ပူပြင်းလွန်းတဲ့ အခုလိုရာသီဥတုမျိုးမှာ ဆောင်ထားသင့်တဲ့ Application အမျိုးအစား (၄) မျိုး

အပူချိန် ၃၈ ကျော် ၄၀ ကျော်နဲ့ အရင်နှစ်တွေကထက် အပူချိန်အလွန်အမင်း လွန်ကဲလာတဲ့အတွက် ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ရာသီဥတုပူပြင်းလွန်းတာကလည်း အသက်ကြီးတဲ့ သူတွေအတွက်တင်မကပါဘူး လူငယ်တွေအနေနဲ့လည်း မပေါ့ဆသင့်တဲ့ ရာသီဥတုအခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခုလို အပူချိန်လွန်ကဲပြီး ပူပြင်းလွန်းတဲ့ ရာသီဥတုမျိုးမှာ ဆောင်ထားသင့်တဲ့ Application အမျိုးအစား (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Image: Myanmar Tech Press

မိုးလေဝသခန့်မှန်းဖော်ပြပေးတဲ့ Applications

အခုလို အပူချိန်လွန်ကဲလွန်းတဲ့အချိန်မျိုးမှာ နောက်ဆုံး Update ဖြစ်တဲ့ မိုးလေဝသခန့်မှန်းချက်တွေ၊ အပူချိန် တိုင်းတာချက်တွေနဲ့ သတိပေးချက်တွေကို သိထားဖို့က အရေးကြီးပါတယ်။ မိုးလေဝသခန့်မှန်းချက်တွေကို နာရီအလိုက် ရက်အလိုက် ကြိုတင်သိရှိထားတာကလည်း မိုးရာသီလိုအချိန်မျိုးမှာ အားသာချက်တစ်ခု ဖြစ်တယ် ဆိုပေမယ့် အခုလိုပူပြင်းလွန်းတဲ့အချိန်မျိုးမှာလည်း အပူချိန်မြင့်တဲ့အချိန်ကို အပြင်မထွက်ဘဲ အိမ်မှာ နေတာလို ဆောင်ရန် ရှောင်ရန်တွေကို သတိထားလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို Application တွေကို Install ပြုလုပ်ထားနိုင်သလို မိုးလေဝသခန့်မှန်းချက်ဖော်ပြပေးတဲ့ Smarwatch တွေကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ 

Image: Myanmar Tech Press

Hydration Reminder Applications

ပူပြင်းလွန်းတဲ့ရာသီဥတုမျိုးမှာ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ အပူလျှပ်ခြင်းတွေက ကာကွယ်ဖို့အတွက် ရေဓာတ်အမြဲဖြည့်တင်းနေဖို့ ကလိုအပ်ပါတယ်။ Hydration Reminder App တွေဖြစ်တဲ့ Water Tracker App တွေဖြစ်တဲ့ Water Reminder – Remind Drink, Water TIme Tracker & Reminder, Hydro Coach: Water Tracker, Water Tracker – Water Reminder စတဲ့ Application တွေကို အသုံးပြုပြီး ရေသောက်ဖြစ်အောင် သတိပေးနိုင်မှာ ဖြစ်ပါတယ်။ 

Image: Myanmar Tech Press

UV Index Applications

ရာသီဥတုအလွန်ပူပြင်းခြင်းဟာ နေကတစ်ဆင့် အားကောင်းမွန်တဲ့ UV Ray တွေလည်း ပါဝင်လာမှာ သေချာပါတယ်။ UV Ray တွေဟာ အသားလောင်ခြင်း၊ အရေပြားထိခိုက်ခြင်းတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ပေါ်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဘယ်လိုအချိန်မှာ UV Ray တွေများပြီး ဘယ်လိုအချိန်မှာ အပြင်သွားလာသင့်တယ်ဆိုတာကို ကြည့်ရှုနိုင်တဲ့ UVLens နဲ့ UV Index လို UV Index Application တွေကို Install ပြုလုပ်ထားသင့်ပါတယ်။

Image: Myanmar Tech Press

Air Quality Monitoring Applications

အခုလိုအချိန်မျိုးမှာ အပူချိန်လွန်ကဲလွန်းတာကြောင့် မီးဘေးအန္တရာယ်နဲ့ လေထုညစ်ညမ်းမှုကို ကြည့်ရှုသတိပေးနိုင်တဲ့ Application တွေကိုလည်း ဆောင်ထားသင့်ပါတယ်။ Download ပြုလုပ်ထားလိုသူတွေအနေနဲ့ IQAir Air Visual | Air Quality, Plume Labs: Air Quality App တွေအပြင် ဖုန်းမှာပါဝင်တဲ့ Google ရဲ့ Map Application ကတစ်ဆင့်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။