အသစ်လွင်ဆုံးစွမ်းဆောင်ချက်များနှင့် OPPO Reno8 T ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်ဝယ်နိုင်

“The Portrait Expert” လို့ တင်စားခေါ်ဝေါ်ရတဲ့ Reno series အသစ် OPPO Reno8 T ကို မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ၈၉၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ ကင်မရာ အရည်အသွေးပိုင်း အထူးမြှင့်တင်ထားရုံသာမက ဒီဇိုင်းပိုင်းမှာလဲ ဆန်းသစ်ခေတ်မီစွာနဲ့ ထွက်ရှိလာခဲ့တဲ့ OPPO Reno8 T ကို Sunset Orange နဲ့ Midnight Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Image: OPPO

OPPO Reno8 T ကို မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဝယ်ယူအားပေး‌သော Customer များအတွက် အထူးလက်ဆောင် အနေနဲ့ Desktop Speaker ကိုလည်း ရရှိဦးမှာဖြစ်သလို MPT Free Bonus Package တွေကို လက်ဆောင် ထပ်မံ ပေးသွားမှာဖြစ်ပါတယ်။ MPT SIM Card စတင်အသုံးပြုသူ Customer များအတွက် လက်ဆောင်အနေဖြင့် MPT Top up တစ်လကို အနည်းဆုံး ၅,၀၀၀ ကျပ် ဖြည့်သွင်းတိုင်း 3GB+100min (on-net) ကို တစ်လတစ်ကြိမ် စုစုပေါင်း ခြောက်လ အထိ (ခြောက်ကြိမ်)  ခံစားခွင့် ရရှိမည်ဖြစ်ပြီး လက်ရှိ MPT SIM အသုံးပြုလျက်ရှိသူ Customer များ အနေဖြင့် MPT Top up တစ်လကို အနည်းဆုံး ၅,၀၀၀ ကျပ် ဖြည့်သွင်းပါက 1.5GB+100min (on-net) ကို တစ်လတစ်ကြိမ် စုစုပေါင်း ခြောက်လအထိ (ခြောက်ကြိမ်) ခံစားခွင့်များကို OPPO ကနေ ပေးအပ်သွားမှာဖြစ်ပါတယ်။

OPPO Reno8 T မှာ ယခင် Reno series များနဲ့ မတူပဲ Main Camera 100 MP ပါဝင်လာပြီး တစ်မူထူးခြားတဲ့ အဆ ၄၀ ချဲ့ထွင်ရိုက်ကူးနိုင်စေမဲ့ 2MP 40x Microlens ပါဝင်လာပါတယ်။ OPPO Reno8 T မှာ 32 MP Front Camera နဲ့ 2MP Depth Camera ပါဝင်လာတဲ့အပြင် AI Portrait Retouching၊ Bokeh effect Portrait၊ Selfie HDR၊ Flash Snapshot စတဲ့ လုပ်ဆောင်ချက်တွေလဲ ပါဝင်လာမှာဖြစ်ပါတယ်။ OPPO Reno8 T ဟာ Sunset Orange နဲ့ Midnight Black ဆိုပြီး အရောင် ၂ ရောင် ထွက်ရှိလာပြီး Sunset Orange အရောင်ကို Premium Fiberglass-Leather Stitching Design နဲ့ ထုတ်လုပ်ထားကာ Midnight  Black အရောင်ကို OPPO Glow Design နဲ့ ထုတ်လုပ်ထားပါတယ်။

Image: OPPO

OPPO Reno8 T မှာ ဘက်ထရီအနေနဲ့ 5000mAh Battery ထည့်သွင်းထားပြီး Type C အားသွင်းကြိုးနဲ့ အတူ OPPO ရဲ့ 5 Layer Protection နည်းပညာနဲ့အတူ အားသွင်းမြန်စနစ် 33W SUPERVOOC ပါဝင်ပါတယ်။ OPPO Reno8 T မှာ MTK Helio G99 (6nm) နည်းပညာနဲ့ တည်ဆောက်ထားတဲ့ Octa-Core Processor ကို အသုံးပြုထားပြီး 8GB RAM နဲ့ 128GB ROM ပါဝင်တဲ့အပြင် လိုအပ်လာတဲ့အခါ App အသုံးပြုမှု ချောမွေ့စေဖို့အတွက် 8GB ထိ တိုးချဲ့နိုင်တဲ့ OPPO ရဲ့ RAM Expansion နည်းပညာပါဝင်ပါသေးတယ်။

OPPO Reno8 T မှာ OPPO ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Android 13 ကို အခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS Version 13 ကို အသုံးပြုထားတဲ့အတွက် ချောမွေ့တဲ့ ဖုန်းသုံးစွဲမှု အတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပြီး Background မှာ App 25 ခုကို တစ်ပြိုင်နက် လည်ပတ်နိုင်နေစေဖို့ ကူညီပေးမှာဖြစ်ကာ App တစ်ခုကနေ တစ်ခုသို့ ပြောင်းလဲအသုံးပြုတဲ့ အခါမှာလဲ နှေးကွေးသွားခြင်း မရှိဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် ColorOS 13 မှာ ပါရှိတဲ့ Smart Always-On Display မှာ ပိုမိုကောင်းမွန်တဲ့ Features အသစ်တချို့ကို ထည့်သွင်းပေးထားပါတယ်။ Reno8 T ကို Lock ချထားတဲ့ အချိန်မှာလဲ Always-On Display မှာရှိတဲ့ Spotify Music Control ကို အသုံးပြုပြီး သီချင်းဖွင့်တာတို့၊ ပိတ်တာတို့ကို Control လုပ်ဖို့ လွယ်ကူစေမှာဖြစ်ပြီး သီချင်းဖွင့်တာ၊ Pause လုပ်တာ၊ Lock Screen နဲ့ App Window ကို ဖွင့်စရာ မလိုပဲ Playlist တစ်ခုကို ရွေးပြီး သီချင်းဖွင့်တာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Reno8 T မှာ ပါဝင်တဲ့ Screen Translate Feature ဟာ Google Lens နဲ့ တည်ဆောက်ထားတာဖြစ်ပြီး မတူညီတဲ့ App တွေကြား ပြောင်းစရာ မလိုပဲ Sidebar ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ Screen တစ်ခုလုံးမှာရှိတဲ့ အကြောင်းအရာတွေကို ဘာသာပြန်ဆိုနိုင်မှာဖြစ်ကာ ဘာသာစကား ၁၀၀ ကျော် ပံ့ပိုးထားပါတယ်။ ဒီ Screen Translate ဟာ ပုံပေါ်မှာရှိတဲ့ စာသားတွေကိုပင် ဘာသာပြန်ဆို ပေးနိုင်ပါတယ်။ Reno8 T မှာ နောက်ထပ် ပါဝင်တဲ့ Auto Pixelate ဟာ Profile ပုံတွေ၊ Chat Screenshots တွေပေါ်က အမည်တွေကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ မှတ်သားထားကာ Pixelate လုပ်နိုင်ပြီး အချက်အလက်တွေကို Manually ဖျောက်ထားနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေမှာဖြစ်သလို ကိုယ်ရေးကိုယ်တာအချက်အလက်ကို အလွန်အကျွံ မျှဝေမိမှာ စိတ်မပူရပဲ Chat တွေကို တခြားသူတွေနဲ့ လွယ်ကူစွာ မျှဝေနိုင်မှာဖြစ်ပါတယ်။ ဒီအပြင် OPPO ရဲ့ 5-Grace Access Control ဟာ အသုံးပြုရ လွယ်ကူပြီး စွမ်းအားမြင့် Privacy Features တွေ အစုံအလင် ပါဝင်တဲ့အတွက် ဒေတာတွေကို ဘယ်သူမြင်နိုင်တယ်နဲ့ ဘယ်အချိန်မှာ မြင်နိုင်တယ်တို့ကို ပြီးပြည့်စုံစွာ ထိန်းချုပ်ပေးနိုင်ပါတယ်။

Image: OPPO

OPPO Reno8 T ရဲ့ ဖုန်းမျက်နှာပြင်ဟာ 6.4 လက်မ ရှိပြီး AMOLED Screen ကို 90Hz Refresh Rate နဲ့ လုပ်ဆောင်ထားတဲ့အတွက် Full HD Display ဖြင့် ရုပ်ရှင်၊ ဂိမ်းများကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်ပါတယ်။ Reno8 T မှာ Dual Stereo Speaker ကိုလဲ ထည့်သွင်းပေးထားပြီး Ultra Mode လဲ ပါဝင်ပါတယ်။

ယခင် Reno Series တွေမှာ မပါဝင်ခဲ့တဲ့ လုပ်ဆောင်ျက် အသစ်တွေကို ထည့်သွင်းထားတဲ့ OPPO Reno8 T ကို မြန်မာနိုင်ငံတွင် မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ၈၉၉,၉၀၀ ကျပ်ဖြင့် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။  OPPO Reno8 T နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar ရဲ့ ဒီ လင့်ကနေ တစ်ဆင့် https://bit.ly/3LlyvPB ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။