Ooredoo မှ မြန်နှုန်းမြင့် Supernet ဖိုင်ဘာအင်တာနက်ကွန်ရက်ကို ် မြို့အသစ်များ တွင်ထပ်မံတိုးချဲ့

အူရီဒူးမြန်မာမှ ၎င်း၏မြန်နှုန်းမြင့် Supernet ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများကိုမြန်မာနိုင်ငံတစ်ဝှမ်းတွင် ရရှိ အသုံးပြုနိုင်ရန် လက်ရှိဝန်ဆောင်မှုပေးအပ်လျက်ရှိသောရန်ကုန်နှင့် မန္တလေးရှိမြို့များအပြင် မြို့နယ်အသစ် ၂၇ မြို့သို့ ထပ်မံတိုးချဲ့ဝန်ဆောင်မှုပေးအပ်လိုက်ခြင်းကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းရှိမြို့နယ်ပေါင်း ၆၅ မြို့တို့တွင် အူရီဒူး၏ မြန်နှုန်းမြင့် Supernet ဖိုင်ဘာအင်တာနက် ကိုရရှိအသုံးပြုနိုင်မည်ဖြစ်သည်။
ထပ်မံတိုးချဲ့လိုက်သောမြို့နယ် ၂၇ မြို့မှာဗန်းမော်၊ ဟင်္သာတ၊သီပေါ၊ ကလော၊ ကျိုက်ထို၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ လားရှိုး၊ မိတ္ထိလာ၊ မိုးကုတ်၊ မိုးညှင်း၊ မုဒုံ၊ မြင်းခြံ၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ ညောင်ဦး၊ ညောင်ရွှေ၊ ပုသိမ်၊ ပြည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ တာချီလိတ်၊ တန့်ယန်း၊ တောင်ငူ၊ တောင်ကြီး၊ သံဖြူဇရပ်၊ ရေးမြို့တို့ပါဝင်သည်။

Photo Source https://www.ooredoo.com.mm

Supernet ဖိုင်ဘာသည် လုပ်ဆောင်ချက်အားဖြင့် ထိပ်တန်းအရည်အသွေးရှိသည့် ချိတ်ဆက်မှုကိုပေးအပ်နိုင်ရန် ခေတ်မီအဆင့်မြင့်ကောင်းမွန်သည့် ဖိုင်ဘာကွန်ရက်ကိုအသုံးပြုထားပြီး သင့်တင့်လျောက်ပတ်သည့် အစီအစဉ်များဖြင့် ဝန် ဆောင်မှုပေးလျက်ရှိသည်။ အူရီဒူးမှပေးစွမ်းနိုင်သည့် အကောင်းဆုံးသုံးစွဲသူအတွေ့အကြုံဖြင့် မြန်နှုန်းမြင့်အင်တာနက်ကို လူအများပိုမိုအသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် တိုးချဲ့လိုက်ခြင်းဖြစ်သည်။ အများပြည်သူ၏ ဒစ်ဂျစ်တယ်လူနေမှု ဘဝများအားပိုမို ကောင်းမွန်လာအောင်ဖြည့်ဆည်းပေးနိုင်ရန်ဖိုင်ဘာကွန်ရက်မှာ ပိုမိုအသုံးဝင်လာသည့်အတွက် အကျယ်ပြန့်ဆုံးကွန်ရက် လွှမ်းခြုံမှုနှင့်အကောင်းဆုံးဖိုင်ဘာအတွေ့အကြုံများကို သုံးစွဲသူမျာအားပေးအပ်နိုင်ရန်အတွက် အားစိုက် ဆောင်ရွက်လျက်ရှိသည်။

Photo Source https://www.ooredoo.com.mm

အူရီဒူးမြန်မာမှ မကြာသေးမီက Supernet ဖိုင်ဘာပရိုမိုးရှင်းအစီအစဉ်သစ်များကိုလည်းစတင် မိတ်ဆက်ခဲ့ပြီး ၎င်းတို့တွင် လျှော့ဈေးများအပြင် ခံစားခွင့်များစွာပိုမိုပါဝင်လာသည်။ သုံးစွဲသူသစ်များမှ အထူးလျှော့ဈေးများနှင့် အစီအစဉ်များကိုရရှိနိုင်မည်ဖြစ်ရုံသာမကတပ်ဆင်ထားပြီးသက်တမ်းထပ်မံတိုးမည့်သူများမှာလည်း ၅ ရာခိုင်နှုန်း ၊ ၁၅ ရာခိုင်နှုန်း (သို့) ၂၀ ရာခိုင်နှုန်းစသဖြင့် အထူးလျှော့ဈေးများကို သက်တမ်းတိုးကာလပေါ်တွင်မူတည်ပြီးရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အစီအစဉ်များအားလုံးတွင် ဒေတာ၊ အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုမှုမိနစ်များနှင့် SMS များစသည့် လစဉ်မိုဘိုင်း ခံစားခွင့်များ ပါဝင်မည်ဖြစ်သည်။
သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရန် Supernet ဖိုင်ဘာဝန်ဆောင်ခပေးချေမှု နည်းလမ်းသစ်တစ်ခုကိုလည်း မကြာသေးမီကစတင်ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါတွင် Supernet ဖိုင်ဘာ အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ အူရီဒူးမိုဘိုင်းဖုန်းဘေလ်ဖြင့် *5555#ကိုဖုန်းခေါ်ဆိုပြီးပိုမိုအဆင်ပြေချောမွေ့စွာ ပေးချေနိုင်မည်ဖြစ်သည်။ ၎င်းနည်းလမ်းဖြင့် ၁,၀၀၀ ကျပ်မှစတင်ပေးဆောင်နိုငမည်ဖြစ်ကာ ကြိုတင်ငွေဖြည့်စနစ် အသုံးပြုသည့် ဆင်းကတ်များဖြင့်သာလုပ်ဆောင်နိုင်မည် ဖြစ်သည်။
ဝန်ဆောင်မှုရရှိနိုင်သောမြို့နယ်များ၊ အစီအစဉ်များ၊ ပရိုမိုးရှင်းများနှင့် သုံးစွဲသူများအားပံ့ပိုးပေးနိုင်ရန် သတင်းအချက် အလက်များစသည့်အသေးစိတ်အကြောင်းအရာများအား https://ooredoo.com.mm/portal/en/supernetfibre တွင်ကြည့်ရှုနိုင်မည်ဖြစ်သည်။