JOOX App မှ The Boombox Entertainment နှင့် ပူးပေါင်းထုတ်လုပ်သည့် The X-Hibition JOOX Original Album ကို ထုတ်ပြန်ကြေညာ

JOOX အက်ပလီကေးရှင်းမှ ၂၀၂၁ ခုနှစ်တွင် ပထမဦးဆုံးအနေဖြင့် ထွက်ရှိမည့် The X-Hibition JOOX Original Album အသစ်တွင် ဟစ်ဟော့နှင့် ပေါ့ပ်ဂီတအမျိုးအစားများပါဝင်မည်ဖြစ်ကာ X-Boxin၊ အဲလက်စ် ဒီရာမိုရ်၊ လန်ဘား၊ ဘန်ဂျမင်ဆုမ်နှင့် အိုင်ရင်းဇင်မာမြင့်တို့က ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် ပါဝင်သီဆိုထားသည်။
JOOX မှ အဆိုပါ အယ်လ်ဘမ်ကို The Boombox Entertainment နှင့်အတူ ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပြီ ယင်း အယ်လ်ဘမ်၏ ပထမဆုံးသီချင်းကို လာမည့် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် စတင်ထုတ်လွှင့်မည်ဖြစ်ကာ JOOX အက်ပလီကေးရှင်းတွင်သာ နားဆင်နိုင်မည်ဖြစ်သည်။
The X-Hibiton JOOX Original Album ၏ အဓိပ္ပာယ်မှာ အသစ်အသစ်ဖြစ်သော လတ်ဆတ်သည့် ရင်ခုန်စိတ်လှုပ်ရှားမှု အသစ်အဆန်းများကို သယ်ဆောင်လာပေးခြင်းဟူသည့် အဓိပ္ပာယ်ရသည်။ Boombox Entertainment သည့် Live Concert များ Show ပွဲများနှင့် များစွာသော Hip Hop Album များစွာကို ထုတ်လုပ်ပေးနေသော Entertainment Company ဖြစ်ပြီး ယခု ပူးပေါင်းထုတ်လုပ်မှုသည် JOOX နှင့် ပထမဆုံးအကြိမ် ပူးပေါင်းတင်ဆက်ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/JOOXMyanmar

“The Boombox Entertainment အနေနဲ့ မြန်မာပြည်မှာ နာမည်ကြီး Music Application တစ်ခုဖြစ်တဲ့ JOOX Application နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ၂၀၂၀ ဟာ ပရိသတ်တွေအားလုံး မပျော်ရွှင်ဖြစ်ခဲ့ရတဲ့ နှစ်ဖြစ်ခဲ့တဲ့အတွက် ၂၀၂၁ မှာ အကောင်းဆုံးတွေပေးဖို့ ရည်ရွယ်ချက်နဲ့ အမိုက်စားဖြစ်မယ့်သီချင်းလေးတွေကို လက်ရှိမြန်မာပြည်မှာ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် ၅ ဦးနဲ့ ဒီ Album လေးကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Own Tune တွေသာ ပါဝင်တဲ့ ဒီ The X-Hibiton JOOX Original Album လေးကို လူတိုင်းကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်” ဟု The Boombox Entertainment မှ Director ဖြစ်သူ ဦးပြည့်စိုးမှ ပြောကြားသည်။
“JOOX အနေနဲ့ ဒီကာလမှ နားဆင်သူတွေအတွက် အသစ်အသစ်ဖြစ်တဲ့ ဖန်တီးမှုတွေကို အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး တင်ဆက်နေခဲ့တာ အယ်လ်ဘမ် ၃ ခုရှိသွားပါပြီ။ အမြဲဆန်းသစ်တဲ့ ဖန်တီးမှုတွေကို ထုတ်ဖော်ပြသခွင့်ရတဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ ဝမ်းသာမိပါတယ်။ ဒီအယ်လ်ဘမ်ကိုလည်း အားလုံးပဲ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်” ဟု JOOX ၏ ပြောရေးဆိုခွင့်ရှိသူ Mr. John Zhang က ပြောကြားသည်။
JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။ JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံ ကျော် နားဆင်လျက်ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများအလိုက် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာ သီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/JOOXMyanmar

JOOX အက်ပလီကေးရှင်းမှ မကြာသေးမီက ၂၀၂၀ ပြည့်နှစ်အတွက် ပရိတ်သတ်များကိုယ်တိုင် မိမိနှစ်သက်သည့် တေးသီချင်း များကို စိတ်ကြိုက်မဲပေး ရွေးချယ်ထားသော တေးသီချင်း (၁၀) ပုဒ်ကို JOOX 2020 Popular Song Award ရွှေစင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်းတခြားသော လှုပ်ရှားမှုများမှာ သြဂုတ်လ ၃ ရက်မှ ၁၄ ရက် အတွင်း ပြုလုပ်ခဲ့သည့် ပထမနှစ်ဝက်ဆုပေးပွဲ၊ World Music Day အထိမ်းအမှတ် “Sounds of Happiness” နှင့် အိမ်မှာနေစဉ်အတွင်း စိတ်ပူပန်မှုများပပျောက်စေရန်နှင့် ကျန်မာရေးပညာပေးများကိုလိုက်နာနိုင်စေရန် စိတ်ခွန်အားပေးသည့် Covid -19 Playlist ကိုလည်း ဖန်တီးပေးခဲ့သည်။
JOOX သည် သီချင်းချစ်သူများအတွက် ဖန်တီးပြုလုပ်ထားသော ဂီတအက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ JOOX သည် ကမ္ဘာတစ်ဝန်းလုံးရှိ သီချင်းပေါင်း သန်း ၃၀ ကျော် ထည့်သွင်းထားပြီး မိမိ အကြိုက်ဆုံး အနုပညာရှင်များ၊ သီချင်းများ၊ အယ်လ်ဘမ်များနှင့် စိတ်ကြိုက် ရွေးချယ်ထားသော Playlist များနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ အသုံးပြုသူများသည် မိမိ၏ အကြိုက်၊ စိတ်ခံစားမှုတို့နှင့် ကိုက်ညီအောင် အကြံပြုပေးသော သီချင်းများနှင့် ရေဒီယိုလိုင်းများမှ တစ်ဆင့် ကောင်းမွန်သော သီချင်းသစ်များကို ရှာဖွေတွေ့ရှိနိုင်သည်။ JOOX ကို iOS, Android နှင့် Desktop (Windows / Mac) တို့တွင် ရရှိနိုင်ပြီ ဖြစ်သောကြောင့် အသုံးပြုသူများသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အရည်အသွေးမြင့် ဂီတ အတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။