှာ JOOX ရဲ့ ပရိတ်သတ်တွေ အတွက် ထူးထူးခြားခြားလေဖြစ်သွားအောင် JOOX 2020 Popular Song Award မှာ မဲပေးခဲ့ကြတဲ့ ပရိတ်သတ်တွေထဲက Top Fan တွေကို လက်ဆောင်ပြန်ပေးတဲ့ အစီအစဉ်လေးလုပ်ထားတာဖြစ်တဲ့အတွက် အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နှစ်သစ်မှာ JOOX ကို အားပေးကြတဲ့ ပရိတ်သတ်တွေအားလုံး စိတ်ကျန်းမာခြင်း၊ ကိုယ်ချမ်းသာခြင်းတွေနဲ့ ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ JOOX မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ၂၀၂၁ မှာလည်း ကျွန်တော်တို့ အနေနဲ့ မနှစ်ကထက် ပိုမိုပြီး ထူးခြားကောင်းမွန်တဲ့ တင်ဆက်မှုတွေ၊ အစီအစဉ်အသစ်တွေနဲ့ မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်” ဟု JOOX Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ Mr. John Zhang က ပြောကြားသည်။

Photo Source https://www.facebook.com/JOOXMyanmar

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။ JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံ ကျော် နားဆင်လျက်ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများအလိုက် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာ သီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။
JOOX သည် သီချင်းချစ်သူများအတွက် ဖန်တီးပြုလုပ်ထားသော ဂီတ အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ JOOX သည် ကမ္ဘာတစ်ဝန်းလုံးရှိ သီချင်းပေါင်း သန်း ၃၀ ကျော် ထည့်သွင်းထားပြီး မိမိ အကြိုက်ဆုံး အနုပညာရှင်များ၊ သီချင်းများ၊ အယ်လ်ဘမ်များနှင့် စိတ်ကြိုက် ရွေးချယ်ထားသော Playlist များနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ အသုံးပြုသူများသည် မိမိ၏ အကြိုက်၊ စိတ်ခံစားမှုတို့နှင့် ကိုက်ညီအောင် အကြံပြုပေးသော သီချင်းများနှင့် ရေဒီယိုလိုင်းများမှ တစ်ဆင့် ကောင်းမွန်သော သီချင်းသစ်များကို ရှာဖွေတွေ့ရှိနိုင်သည်။ JOOX ကို iOS, Android နှင့် Desktop (Windows / Mac) တို့တွင် ရရှိနိုင်ပြီဖြစ်သောကြောင့် အသုံးပြုသူများသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အရည်အသွေးမြင့် ဂီတ အတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။