Ooredoo Group မှ Mobile World Congressသို့ အောင်မြင်စွာတက်ရောက်ဆင်နွှဲ

သတင်းအချက်အလက်နည်းပညာအားထိပ်တန်းဝန်ဆောင်မှုပေးအပ်နေပြီး 5G တွင်ကမ္ဘာ့ရှေ့ဆောင်လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် အူရီဒူးသည် ၎င်း၏ သုံးစွဲသူအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင်တိုးမြှင့်ဖော်ဆောင်လျက်ရှိရာ Mobile World Congress ၂၀၂၂ ၌ လုပ်ငန်းနယ်ပယ်အတွင်းဩဇာရှိ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်များ၊ သဘော တူညီချက်များကိုပိုမိုခိုင်မာစေခဲ့သည်။
၎င်းပွဲ၏ အဓိကကဏ္ဍများဖြစ်သည့် 5G Connect၊ Advancing AI နည်းပညာ၊ Cloud Net ၊ FinTech ၊ Internet of Everything နှင့် Tech Horizon တို့ဖြစ်သည့် အားလျော်စွာအူရီဒူးမှ ၎င်းနှင့်လက်တွဲလုပ်ကိုင်လျက်ရှိသည့် မိတ်ဖက် လုပ်ငန်းများနှင့်သော်လည်းကောင်း၊ ၎င်းကဏ္ဍများနှင့်အညီအခွင့်လမ်းများဖော်ဆောင်ရန် အလားအလာရှိသည့် မိတ်ဖက် သစ်များနှင့်သော်လည်းကောင်း တွေ့ဆုံခဲ့သည်။
Group မှ ပွဲအတွင်းအများအာရုံစိုက်စေသည့် ကြေညာချက်များစွာကိုပြုလုပ်ခဲ့ပြီးထိပ်တန်းလုပ်ငန်းကြီးများနှင့် ထိပ်သီး အဆင့် ပူးပေါင်းဆောင်ရွက်မှုများကိုလက်မှတ်ရေးထိုးခဲ့သည်။ ပွဲအတွင်းအရေးပါသည့် ကြေညာချက်တစ်ခုမှာ အူရီဒူး အားအားကစားအဖွဲ့အစည်းကြီးဖြစ်သည့် FIFAနှင့် the Supreme Committee for Delivery and Legacy တို့မှ FIFA World Cup Qatar 2022™ အတွက် တရားဝင် ကမ္ဘာလုံးဆိုင်ရာအင်တာနက်ချိတ်ဆက်ရေးဝန်ဆောင်မှုပံ့ပိုးသူ (Official Global Connectivity Services Provider) အဖြစ် ဒိုဟာနှင့် အခြားသောဆက်စပ်နေရာများဖြစ်သည့် ဥရောပနှင့် အာရှတိုက်များအတွင်း ကမ္ဘာလုံးဆိုင်ရာအင်တာနက်ချိတ်ဆက်ပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

MWC တက်ရောက်သူများသည် အူရီဒူး၏ Ericssonနှင့် Nokia တို့နှင့် ပူးပေါင်းမှုများအားသိရှိခဲ့ရပြီး ၎င်းပူးပေါင်း ဆာင်ရွက်မှုများတစ်လျောက်အထူးသီးသန့် LTEကွန်ရက်ဖြင့် ဆီနှင့် ဓာတ်ငွေ့ဆိုင်ရာအက်ပလီကေးရှင်းများနှင့် လုပ်ငန်း ဆောင်တာများကိုပံ့ပိုးပေးနိုင်နိုင် ပုံမှန်ဖြစ်သောfixed နှင့် မိုဘိုင်းကွန်ရက် အနေအထားများထက်ကျော်လွန်ကာ ဝေးကွာ သောနေရာဒေသများအထိပါ ရရှိနိုင်မှုမြင့်မားသောအသံနှင့် ဒေတာဝန်ဆောင်မှုများကိုပေးအပ်နိုင်မည်ဖြစ်သည်။
Toyota နှင့် KDDIတို့နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအသေးစိတ်အချက်အလက်များကိုလည်း မျှဝေခဲ့ပြီးအူရီဒူးအနေဖြင့် ကာတာမှ ချိတ်ဆက်ထားသောကားများအတွက် ဆက်သွယ်ရေးဝန်းဆောင်မှုပေးအပ်သူဖြစ်လာမည်ဖြစ်သည်။ အူရီဒူးနှင့် Google Cloud တို့မှ မဟာဗျူဟာမြောက် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာတစ် ခုကိုရေးထိုးခဲ့ပြီး ၎င်းသည်အူရီဒူး၏ ဒစ်ဂျစ်တယ်ထုတ်ကုန်များကိုပိုမိုအဆင့်မြင့်ကောင်းမွန်စေမည်ဖြစ်သည်။ MoU တွင် အူရီဒူးမှ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းဆောင်ရွက်သည့် နေရာများတစ်လျောက် သုံးစွဲသူများနှင့် လုပ်ငန်းများအတွက် ဝန်ဆောင်မှုများအားပိုမိုကောင်းမွန်စေရန် Google Cloud သည် အရေးပါသည့်နေရာမှ ပါဝင်မည်ဖြစ်သည်။
eSports ၏ ထူးခြားသောအလားအလာကောင်းများအတွက် လုပ်ငန်းနယ်ပယ်အတွင်းစိတ်လှုပ်ရှားမှုကိုထိန်းသိမ်းရာတွင် အူရီဒူးမှ ၎င်း၏ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်သည့်Ooredoo Nation – Gamers’ Land ၏အဆင့်မြှင့်တင်မှုတစ်ခုကို မျှဝေခဲ့ပြီး၊ သုံးပြီးငွေချေစနစ် အစီအစဉ်များအတွက် ဂိမ်းပိုင်းဆိုင်ရာထပ်မံတိုးချဲ့ထားသည်များအား စတင်မိတ်ဆက်မှု၊ Channel 0 ၏ စတင်မှု၊ Ooredootvပေါ်မှ အထူးသီးသန့် ဂိမ်းကဏ္ဍ၊ နောက်ဆုံးပေါ် Ooredoo Arenaပြိုင်ပွဲများ၊ ကာတာနှင့် ဒေသတစ်ဝှမ်းeSportsပြကွက်ကိုပံ့ပိုးပေးရန်အတွက် အားစိုက်ဆောင်ရွက်ချက်ကိုပိုမိုခိုင်မာစေရန် Dell Technologiesနှင့် ပူးပေါင်းဆောင်ရွက်မှုများစသည်တို့အပါအဝင် မကြာသေးမီကဆောင်ရွက်ချက်များကို မျှဝေခဲ့သည်။

SAP နှင့် စိတ်လှုပ်ရှားဖွယ် ပူးပေါင်းဆောင်ရွက်မှုကိုလည်းကြေညာခဲ့ပြီး ၎င်းပူးပေါင်းဆောင်ရွက်မှုမှ SAP သည်အူရီဒူး၏ လုပ်ငန်းလည်ပတ်မှုအရင်းအမြစ်များစီမံခန့်ခွဲခြင်း (ERP) အက်ပလီကေးရှင်းများကိုပေါင်းစည်းထားသည့် လုပ်ငန်းစဉ် အစအဆုံးတစ်လျောက် သုံးစွဲသူအတွေ့အကြုံကိုတိုးတက်ကောင်းမွန်စေရန် ဗဟိုပြု cloud ပလက်ဖောင်းသို့ စုစည်းပေးမည် ဖြစ်သည်။