Samsung Galaxy S22 Series & Tab S8 Series ၏ Key Features များအကြောင်း

သပ်ရပ်တောက်ပလှသည့် CorningⓇ GorillaⓇ Glass Victus+ သတ္တုကိုယ်ထည်တွင် ကင်မရာမှန်ဘီလူးများအား တစ်သားတည်းချောမွေ့ပြေပြစ်စွာထည့်သွင်းတည်ဆောက်ထားသည့် Galaxy S22 Ultra သည် Samsung ၏ အဆင့်အမြင့်မားဆုံးသောစမတ်ဖုန်းဟူသည့် ပုံရိပ်ကိုသိသာပေါ်လွင်စေသည်။နာမည်ကျော် Galaxy Note series ၏လုပ်ဆောင်နိုင်စွမ်းများနှင့် Galaxy S series ၏ မြင့်မားသောစွမ်းဆောင်ရည်များအားပေါင်းစပ်ဖန်တီးထားသည့် Galaxy S22 Ultra သည်သုံးစွဲသူများ၏ဖန်တီးနိုင်စွမ်းများနှင့်လုပ်ငန်းဆောင်ရွက်မှုများအား သူမတူအောင် ကူညီထောက်ပံ့ ပေးသွားနိုင်မည်ဖြစ်သည်။ထို့အပြင် S series devices များတွင်ပထမဆုံးအကြိမ်အဖြစ် S Pen ကို စတင်အသုံးပြုလာနိုင် မည်ဖြစ်သည့်အတွက် မှတ်စုရေးမှတ်ခြင်းနှင့်ပုံဆွဲခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအားယခင်ထက် 70 ရာခိုင်နှုန်း lower Latency ဖြင့်နှောင့်နှေးမှုမရှိအသုံးပြုသွားနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/samsungelectronics

Galaxy S22 Ultra စမတ်ဖုန်းတွင်အသုံးပြုထားသော Dynamic AMOLED 2X adaptive 120Hz မျက်နှာပြင်သည် အမြင့်မားဆုံးအလင်းပမာဏအဖြစ် 1,750 nits အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး အသေးစိတ်ပုံရိပ်များကိုပင် အံ့အား သင့်ဖွယ် ကြည်လင်ပြတ်သားမှုအပြည့်ဖြင့်ကြည့်ရှုခံစားသွားနိုင်မည်ဖြစ်သည်။
ထို့အပြင် Galaxy S22 Ultra အားအသုံးပြု၍ မိမိ၏အမှတ်တရအခိုက်အတန့်များအား ဆိုရှယ်မီဒီယာတွင်ဖြစ်စေ၊ မိသားစုနှင့်ဖြစ်စေမျှဝေနိုင်ရန်အတွက် နေ့ရောညတွင်ပါ အရည်အသွေးအမြင့်မားဆုံးဓါတ်ပုံနှင့် ဗီဒီယိုကောင်းများကို ရိုက်ကူးနိုင်ပြီဖြစ်သည်။ စွမ်းဆောင်ရည်မြင့်ကျောဘက်ကင်မရာ ၄ လုံးနှင့်အတူညအမှောင်ထဲတွင်ပင် ကြည်လင်ပြတ်သား မှုအပြည့်ရှိသော ပုံရိပ်များကိုရိုက်ကူးနိုင်သည့် nightography၊ အဆ ၁၀၀ အထိအနီးကပ်ဆွဲယူရိုက်ကူးနိုင်သော 100 x Zoom လုပ်ဆောင်ချက်များနှင့် AI ပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှုများနှင့်ပေါင်းစပ်ဖွဲ့စည်းထားသည့် Galaxy S22 Ultra သည် အလင်းရောင်နည်းပါးသည့်အချိန်တွင်လည်း အပူအပင်မရှိရိုက်ကူးသွားနိုင်မည့်အပြင် ရိုက်ကူးပြီးသော ဓါတ်ပုံများကိုလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်ကဲ့သို့စိတ်တိုင်းကျပြုလုပ်ဖန်တီးနိုင်မည်ဖြစ်သည်။
နောက်ဆုံးပေါ် 4mn processor, စွမ်းဆောင်ရည်မြင့် 5,000 mAhဘက်ထရီနှင့် 45W Super-Fast Charging အားသွင်း စနစ်များဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည့် Galaxy S22 Ultra သည်ဂိမ်းဆော့သည့်အခါတွင်ဖြစ်စေ၊ Streaming ပြုလုပ်သည့်အခါတွင်ဖြစ်စေ၊ သို့မဟုတ်အလုပ်လုပ်ကိုင်ရာတွင်ဖြစ်စေ တစ်နေ့တာလုံးစိုးရိမ်စရာမရှိပဲ အမြင့်မားဆုံးသော ပြိုင်ဖက်ကင်းစွမ်းဆောင်ရည်များနှင့်လုပ်ဆောင်သွားးနိုင်စေရန် ကူညီပေးသွားနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/samsungelectronics

Galaxy S22 and S22+ စမတ်ဖုန်းများအားဉာဏ်ရည်မြင့် image processing စနစ်ပါရှိသည့် dynamic ကင်မရာများဖြင့် ဖွဲ့စည်းတည်ဆောက်ပေးထားသည့်အတွက် အမှတ်တရအခိုက်အတန့်တိုင်းအားလက်လွတ်မခံပဲ အကောင်းဆုံးရိုက် ကူးသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ ညဖက်ရိုက်ကူးနိုင်သော Nightography လုပ်ဆောင်ချက်များနှင့် Adaptive Pixel နည်းပညာများပါဝင်သော Galaxy S22 series ၏ကင်မရာများသည် ညအမှောင်မှာပင် အလင်းရောင်ပိုမိုရရှိစေနိုင်ပြီးအ သေးစိတ်ပုံရိပ်များနှင့် မှန်ကန်တိကျသောအရောင်များကိုရိုက်ကူးပုံဖော်ပေးနိုင်မည်ဖြစ်သည်။ Galaxy S22 နှင့် S22+ စမတ်ဖုန်း ၂ မျိုးလုံးတွင်စွမ်းဆောင်ရည်မြင့်ကင်မရာ၃လုံး (50MP main camera, 10MP tele-lens, နှင့် 12MP ultra-wide lens) တို့ကိုထည့်သွင်းတည်ဆောက်ထားသည့်အတွက် အရည်သွေးမြင့်ပုံရိပ်များအားအချိန်မရွေး ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။
Galaxy S22 နှင့် S22+ စမတ်ဖုန်း၂မျိုးစလုံးတွင် Dynamic AMOLED5 2X မျက်နှာပြင်ကို အသုံးပြုထားသည့်အတွက် ဂိမ်းဆော့ရာတွင်ဖြစ်စေ၊ ရုပ်ရှင်ကြည့်ရှုရာတွင်ဖြစ်စေ အကောင်းမွန်ဆုံးခံစားချက်များအားရရှိစေမည်ဖြစ်သည်။ Galaxy S22 နှင့် S22 + စမတ်ဖုန်းများတွင် အရည်အသွေးမြင့် 6.1”မျက်နှာပြင်နှင့် 6.6” မျက်နှာပြင်များအား အသီးသီးအသုံးပြု ပေးထားသည့် အပြင်ပြင်ပတွင်ရှိသောအလင်းရောင်ပမာဏအပေါ်မူတည်၍ အလိုအလျောက်ချိန်ညှိပေးနိုင်ပြီး Color Contrest ကိုပါ မြှင့်တင်ပေးနိုင်သောဉာဏ်ရည်မြင့် Vision Booster နည်းပညာကိုလည်းထည့်သွင်းပေးထားသည်။
ထို့အပြင် Galaxy စမတ်ဖုန်းများတွင်ပထမဦးဆုံးအကြိမ်အဖြစ်စွမ်းဆောင်ရည်မြင့် 4nm processor အားအသုံးပြုပေး ထားသည့်အတွက် Galaxy S22 နှင့် S22+ စမတ်ဖုန်းများသည်အလုပ်ခွင်တွင်ဖြစ်စေ၊ နေအိမ်တွင်ဖြစ်စေ အလုပ်အရှုပ်ဆုံးအချိန်များ၌ပင် လုပ်ငန်းဆောင်တာများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ပြီးမြောက်အောင် ကူညီလုပ်ဆောင်ပေးသွားနိုင်မည်ဖြစ်သည်။
Galaxy S22 စမတ်ဖုန်းများတွင်တစ်နေ့တာလုံးအသုံးခံသော 3,700 mAh ဘက်ထရီနှင့် 25W Fast Charging အားသွင်းစနစ်အား ထည့်သွင်းပေးထားပြီး အလားတူပင် Galaxy S22+ စမတ်ဖုန်းများတွင် စွမ်းဆောင်ရည်မြင့်မား သော4,500 mAhဘက်ထရီနှင့် 45W Super-Fast Chargingအားသွင်းစနစ်များအားထည့်သွင်းပေးထားသည့်အတွက် တစ်နေ့တာလုံးပူပန်ကြောင့်ကျမှုမရှိ စိတ်တိုင်းကျအသုံးပြုသွားနိုင်မည်ဖြစ်သည်။
အသစ်မိတ်ဆက်လိုက်သည့် Samsung Galaxy Tab S8 Series တွင်အမြင့်မားဆုံးသောစွမ်းဆောင်ရည်၊ အခြားသော နည်းပညာထုတ်ကုန်များနှင့် အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်သောဂေဟစနစ်နှင့်အတူအချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာနှင့် အကောင်းမွန်ဆုံးသောအသုံးပြုမှုအတွေ့အကြုံများကို ပေးအပ်နိုင်မည့် နည်းပညာများ၊ လုပ်ဆောင်ချက်များအား ထည့်သွင်းတည်ဆောက်ပေးထားသည်။ တက်ဘလက်မော်ဒယ်၃မျိုးစလုံးအား Snapdragon 8 Gen 1 နှင့်စွမ်းဆောင်ရည်မြင့်မျိုးဆက်သစ် super-fast 4nm processor များဖြင့်ဖန်တီးပုံဖော်ပေးထားသည့်အတွက် များစွာသောလုပ်ဆောင်ချက်များအား တစ်ချိန်တည်းမှာပင် အဆင်ပြေလွယ်ကူမှုအရှိဆုံးဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ Galaxy Tab S8 Ultra, Galaxy Tab S8+ နှင့် Galaxy Tab S8 မော်ဒယ်၃မျိုးလုံးတွင်အဆင့်မြှင့်တင်ထားသော S Penအားထည့်သွင်းပေးထားသည့်အတွက် latency မရှိသလောက်ဖြင့်စာရေးသားခြင်းများ၊ ပုံဆွဲခြင်းများအား လုပ်ဆောင်နိုင် မည်ဖြစ်သည်။
12 MP Ultra-wide ရှေ့ကင်မရာများ၊ 4K resolution ဗီဒီယိုဖုန်းခေါ်ဆိုမှုများအားလုပ်ဆောင်နိုင်မှု၊ နည်းပညာမြင့် ဆူညံသံလျှော့ချမှုနည်းပညာပါဝင်သည့်မိုက်ကရိုဖုန်း ၃ လုံးနှင့် auto-framing လုပ်ဆောင်ချက်များပါရှိသည့်အတွက်လည်း video conferencing အစရှိသည့်ဆောင်ရွက်ချက်များကိုလုပ်ဆောင်သည့်အခါတွင် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများအား ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် လိုအပ်သည့်အခါတွင်လည်းအခြားသော မော်နီတာတစ်လုံးနှင့် ချိတ်ဆက်၍လုပ်ဆောင်ချက်အများအပြားအားတစ်ပြိုင်နက်တည်းလုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။
Galaxy Tab S8 Series များတွင် Super AMOLED မျက်နှာပြင် (Galaxy Tab S8 Ultra – 14.6”, Galaxy Tab S8+ – 12.4”), TFT မျက်နှာပြင် (Galaxy Tab S8 – 11”) နှင့်120 Hz refresh rate ပါရှိသည့်အတွက် ပြိုင်ဖက်ကင်းသော အသုံးပြုမှု အတွေ့အကြုံများအားရရှိခံစားရမည်ဖြစ်သည့်အပြင် တစ်နေ့တာလုံး ပူပန်စရာမရှိအသုံးပြုနိုင်မည့်ဉာဏ်ရည်မြင့် ဘက်ထရီ (Galaxy Tab S8 Ultra – 11,200 mAh, Galaxy Tab S8+ – 10,900 mAh, Galaxy Tab S8 – 8,000 mAh) နှင့် 45W Super-Fast Chargingအားသွင်းစနစ်များလည်းပါရှိသည့်အတွက် ဂိမ်းကစားရာတွင်ဖြစ်စေ၊ လုပ်ဆောင်ချက် အများအပြားအားတစ်ချိန်တည်းဆောင်ရွက်ရာတွင်ဖြစ်စေအမြင့်မားဆုံးစွမ်းဆောင်ရည်များကိုပေးစွမ်းသွားနိုင်မည်ဖြစ်သည်။