နည်းပညာပိုင်းမှ တီထွင်ဆန်းသစ်လိုသူ လူငယ်များအတွက် မကြာမှီကျင်းပတော့မယ့် “New Next Hackathon 2023”

၂၁ ရာစုနည်းပညာခေတ်ကြီးမှာ သင်က နည်းပညာကိုစိတ်ဝင်စားတဲ့အပြင် စွန့်ဦးတီထွက်လိုစိတ်တွေ ပြင်းထန် နေတဲ့ လူငယ်တစ်ယောက်လား။ နည်းပညာပိုင်းနဲ့ပက်သက်တဲ့ App တွေ၊ Website တွေကို ခေတ်နဲ့အညီ တီထွင်ဖန်တီးရတဲ့ သဘောကျနှစ်သက်တဲ့ လူငယ်တွေအတွက် Hackathon ပြိုင်ပွဲပြီးကို မကြာမှီ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Hackathon ဆိုတာကတော့ နည်းပညာပိုင်းကို စိတ်ဝင်စားသူတွေအတွက် တီထွင်ဆန်းသစ်တဲ့ Web, Apps နဲ့ အခြား Software တွေ၊ Application တွေကို အသင်းအစုအလိုက် ယှဉ်ပြိုင်တည်ဆောက်ကြရမယ့် နည်းပညာဆိုင်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

အခုကျင်းပပြုလုပ်မယ့် “New Next Hackathon 2023” ပြိုင်ပွဲကို New Next University ကကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ Theme အနေနဲ့ “Digital Entrepreneurship & Innovation” အဖြစ်သတ်မှတ်ထားပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာနဲ့ အိုင်ဒီဟာအသစ်တွေကို စူးစမ်းလေ့လာပြီး Digital Entrepreneur တစ်ယောက်အဖြစ် အနာဂတ်ရဲ့ပြဿနာတွေကို ပြေလည်စေမယ့်၊ တီထွင်ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို ယှဉ်ပြိုင် ရှာဖွေကြဖို့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ 

Image: New Next University

Hackathon ပြိုင်ပွဲဟာ ပြိုင်ပွဲဝင်တွေရဲ့ စွန့်ဦးတီထွင်လိုစိတ်ကို အသုံးချပြီး တီထွင်ဆန်းသစ်တဲ့ Digital Product တွေကို ဖန်တီးကြရမှာ ဖြစ်တဲ့အတွက် နည်းပညာနဲ့ စွန့်ဦးတီထွင်မှုပိုင်းကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသလိုသူ ဝင်ရောက်ယှဉ်ပြိုင်သင့်တဲ့ စွန့်ဦးတီထွင် နည်းပညာပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ 

အခွင့်အလမ်းတွေအနေနဲ့ ပြိုင်ပွဲဝင်တွေဟာ Industry Experts တွေဆီက အတွေ့အကြုံတွေ ပညာတွေကိုလည်း သင်ယူခွင့်ရရှိမှာ ဖြစ်သလို ကိုယ်နဲ့ ဝါသနာတူသူတွေနဲ့ Network တစ်ခုရအောင် ပြုလုပ်နိုင်ပြီး Digital Entrepreneur တစ်ယောက်အနေနဲ့ စတင်ဖို့ လိုအပ်တဲ့ အတွေ့အကြုံကောင်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ 

New Next Hackathon 2023 ပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအပြင် ရရှိမယ့် ဆုတွေကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 

စည်းမျဉ်းစည်းကမ်းများ

(၁) ကိုယ်ပိုင်အိုင်ဒီယာ၊ အတွေ့အကြုံအပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သော Business Idea ဖြစ်ရပါမယ်။

(၂) ကိုယ်ပိုင်ဖန်တီးမှု ဖြစ်ရပါမယ်။

(၃) မပြိုင်ဖူးသေးသော အိုင်ဒီယာ၊ ဖန်တီးမှု ဖြစ်ရပါမယ်။

(၄) Product တစ်ခု ဖန်တီးနိုင်ရပါမယ်။ (Minimum Viable Product ဖြစ်ရပါမယ်)

(၅)  ၂ ရက်လုံး ပါဝင်နိုင်ရပါမယ်။

(၆) Team တစ်ခုမှာ အနည်းဆုံး အဖွဲ့ဝင် 3 ယောက် ပါဝင်ဖို့လိုအပ်ပြီး ကိုယ်စိတ်တိုင်းကျ (သို့) NNU မှ သတ်မှတ်ပေးတဲ့အတိုင်း အသင်းဖွဲ့ရပါမယ်။

Image: New Next University

ဆုများ

ပထမဆု – ၁၀ သိန်းကျပ် + New Next University Scholarship 100% (MBA 1000 USD repaid, NCC and ABE(Full))

ဒုတိယဆု – ၇ သိန်းကျပ် + New Next University Scholarship 50%

တတိယဆု – ၅ သိန်းကျပ် + New Next University Scholarship 50%

Hackathon ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ မေလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး Registration Form ကို လင့်မှာ ဝင်ရောက်ပြီး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ Registration လက်ခံရရှိပြီး ပါဝင်ခွင့် ရရှိသူများကိုလည်း New Next University မှ မေလ ၁၅ ရက်နေ့မတိုင်ခင် Confirmation Email ပြန်လည်ပေးပို့မယ်လို့လည်း သိရပါတယ်။ “New Next Hackathon 2023” အကြောင်း အသေးစိ တ်အချက်အလက်တွေကိုလည်း https://www.facebook.com/newnextuniversity မှာဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။