အူရီဒူးသည် FIFA World Cup Qatar 2022™ အတွက် တရားဝင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ချိတ်ဆက်ရေးဝန်ဆောင်မှု ပံ့ပိုးသူ ဖြစ်လာ

အူရီဒူးသည် FIFA World Cup Qatar 2022™ အတွက် တရားဝင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ချိတ်ဆက်ရေးဝန်ဆောင်မှု ပံ့ပိုးသူ (OfficialGlobal Connectivity Services Provider) ဖြစ်လာကြောင်း ကြေညာခဲ့သည်။

FIFA နှင့် the Supreme Committee for Delivery and Legacyတို့က အူရီဒူးကို ဒိုဟာနှင့် အခြားသောဆက်စပ်နေရာများဖြစ်သည့်ဥရောပရှိ လန်ဒန်၊Frankfurtနှင့် အာရှရှိ စင်္ကာပူတို့ကို ကမ္ဘာလုံးဆိုင်ရာအင်တာနက်ချိတ်ဆက်ပေးရန်အတွက် ရွေးချယ်ခဲ့သည်။

Photo Source https://www.facebook.com/OoredooMyanmar

ထိပ်တန်းတယ်လီကွန်း အူရီဒူးသည် ၎င်းအရေးကြီးသည့်ပွဲကြီးအတွက် ကာတာရှိ မီဒီယာအခွင့်အရေး လိုင်စင်ရရှိသူအားလုံးကို ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုဝန်ဆောင်မှုများ ပေးဆောင်သွားမည်ဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ ရုပ်သံဌာန ၅၀ ခန့်သည်လည်း ၎င်း၏ကွန်ရက်နှင့် ကာတာရှိ နိုင်ငံတကာ ရုပ်သံလွှင့်ဌာနနှင့်ချိတ်ဆက်ပြီး တိုက်ရိုက်ဗီဒီယိုဖိုင်များ နှင့်ဒေတာပေးပို့နိုင်မည်ဖြစ်သည်။

ဤအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အူရီဒူးသည် ရုပ်သံထုတ်လွှင့်သူများကို ရုပ်သံထုတ်လွှင့်နိုင်သည့်အဆင့်ရှိသော ဗီဒီယိုထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းအတွက် လိုအပ်သော အရည်အသွေးနှင့် ခံနိုင်ရည်ရရှိအောင် အထူးသီးသန့် multi-100 Gig နိုင်ငံတကာကွန်ရက်တစ်ခုကို တည်ဆောက်လျက်ရှိသည်။

ထုတ်လွှင့်သူများကို ပြိုင်ဘက်ကင်းသော ကမ္ဘာ့အဆင့်မီ အတွေ့အကြုံဖြင့် ပံ့ပိုးပေးနိုင်ရန် သေချာစေရန် အူရီဒူးသည် အားကစားပွဲကြီးများကို စီမံခန့်ခွဲရာတွင် ၎င်း၏ ကျွမ်းကျင်မှုနှင့် မီဒီယာစနစ် ပေါင်းစည်းသူများ၊ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ခိုင်မာသော အလုပ်ဆက်ဆံရေးနှစ်ခုလုံးကို အသုံးချသွားမည်ဖြစ်သည်။ အင်တာနက်ချိတ်ဆက်မှုနှင့် ထုတ်လွှင့်မှုကို ပံ့ပိုးပေးရန်အတွက် ၎င်း၏ခံနိုင်ရည်ရှိသော ကမ္ဘာ့စွမ်းရည်မြင့်ကွန်ရက်ကို အသုံးပြုမည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

ယခုလိုမျိုး ကမ္ဘာ့အဆင့်မီပွဲကြီးအတွက်တရားဝင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ချိတ်ဆက်ရေးဝန်ဆောင်မှုပံ့ပိုးသူ ( Official Global Connectivity Services Provider) အဖြစ် ရွေးချယ်ခံရခြင်း နှင့် FIFA နဲ့ SCDL တို့ရဲ့ အူရီဒူးအပေါ် အပြည့်အဝယုံကြည်မူများအတွက် အထူးတလည်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့၏ဂုဏ်သတင်းများဖြစ်သော ခိုင်မာပြီး ယုံကြည်စိတ်ချရသော ကွန်ရက်ဝန်ဆောင်မှုများ ပေးအပ်နိုင်ခြင်း နှင့် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာ မဟာဗျူဟာမြောက် ကတိကဝတ်များအတွက် အခြားသော အဓိကအားကစားပွဲများဖြစ်သည့်IAAF World Athletics Championship Doha 2019, FIFA Arab Cup Qatar 2021™ and F1 Ooredoo Qatar Grand Prix 2021တို့တွင်ခိုင်မာစွာသက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့နိုင်ငံက ဘယ်လိုစွမ်းဆောင်နိုင်တယ်ဆိုတာ ကမ္ဘာကို ထပ်မံပြသနိုင်အောင် စောင့်မျှော်လျက်ရှိပါတယ်” ဟု Sheikh Nasser Bin Hamad Bin Nasser Al Thani, Chief Business Officer, Ooredoo Qatar က ပြောကြားသည်။

“ကာတာနိုင်ငံမှ ထိပ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုလည်းဖြစ်၊ ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင် တိုးတက်မှုအမြန်ဆုံးကုမ္ပဏီများထဲမှတစ်ခုလည်းဖြစ်တဲ့ အူရီဒူးကို မီဒီယာအခွင့်အရေးလိုင်စင်ရရှိသူများအားလုံးကို ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုဝန်ဆောင်မှုများပေးအပ်ရန် ရွေးချယ်ရခြင်းအတွက် ကျွန်ုပ်တို့အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခင်ကလည်း အူရီဒူးနဲ့အတူလက်တွဲလုပ်ဆောင်ခဲ့ဖူးပြီး အူရီဒူးက ကောင်းမွန်တဲ့အရည်အသွေးနှင့် ရလဒ်တွေကိုပေးအပ်နိုင်ခဲ့သလိုအဓိက အားကစားပွဲများစွာမှာပရိသတ်များအတွက် အတွေ့အကြုံကောင်းများ ပေးစွမ်းနိုင် ခဲ့ပါတယ်။ အူရီဒူးနှင့် မိတ်ဖက်အဖြစ် လုပ်ဆောင်မယ့်FIFA World Cup Qatar 2022™ ပြိုင်ပွဲ တွင်လည်း ပြိုင်ဘက်ကင်းသော အောင်မြင်မှုကို သက်သေပြနိုင်မည်ဟု ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ‌ Mohammad Al Khater, Telecommunication and Broadcast Technology Manager, Supreme Committee for Delivery and Legacy မှလည်း  ပြောကြားသည်။