မြန်မာဈေးကွက်မှာ စတင်မိတ်ဆက်လိုက်တဲ့ Reno Series အသစ် OPPO Reno8 T “The Portrait Expert”

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ “The Portrait Expert” လို့ တင်စားခေါ်ဝေါ်ရတဲ့ Reno series အသစ် OPPO Reno8 T ကို မတ်လ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Official Launch Event ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၈၉၉,၉၀၀ ကျပ်နဲ့ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

OPPO Reno8 T ကို Sunset Orange နဲ့ Midnight Black အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူ နိုင်မှာဖြစ်ပြီး မတ်လ ၈ ရက်ကနေ ၁၂ ရက်အထိ Pre-order စတင်မှာယူနိုင်မှာဖြစ်ကာ Pre-order Gift အနေဖြင့် Sport Bag ကို အထူးလက်ဆောင်အနေနဲ့ ရရှိနိုင်မှာဖြစ်သလို တစ်ချိန်တည်းမှာပဲ OPPO Enco Buds2 ကို OPPO Reno8 T နဲ့ တွဲဖက်ဝယ်ယူမယ်ဆိုပါက ၁ သောင်းကျပ် လျှော့စျေး Gift voucher ရရှိမှာဖြစ်ပါတယ်။

Image: OPPO

“The Portrait Expert” ဆိုသည့်အတိုင်း  OPPO Reno8 T ဟာ ယခင် Reno Series ဖုန်းတွေ အားလုံးထက် သာလွန် တဲ့ 100 MP Portrait Camera ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး Landscape နဲ့ Portrait ဓာတ်ပုံတွေကို အရည်အသွေး ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Reno8 T ရဲ့ 100 MP Camera ဟာ ပုံရိပ်တွေကို ချဲ့ပြီး ရိုက်ကူးတဲ့အခါမှာတောင် အရည်အသွေး ကြည်လင်ပြတ်သားမှုကို ပေးစွမ်းမှာဖြစ်တဲ့အပြင် ကိုယ်ရိုက်ကူးထားတဲ့ ပုံတွေကို အရွယ်အစား စိတ်ကြိုက် ပြန်လည်ပြောင်းလဲပြင်ဆင်ဖြတ်တောက်လို့ ရပါသေးတယ်။ ကိုယ်ရိုက်ထားတဲ့ အသေးစိတ်ပေါ်လွင်နေတဲ့ ပုံထဲမှာ ကိုယ့်အတွက် မလိုအပ်တာတွေကို Crop လုပ်မယ်ဆိုရင် ဓာတ်ပုံ အရည်သွေး မကျသွားဘဲ စိတ်ကြိုက် ပြင်ဆင် ဖြတ်တောက်လို့ရပါတယ်။

Image: OPPO

OPPO Reno8 T မှာ 2 MP Depth Camera လဲ ပါဝင်သလို AI Portrait Retouching နဲ့ Bokeh effect Portrait လုပ်ဆောင်ချက်တွေ၊ ဘယ်လိုအခြေအနေမှာမဆို ကြည်လင် ပြတ်သားတဲ့ Selfie ပုံရိပ်တွေကို ရိုက်ကူးစေနိုင်မဲ့ 32 MP Front Camera နဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ အဆ ၄၀ ချဲ့ထွင် ရိုက်ကူးနိုင်မည့် 2MP 40x Microlens ပါဝင်လာတဲ့အတွက် သေးငယ်တဲ့ ကမ္ဘာက ပုံရိပ်တွေကို အသစ်အဆန်း အနေနဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။

OPPO Reno8 T ကို Sunset Orange နဲ့ Midnight Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်သလို Ultra Slim Design နဲ့ ထွက်ရှိလာခဲ့တဲ့အတွက် ကိုင်ဆောင်ရလွယ်ကူစေမှာဖြစ်ပါတယ်။ Sunset Orange အရောင်ဟာ လူငယ်တွေ ကြိုက်နှစ်သက်စေမဲ့ Premium Fiberglass-Leather Stitching Design နဲ့ ထုတ်လုပ် ထားပြီး ဘေးဘောင်တွေကို Metal Frame နဲ့ ပြုလုပ်ထားကာ ပုံမှန်သမားရိုးကျ သားရေကာဗာ များထက် ပိုမိုကျစ်လစ်ပြီး ပိုမို ပေါ့ပါးစေပါတယ်။ Sunset Orange အရောင်မှာ သုံးထားတဲ့ Fiberglass-Leather ကို Alcohol နဲ့ ပွတ်တိုက် စစ်ဆေးမှု အကြိမ် ၅,၀၀၀၊ ဂျင်းစ နဲ့ ပွတ်တိုက်စမ်းသပ်မှု အကြိမ် ၂၀၀,၀၀၀ နဲ့ ခဲဖျက်နဲ့ ပွတ်တိုက်စမ်းသပ်မှု အကြိမ် ၁၀,၀၀၀ စတဲ့ ပွန်းပဲ့ဒဏ်ခံနိုင်ရည်စမ်းသပ်မှုတွေ များစွာကိုလဲ ပြုလုပ်စမ်းသပ်ခဲ့ပါတယ်။ Midnight Black အရောင်ကို တည်ငြိမ်တဲ့ အရောင်ကြိုက်နှစ်သက်သူတွေ အတွက် OPPO Glow Design နဲ့ ထုတ်လုပ်ထားပါတယ်။ OPPO ရဲ့ လှပတဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ Orbit Light လုပ်ဆောင်ချက်ကိုလဲ ယခု OPPO Reno8 T တွင် ထည့်သွင်းထားပြီး Notification တွေကို အရောင် ၈ မျိုး အထိ စိတ်ကြိုက်ရွေးချယ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

Image: OPPO

OPPO Reno8 T မှာ ကြီးမားတဲ့ 5000mAh Battery ထည့်သွင်းထားပြီး Type C အားသွင်းကြိုးနဲ့ အတူ OPPO ရဲ့ 5 Layer Protection နည်းပညာနဲ့ အားသွင်းမြန်စနစ် 33W SUPERVOOC ပါဝင်ပါတယ်။ MTK Helio G99 (6nm) နည်းပညာနဲ့ တည်ဆောက်ထားတဲ့ Octa-Core Processor ကို အသုံးပြု ထားပြီး 8GB RAM နဲ့ 128GB ROM ပါဝင်တဲ့အပြင် OPPO ရဲ့ RAM Expansion နည်းပညာပါဝင်မှာဖြစ်ပါတယ်။ ဒါပြင် ဖုန်းသုံးစွဲသူတိုင်းအတွက် ချောမွေ့တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အတွက် OPPO ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Android 13 ကို အခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS Version 13 ကိုလဲ အသုံးပြုပေးထားပါတယ်။ OPPO Reno8 T မှာ Ultra Mode ပါဝင်တဲ့ Dual Stereo Speaker ကိုလဲ ထည့်သွင်းပေးထားပါတယ်။

Image: OPPO

The Portrait Expert ဆောင်ပုဒ်နဲ့ ထွက်ရှိလာတဲ့ OPPO Reno8 T ကို မတ်လ ၈ ရက်ကနေ ၁၂ ရက်အထိ ၈၉၉,၉၀၀ ကျပ် နဲ့ Pre-order စတင်မှာယူနိုင်ပြီဖြစ်ပြီး မကြာမီ စျေးကွက်အတွင်း စတင်ဝယ်ယူနိုင်မဲ့ နေ့ရက်ကို လဲ OPPO ကနေ ထပ်မံ ကြေညာပေးသွားမှာဖြစ်ပါတယ်။ OPPO Reno8 T နဲ့ ပတ်သက်ပြီး ထပ်မံ သိရှိလိုပါက OPPO Myanmar ရဲ့ ဒီ လင့်ကနေ တစ်ဆင့် https://bit.ly/3mx7Gxz ဝင်ရောက် ကြည့်ရှုနိုင် ပါတယ်။