Ooredoo မှ လုပ်ငန်းလည်ပတ်မှု အရင်းအမြစ်များ စီမံခန့်ခွဲခြင်း (ERP) ဖြေရှင်းချက်များကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန် SAP အား လုပ်ငန်းမိတ်ဖက်အဖြစ် ရွေးချယ်

Ooredoo Groupသည်လုပ်ငန်းလည်ပတ်နေသောကုမ္ပဏီဆယ်ခု၏ အများစုတွင်ပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လုပ်ငန်းအသွင် ပြောင်းရန်နှင့် လုပ်ငန်းလည်ပတ်မှုအရင်းအမြစ်များစီမံခန့်ခွဲခြင်း(ERP) ဖြေရှင်းချက်အားလုံးအတွက် SAP အား လုပ်ငန်းမိတ် ဖက်အဖြစ် ရွေးချယ်ကြောင်း ထုတ်ပြန်ထားသည်။
ကမ္ဘာ့အကြီးဆုံး လုပ်ငန်းသုံးဆော့ဖ်ဝဲလ်ကို ဝန်ဆောင်မှုပေးအပ်နေသည့် SAP သည် အူရီဒူးအတွက် အဓိကကျသော မဟာဗျူဟာပန်းတိုင်ဖြစ်သည့် ပြီးပြည့်စုံသော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို လွယ်ကူချောမွေ့စေရန် ဖြေရှင်းနည်း များစွာကိုလည်းကောင်း၊လုပ်ငန်းလည်ပတ်မှုအရင်းအမြစ်များစီမံခန့်ခွဲခြင်း(ERP)ဖြေရှင်းချက်အားလုံးကို ဗဟိုချုပ်ကိုင်ထား သော cloud ပလက်ဖောင်းသို့ ပေါင်းစည်း၍သော်လည်းကောင်း ဝန်ဆောင်မှုပေးအပ်မည်ဖြစ်သည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူများ၊ဝန်ထမ်းများနှင့် ပစ္စည်းသွင်းသူများ အားလုံး၏ အတွေ့အကြုံကို ပြည့်စုံကောင်းမွန်စေရန် ပေါင်းစည်းထားပြီး ဝန်ဆောင်မှုအလုံးစုံပါဝင်သည့် လုပ်ငန်းစဉ်များနှင့် စနစ်များအပြင် အလို အလျောက်စနစ်နှင့် အကောင်းဆုံးအကျိုးရှိအောင် အသုံးပြုခြင်းတို့အတွက် သင့်လျော်ကောင်းမွန်သည့် အခြေခံအဆောက် အဦကို ရရှိစေမည်ဖြစ်သည်။
အူရီဒူးအတွက်SAP ၏အဆိုပြုချက်သည်ဝန်ထမ်းများ၊ သုံးစွဲသူများနှင့်ပစ္စည်းသွင်းသူများ အတွေ့အကြုံမှ ၎င်း၏ ထုတ်ကုန် များ၊ ငွေကြေးနှင့် အိုင်တီပိုင်းဆိုင်ရာအထိ စီမံခန့်ခွဲမှုကိုပံ့ပိုးပေးနိုင်ရန်ပေါ့ပါးသွက်လက်ပြီး အလုံးစုံပါဝင်သည့် လုပ်ငန်း စဉ်များအား ဆောင်ရွက်နိုင်အောင်ပံ့ပိုးပေးရန် ပေါင်းစပ်ထားသောအက်ပလီကေးရှင်းများ၏ ဉာဏ်ရည်မြင့် စုစည်းမှု တစ်ရပ်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးအတွက်ကြီးမားသောမဟာဗျူဟာမြောက်စီးပွားရေးအကျိုးအမြတ်များကိုရရှိစေနိုင်ရန် RISE အက်ပ်လီကေးရှင်း အစုအစည်းတွင် S/4 HANA၊ SAP ၏လုပ်ငန်းလည်ပတ်မှု အရင်းအမြစ်များ စီမံခန့်ခွဲခြင်း(ERP)ဆော့ဖ်ဝဲလ်အပြင် SAP Ariba၊ ၎င်း၏ဝယ်ယူရေးနှင့်ထောက်ပံ့ရေးကွင်းဆက်ဖြေရှင်းချက်ပလက်ဖောင်းတို့ပါဝင်သည်။ SAP Successfactors သည်၎င်း၏ လာမည့်မျိုးဆက်သစ်လူသားအရင်းအနှီးစီမံခန့်ခွဲမှု (human capital) ဖြေရှင်းချက်ဖြစ်ပြီး SAP Business Technology Platform သည်ဒေတာဘေ့စ်နှင့်ဒေတာစီမံခန့်ခွဲမှု၊ ခွဲခြမ်းစိတ်ဖြာမှု၊ပေါင်းစပ်မှုနှင့် ဉာဏ်ရည်မြင့် နည်းပညာ များဖြစ်သည့် ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့်အလိုအလျောက်လုပ်ငန်းဆောင်ရွက်သည့်စနစ် (RPA) စသည့် ဉာဏ်ရည် မြင့်လုပ်ငန်းသုံးအက်ပလီကေးရှင်းများကို တစ်စုတစ်စည်းထဲစုစည်းပေးထားသည်။
“တိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်အောင်လုပ်ငန်းပိုင်းဆိုင်ရာပြောင်းလဲမှုများဖော်ဆောင်ရန် ကော်ပိုရိတ်မဟာဗျူဟာ၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် SAP ကဲ့သို့သော ကမ္ဘာ့ထိပ်တန်းဝန်ဆောင်မှုပေးသူများနှင့် မိတ်ဖက်များထူထောင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် တက်ကြွစွာကြိုးပမ်းလျက်ရှိပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုက အူရီဒူးရဲ့မဟာဗျူဟာမြောက် ပန်းတိုင်များ၏အောင်မြင်မှုဆီသို့ သွားရောက်ရာမှာ ပံ့ပိုးပေးနိုင်မည့် ခေတ်မီဆန်းသစ်သောနည်းပညာနှင့် ဆန်းသစ် တီထွင်မှုတို့ကို ရရှိစေနိုင်မှာဖြစ်သလို သုံးစွဲသူများနဲ့ လုပ်ငန်းမိတ်ဖက်များအားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုပေးအပ်နိုင်စေမှာ ဖြစ်ပါတယ်။ SAP နှင့် အချိန်ကာလကြာရှည်ပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု Ooredoo Group ၏ Managing Director နှင့် CEO ဖြစ်သူ Aziz AluthmanFakhroo က ပြောကြားသည်။
“အူရီဒူးရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဉ်မှာ အဓိကလုပ်ဆောင်ပေးသူဖြစ်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် မိပါတယ်” ဟု SAP SE ၏ CEO နှင့် Executive Board အဖွဲ့ဝင် Christian Klein မှ ပြောကြားသည်။