ooredoo မှ products များ၊ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များအား အချိန်နှင့်တပြေးညီအသိပေးနိုင်ဖို့ Telegram Channel ကို စတင်အသုံးပြု

အူရီဒူးမြန်မာက တန်ဖိုးထားရသည့် သုံးစွဲသူများနှင့် အမြဲမပြတ်ဆက်သွယ်နေရန်နှင့် update သတင်းများ၊ အသစ်ထွက် ရှိလာတဲ့ ကမ်းလှမ်းချက်များနှင့် Package များအကြောင်းကို အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပေးနိုင်ရန်အတွက် Telegram channel ကို စတင်အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။
အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူးမြန်မာ၏ အထူးကမ်းလှမ်းချက်များအား ထပ်မံတိုးချဲ့လိုက်သည့် ဒစ်ဂျစ်တယ် channel မှ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်မည်ဖြစ်သည်။

Photo Source https://t.me/Ooredoo_Myanmar

Telegram channel သည် သုံးစွဲရလွယ်ကူပြီး မြန်မာပြည်သူများအကြား အသုံးများသည့် ဒစ်ဂျစ်တယ် channel တစ်ခုဖြစ်လာသည့်အတွက် အူရီဒူးမှ သုံးစွဲသူများအား အချိန်နှင့်တပြေးညီ ဆက်သွယ်အကြောင်းကြားနိုင်ရန် ထပ်တိုး အသုံးပြုခြင်းဖြစ်ပါသည်။
အူရီဒူးအနေဖြင့် လူတိုင်းအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ်လူနေမှုဘဝများရရှိအောင် ဖြည့်ဆည်းပေးရန် ဟူသည့် မျှော်မှန်းချက်နှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများ၊ မြန်မာပြည်သူများနှင့် အဆက်အသွယ်မပြတ်ရှိနေစေဖို့ ခေတ်မီ ဒစ်ဂျစ်တယ်နည်းလမ်းများကိုဖော်ဆောင် အသုံးပြုလျက်ရှိသည်။
Telegram channel ကို အောက်ပါ Link တွင်ဝင်ရောက်ချိတ်ဆက်နိုင်ပါသည်။
https://t.me/Ooredoo_Myanmar