အူရီဒူးမြန်မာမှ Tech Age Girls အစီအစဉ်နှင့်အတူ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဆင်နွှဲ

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အနေဖြင့် အူရီဒူးမြန်မာမှ ၂၀၁၆ ခုနှစ် ကတည်းက စတင်ပံ့ပိုးလာခဲ့သည့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ် တစ်ခုဖြစ်သည့် Tech Age Girls မြန်မာ ၂၀၂၂-၂၀၂၃ မှ နောက်ဆုံးအဆင့်ဆုရ အမျိုးသမီးငယ်ဆယ်ဦးနှင့်အတူ ဆင်နွှဲခဲ့သည်။

အခမ်းအနားတွင် အူရီဒူးမြန်မာမှ ပံ့ပိုးပေးထားသည့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် “Tech Age Girls”အား မီးမောင်းထိုးပြသခဲ့ပြီး ၎င်းသည် အသက် ၁၆ နှစ်မှ ၂၀ ကြားရှိ အထူးသဖြင့် ကျေးလက်ဒေသနေ မြန်မာအမျိုးသမီးငယ်လေးများအား  နည်းပညာနှင့် ခေါင်းဆောင်မှုစွမ်းရည်များ မြှင့်တင်ပေးခြင်းဖြင့် အနာဂတ်တွင် မိမိတို့၏လူမှုအသိုင်းအဝိုင်းများကို ပြန်လည်အကျိုးပြုနိုင်မည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါသည်။

Image: ooredoo

Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ တွင် မြန်မာနိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်မှ စာကြည့်တိုက်ပေါင်း ၃၂တိုက်တွင် အမျိုးသမီးငယ် ၂၂၀ ဦးကို ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ပါဝင်သူတစ်ဦးတစ်ယောက်ချင်းစီသည် ၎င်းတို့၏ ရပ်ရွာလူထုအကျိုးပြုစီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ၎င်းစီမံကိန်းများသည် လူမှုပတ်ဝန်းကျင်အသီးသီးကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရေးဆွဲတင်ပြခြင်းဖြစ်သည်။ တင်ပြချက်များအပြီးတွင် ပါဝင်သူများအားလုံးမှ အမျိုးသမီးငယ် ၄၀ ဦးကို နောက်ဆုံးအဆင့်ဆုရရှိသူများအဖြစ် ရွေးချယ်ခဲ့သည်။ အူရီဒူးမြန်မာမှ နောက်ဆုံးအဆင့် ဆုရရှိသူများအား လက်ပ်တော့ တစ်ယောက်တစ်လုံးစီနှင့် ၎င်းလူမှုအကျိုးပြု စီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်ရန်ပုံငွေများကို ပံ့ပိုးပေးခဲ့သည်။

အခမ်းအနား၌ Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ ၏ နောက်ဆုံးအဆင့်ဆုရရှိသူများထဲမှ ၁၀ ဦးအား အူရီဒူးမြန်မာရန်ကုန်ရုံးသို့ဖိတ်ခေါ်ခဲ့ပြီး ပြခန်း booths များခင်းကျင်းခဲ့ကာ ၎င်းတို့၏ ရပ်ရွာလူထုအကျိုးပြုစီမံကိန်းများကို ရှင်းလင်းပြသခဲ့ကြပါသည်။ Tech Age Girls မြန်မာအစီအစဉ်မှ ပေးအပ်ခဲ့သည့် သင်တန်းများနှင့် နည်းပညာကျွမ်းကျင်မှုများဖြင့် ၎င်းအမျိုးသမီးလေးများသည် မိမိတို့၏လူမှုဝန်းကျင်အကျိုးအတွက် ဖော်ပြပါကဏ္ဍအသီးသီးတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကာ ပြန်လည်ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါသည် – ဒစ်ဂျစ်တယ် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ICT ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ် တတ်မြောက်ကျွမ်းကျင်မှု၊ ရွေ့လျားစာကြည့်တိုက်၊ စွန့်ဦးတီထွင်လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဗဟုသုတဖြန့်ဝေခြင်း၊ အမျိုးသမီးငယ်လေးများအတွက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်နှင့် ကျန်းမာရေးဗဟုသုတဖြန့်ဝေခြင်း စသည့်စီမံကိန်းများပါဝင်ပါသည်။

Image: ooredoo

အခမ်းအနားတွင် Tech Age Girls အစီအစဉ်အပြင် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဟောပြောဆွေးနွေးခြင်းများနှင့်အတူ လုပ်ငန်းတွင် ထိပ်တန်းခေါင်းဆောင်နေရာများ၌ အမျိုးသမီး များ ပါဝင်မှုနှုန်းတိုးမြင့်စေရန်၊ အမျိုးသမီးများ အချင်းချင်းရင်းနှီးမှုနှင့် ချိတ်ဆက်မှု တိုးတက်စေခြင်း၊ လမ်းညွှန်ပြသခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် ဗဟုသုတမျှဝေခြင်းတို့ဖြင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဗဟုသုတများဖွံ့ဖြိုးတိုးတက်အောင် စွမ်း‌ဆောင်ရည်မြှင့်တင်ပေးရန် နှင့် လုပ်ငန်းရှိ အမျိုးသမီးများအားလုံးအတွက် ကျန်းမာကောင်းမွန်သည့် လုပ်ငန်းခွင် လူမှုဘဝကို ပံ့ပိုးဖန်တီးပေးရန်  အူရီဒူးမြန်မာ၏ Women’s Club 2023 ကို မိတ်ဆက်ခြင်း အစီအစဉ်များ ပါဝင်သည်။