အူရီဒူးမြန်မာက မြန်မာနိုင်ငံမှ Covid-19 ကပ်ရောဂါတိုက်ထုတ်နိုင်ရေးအတွက် ဆက်လက်ပံ့ပိုး

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင်ဝန်ဆောင်မှုများပေးအပ်လာသည့်၇နှစ်မြောက်အထိမ်းအမှတ်နှင့် ကုမ္ပဏီ၏ကတိက ဝတ်ဖြစ်သော မြန်မာပြည်သူတို့၏လူနေမှုဘဝများဖွံ့ဖြိုးရေးအတွက် ဆက်လက်ပံ့ပိုးပေးသည့်အနေဖြင့် ငွေကျပ်သိန်းပေါင်း နှစ်ထောင် (၂၀၀,၀၀၀,၀၀၀ိ/ကျပ်) ခန့် တန်ဖိုးရှိoxygen concentrators နှင့် oxygen cylinders များကို အများ ပြည်သူအသုံးပြုနိုင်ရန် အတွက်ပရဟိတအဖွဲ့အစည်းများမှတဆင့်လှူဒါန်းခြင်းဖြင့် မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက် ရေးတွင် ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။
ထို့အပြင် အူရီဒူးမြန်မာဝန်ထမ်းများမှပါဝင်လှူဒါန်းနိုင်ရန်အတွက် ရုံးတွင်းစုပေါင်းလှူဒါန်းနိုင်မည့် အစီအစဉ်တစ်ခု လုပ်ဆောင် ခဲ့ရာ အူရီဒူးမြန်မာဝန်ထမ်းများမှ ၎င်းတို့၏ဆန္ဒအလျောက်ကိုယ်ပိုင်လစာများမှထည့်ဝင်လှူဒါန်းခဲ့ကြပြီး စုစုပေါင်းရန်ပုံငွေ ကျပ်သိန်းနှစ် ရာ့ခြောက်ဆယ်(၂၆,၀၀၀,၀၀၀ိ/ကျပ်)ကျော်တန်ဖိုးရှိ ယင်းအသက်ကယ်ဆေးပစ္စည်းများအားစုပေါင်း လှူဒါန်း နိုင်ခဲ့သည်။

Photo Source https://www.linkedin.com/company/ooredoomyanmar

COVID-19 ကူးစက်ခံရသူများ၏အသက်ပေါင်းများစွာကိုကယ်တင်ရန် မရှိမဖြစ်လိုအပ်သည့် oxygen concentrators နှင့် oxygen cylinders များကို ပုဂံမြို့ရှိ ဆရာတော် ဦးဇောတိပါလနှင့် ပုဂံညီအစ်ကို/မောင်နှမများ လူမှုကူညီရေးအသင်း၊ ဧရာဝတီတိုင်း ဒေသကြီးမအူပင်မြို့နယ်ရှိ ကရုဏာလူမှုကူညီရေးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းစသည့် ပရဟိတအသင်းများအား COVID-19 ရောဂါခံစားနေရသော လူမှုအသိုင်း အဝိုင်းများအား အကူအညီများပေးရန်အတွက် လှူဒါန်းခဲ့သည်။ အူရီဒူးမြန်မာအနေဖြင့်အခြားသောပရဟိတ အဖွဲ့များမှ တဆင့်အများပြည်သူအတွက် ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်။
“အူရီဒူးမြန်မာအနေနဲ့ COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ‌မြန်မာပြည်သူများ COVID-19 ကိုတွန်းလှန် ကာကွယ် တားဆီးနိုင်ဖို့ အတွက်ကူညီပံ့ပိုးပေးနေခဲ့တာဖြစ်ပြီး ယခုထပ်မံလှူဒါန်းမှုက အူရီဒူးမြန်မာရဲ့ကူညီ ထောက်ပံ့မှု အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလှူဒါန်းမှုကနေCOVID-19ကူးစက်ခံနေရသူတွေအတွက်လိုအပ်တဲ့ အရေးကြီးတဲ့ အောက် ဆီဂျင်တွေကိုရရှိအောင်ကူညီပံ့ပိုးပေးဖို့ မျှော်လင့်ပါတယ်။ အူရီဒူးမြန်မာအနေနဲ့ ယခုလို ခက်ခဲတဲ့ကာလမျိုး မှာသုံးစွဲသူတွေ အဆက်အသွယ်မပြတ်ရှိနေစေရန်နဲ့ မြန်မာနိုင်ငံနဲ့ပြည်သူတွေကိုကူညီပံ့ပိုးပေးနိုင်ဖို့ အလေးထားလုပ် ဆောင်သွားမှာဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ Covid-19 ကပ်ရောဂါတိုက်ဖျက်ရေးကိုပံ့ပိုးပေးရန်နှင့် ပြည်သူတို့၏အသက်များ ကိုကယ်တင်နိုင်စေရန် အတွက် oxygen concentrators နှင့် oxygen cylindersများကိုနိုင်ငံတစ်ဝန်းရှိ ယုံကြည်စိတ်ချ ရပြီးအကျိုး အမြတ်အတွက်မဟုတ်သောအဖွဲ့အစည်းများမှတစ်ဆင့်ဖြန့်ကြက်လှူဒါန်းပေးသွားမည်ဖြစ်သည်။

Photo Source https://www.linkedin.com/company/ooredoomyanmar

Covid-19 ဒုတိယလှိုင်းအတွင်းကလည်းအူရီဒူးမြန်မာနှင့်၎င်း၏ဝန်ထမ်းများမှ ကျပ်သိန်းပေါင်းနှစ်ထောင့်တစ်ရာ့ခြောက်ဆယ် (၂၁၆,၀၀၀,၀၀၀ိ/ကျပ်)ကျော်တန်ဖိုးရှိသည့် အသက်ရှူစက်များ၊ defibrillators များ၊ patient monitors များနှင့်အခြား အရေးပေါ်ဆေးပစ္စည်းများကိုပံ့ပိုးပေးခဲ့သည်။
အူရီဒူးမြန်မာ၏ COVID-19 တုံ့ပြန်ဆောင်ရွက်ချက်များနှင့်မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများကို ကူညီ‌‌‌ထောက်ပံ့မှုများအတွက် ၂၀၂၁ ခုနှစ် Asia-Pacific STEVIE®ဆုပေးပွဲတွင်SILVER STEVIE® Award forMost Valuable Corporate Response (Covid-19 Response) နှင့် Global CSR Excellence&Leadership Awards တွင် Best COVID 19 Solutions for Community Care Award၊ ၂၀၂၀ ပြည့်နှစ်International Business Awardsတွင် Most Valuable Corporate Response အတွက်Bronze STEVIE®Award တို့ကိုရရှိခဲ့သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.linkedin.com/company/ooredoomyanmar