Verification Process မှာ AI နဲ့ Video Selfie အသုံးပြုလာတော့မယ့် Tinder

Artificial Intelligence (AI) နည်းပညာတွေ တဖြည်းဖြည်းတိုးတက်လာပြီးတဲ့နောက်မှာ Application, Website နဲ့ Internet Browser တော်တော်များများမှာ AI တွေကို အသုံးပြုမှုက ပိုများလာပါတယ်။ Application တွေကို AI စနစ်ထည့်သွင်းပြီး အဆင့်မြှင့်တင်လာတဲ့အထဲမှာ Dating App တစ်ခုဖြစ်တဲ့ Tinder ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

Tinder App ကိုအသုံးပြုဖို့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေတင်ပြီးတဲ့နောက်မှာ Verify ပြုလုပ်ဖို့ အတွက်အသုံးပြုတဲ့ Photo Verification Feature မှာ AI ကို စတင်အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။ Photo Verification Feature မှာ အသုံးပြုသူတွေဟာ ခိုင်းစေတဲ့အတိုင်း ဓာတ်ပုံတွေရီုက်ကူးပြီး Verify ပြုလုပ်တာနဲ့ Verify ဖြစ်ကြောင်း အပြာရောင်အမှန်ခြစ်ကို ရရှိမှာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ အဆင့်မြင့် တင်လိုက်တဲ့အနေနဲ့ ဓာတ်ပုံကိုအသုံးပြုတာထက် Video Selfie ကိုအသုံးပြုပြီး Verify လုပ်ဆောင်နိုင်မယ့် လုပ်ဆောင်ချက်ကို အသုံးပြုသူတွေဆီ မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေဟာ သူတို့ရဲ့ Chat တွေကိုလည်း Photo Verified ပြုလုပ်ထားသူတွေအတွက် ပဲဖြစ်အောင် ကန့်သတ် ထားနိုင်မယ်လို့လည်း သိရပါတယ်။ 

Image: Tinder

AI Tool တွေကိုအသုံးပြုပြီး ဓာတ်ပုံအတုတွေပြုလုပ်တာလည်း ခေတ်စားလာတဲ့အတွက် ကုမ္ပဏီဘက်က အသုံးပြုသူတွေ App ကို ပိုပြီး လုံလုံခြုံခြုံအသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးတာဖြစ်ကြောင်းလည်း သိရပါတယ်။ 

Video Verification Feature မှာ AI စနစ်ဟာ အသုံးပြုသူပေးပို့လာတဲ့ ဗီဒီယိုတွေနဲ့ Profile Photo တွေကို တိုက်စစ်ပြီး မှန်ကန်မှုရှိမရှိကို ဆုံးဖြတ်ပေးမယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆောင်ချက်မှာ AI စနစ်က အသုံးပြုသူရဲ့ 3D ပုံစံမျက်နှာကို ဒီအတိုင်းတည်ရှိနေတဲ့ ဓာတ်ပုံနဲ့ တိုက်စစ်ပေးမှာ ဖြစ်ပါတယ်။ 

ဒီလိုလုပ်ဆောင်ချက် ထွက်ရှိလာတာနဲ့ Photo Veriy ပြုလုပ်လိုသူတွေဟာ Video Selfie ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ Upload Photo နေရာမှာ အစားထိုးထည့်သွင်းသွားမယ် လို့လည်း သိရပါတယ်။ 

အရင်က Photo Verified ပြုလုပ်ပြီး အပြာရောင်အမှန်ခြစ်နဲ့အသုံးပြုနေသူတွေဟာ ဒီအပြာရောင်အမှန်ခြစ်ကို ဆက်လက်ထိန်းသိမ်းထားရှိဖို့အတွက် Application ကို နောက်ဆုံး Version မြှင့်တင်ဖို့လိုတယ်လို့ ကုမ္ပဏီဘက်က ပြောကြားခဲ့ပါသေးတယ်။ ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုသူတွေကို Video Selfie လုပ်ဆောင်ချက်နဲ့ လုံခြုံမှုရှိအောင် ပြုလုပ်ပေးတာလည်း ဖြစ်သလို ပြန်လည်အသုံးပြုနေကြတဲ့ အသုံးပြုသူအဟောင်းတွေရဲ့ အသက်အရွယ်ကြောင့် ပြောင်းလဲသွားတဲ့ ဓာတ်ပုံတွေကိုလည်း စီစစ်စေမှာ ဖြစ်ပါတယ်။ 

ဒီလိုလုပ်ဆောင်ချက်ကို Update ပြုလုပ်တာအပြင် Tinder အနေနဲ့ Recommendation နေရာမှာ တခြား Photo Verified Member တွေကိုလည်း မြင်နိုင်စေမယ့် လုပ်ဆောင်ချက်ကို Message Setting မှာ မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေကို စာမပို့ခင် Photo Verify ပြုလုပ်ဖို့လည်း စေခိုင်းဦးမယ်လို့ သိရပါတယ်။ 

Tinder Gold Subscriber တွေအတွက်ကတော့ သူတို့ရဲ့ “Like” Page မှာ Photo Verified Member သီးသန့်ဖြစ်အောင် Filter ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။