အူရီဒူးမြန်မာမှ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်

Ooredoo Group မှ ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ကာတာရီရယ် (QAR) ၃၀ဘီလီယံ ဝင်ငွေရရှိကြောင်း ထုတ်ပြန် ကြေညာ ထားသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ တစ်နှစ်တာဝင်ငွေသည် ကာတာရီရယ် (QAR) ၃၀ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း တိုးတက်လာသည်။ အဓိကအားဖြင့် အူရီဒူး၏ ပင်မဈေးကွက် ဖြစ်သော ကာတာ၊ အင်ဒိုနီးရှားနှင့် တူနီးရှားတို့၏တိုးတက်လာမှုကြောင့်ဖြစ်သည်။ နိုင်ငံခြားငွေကြေးလဲ လှယ်မှုနှုန်းထား (FX) သက်ရောက်မှုမပါဝင်လျှင် ဝင်ငွေ ၇ ရာခိုင်နှုန်း တိုးတက်လာသည်။
တစ်နှစ်ကာလအတွင်း Group ၏ စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ – EBITDA) margin ၄၄ ရာခိုင်နှုန်းနှင့်အတူ ကာတာရီရယ် (QAR) ၁၃ ဘီလီယံရှိပြီး ၎င်းမှာအင်ဒိုနီးရှားတွင် တိုးတက်မှု၊ ကူဝိတ်ရှိ မက်ခရိုစီးပွားရေးအခြေအနေများတိုးတက်လာမှုနှင့်အယ်လ်ဂျီးရီးယားတွင် သုံးစွဲသူတို့၏ ယုံကြည်မှု တိုးလာခြင်းတို့ကြောင့် ဖြစ်သည်။ EBITDA တိုးတက်မှုနှုန်းသည် ၈ ရာခိုင်နှုန်း ဖြင့် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX) သက်ရောက်မှုမပါဝင်လျှင် ၁၁ ရာခိုင်နှုန်း တွင်ရပ်တည်နိုင်သည်။
အစုရှယ်ယာရှင်များအတွက် Group ၏အသားတင်အမြတ်ငွေ ကာတာရီရယ်(QAR) ၄၇ သန်းရှိသည်။ လျော့ကျခြင်း၏ ၉၆ ရာခိုင်နှုန်းမှာ အဓိကအားဖြင့်နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX) ဆုံးရှုံးမှုများနှင့် မြန်မာနိုင်ငံတွင်ချို့ယွင်း ချက်များကြောင့်ဖြစ်သည်။ ယင်းသက်ရောက်မှုကို အင်ဒိုဆက်အူရီဒူး၏တာဝါတိုင်ပိုင်ဆိုင်မှု (ကာတာရီရယ် QAR သန်း ၁,၀၀၀) ကိုရောင်းချခြင်းနှင့်ငှားရမ်းခြင်းမှအမြတ်အစွန်းဖြင့်တစ်စိတ်တစ်ပိုင်းခုထေမိပါသည်။ အဆိုပါ တစ်ကြိမ်တစ်ခါ ကိစ္စများနှင့်နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX) သက်ရောက်မှုမှလွဲ၍အသားတင်အမြတ်ငွေသည် ၆၁ ရာခိုင်နှုန်း တိုး တက်ခဲ့သည်။
အင်ဒိုနီးရှား၊ အိုမန်၊ အယ်လ်ဂျီးရီးယားနှင့် အီရတ်တို့တွင် အားကောင်းသည့် လုပ်ငန်းဆောင်ရွက်ချက်များကြောင့် ယခုနှစ် ကုန်တွင်စုစုပေါင်းသုံးစွဲသူသည် ၁၂၁ သန်းကျော်သွားပြီဖြစ်သည်။ ဘုတ်အဖွဲ့က အစုရှယ်ယာတစ်ခုလျှင်အမြတ်ဝေစု ကာတာရီရယ်(QAR) ဝ.၃၀ ခွဲဝေပေးရန် ထောက်ခံထားသည်။ ဤထောက်ခံချက်သည် ကောင်းမွန်သော ငွေလက် ကျန်ရှင်းတမ်း၊လုံလောက်သောငွေဖြစ်လွယ်မှုနှင့် အလုံးစုံခိုင်မာသောလုပ်ငန်းဆောင်ရွက်မှုစွမ်းဆောင်ရည်အပေါ် အခြေခံ ထားသည်။

Photo Source http://www.ooredoo.com

Ooredoo Group နှင့် CK Hutchison တို့သည် EGM ပြီးနောက်လုပ်ငန်းနှစ်ခုကြားတွင် အမေရိကန်ဒေါ်လာ ၆.၀ ဘီလီယံတန်ဖိုးရှိပေါင်းစည်းမှုအတည်ပြုကြောင်းကြေညာခဲ့သည်။ Vikram Sinha သည် IndosatOoredoo Hutchison ပေါင်းစည်းထားသော အဖွဲ့အစည်း၏အမှုဆောင်အရာရှိချုပ်အဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။ အရောင်းအဝယ်ကို ဇန်နဝါရီ ၄ ရက်၊၂၀၂၂ ခုနှစ်တွင်ပိတ်သိမ်းခဲ့သည်။
၂၀၂၁ ခုနှစ်မေလ (၁၁) ရက်နေ့တွင်ဆက်သွယ်ရေးဆိုင်ရာတာဝါတိုင်ပေါင်း ၄,၂၀၀ ကျော်ကို Edge Point Indonesia သို့ IndosatOoredoo ၏ရောင်းချမှုနှင့်ငှားရမ်းမှုဆိုင်ရာသဘောတူညီချက်ကို တာဝန်ရှိ အာဏာပိုင်အဖွဲ့မှ အတည်ပြုခဲ့သည်။ အရောင်းအဝယ်တန်ဖိုးမှာအမေရိကန်ဒေါ်လာသန်း ၇၅၀ ရှိပြီး၎င်းသည် အာရှတွင်ယင်းကဲ့သို့ အကြီးဆုံးအရောင်းအဝယ် များထဲမှ တစ်ခုဖြစ်သည်။
IndosatOoredoo နှင့် Google Cloud တို့သည် အင်ဒိုနီးရှားရှိသုံးစွဲသူများနှင့် လုပ်ငန်းကဏ္ဍများတစ်လျှောက်ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကိုအရှိန်မြှင့်ရန်အတွက် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုစတင်ခဲ့သည်။ နောက်ပိုင်းကာလ တွင် Asiacell သည်ထိပ်တန်းနည်းပညာသုတေသနကုမ္ပဏီတစ်ခုမှ အီရတ်နိုင်ငံတွင်’အမြန်ဆုံးမိုဘိုင်းကွန်ရက် နှင့် အကောင်းဆုံးမိုဘိုင်းလွှမ်းခြုံမှုဟု အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
နောက်ဆုံးအနေဖြင့်ဘုတ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင်အစုရှယ်ယာတစ်ခုလျှင်အမြတ်ဝေစု ကာတာရီရယ်(QAR) ဝ.၃၀ အားခွဲဝေခြင်း ကိုအကြံပြုမည်ဖြစ်ကြောင်းဝမ်းမြောက်စွာကြေညာအပ်ပါသည်။”
Asiacell သည်လွပ်လပ်သော တတိယအဖွဲ့အစည်း သုတေသနကုမ္ပဏီတစ်ခုမှ အမြန်ဆုံးမိုဘိုင်းကွန်ရက် နှင့် အကောင်းဆုံး မိုဘိုင်းလွှမ်းခြုံမှု အဖြစ်ပေးအပ်ခဲ့သည့် သတ်မှတ်ချက်အရ အီရက်တွင် အကောင်းဆုံးမိုဘိုင်း ကွန်ရက်အော်ပရေတာအဖြစ် အသိမှတ်ပြုခြင်းခံခဲ့ရသည်။
နောက်ဆုံးအနေဖြင့် IndosatOoredoo သည်ဝင်ငွေနှင့်စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ – EBITDA) တို့တွင်ကိန်းဂဏန်းနှစ်လုံးတိုးလာခဲ့ပြီး အလွန်ကောင်းမွန် သောနှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ကုမ္ပဏီသည် ဝင်ငွေ ကာတာရီရယ်(QAR) ၈.ဝဘီလီယံအထိတိုးလာပြီး ကုန်ကျစရိတ်အား အကောင်းဆုံးစီမီခန့်ခွဲမှုများကြောင့် တိုးတက်လာသော EBITDA margin ၄၉ ရာခိုင်နှုန်း ကိုအစီရင်ခံနိုင်ခဲ့သည်။

Photo Source http://www.ooredoo.com

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် တစ်နှစ်တာအရေးပေါ်အခြေအနေကြေညာချက်အပြင် မြန်မာ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) မှအော်ပရေတာများအား တယ်လီကွန်းဝန်ဆောင်မှုများကို ကန့်သတ်ရန် ညွှန်ကြားခဲ့ပါသည်။ ဒုတိယနှစ်ဝက်တွင်ဒေတာဝန်ဆောင်မှုပြန်လည်စတင်ခဲ့ပြီးစွမ်းဆောင်ရည်လည်း ပိုမိုကောင်းမွန်လာခဲ့ သည်။
ကုမ္ပဏီသည်နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထား (FX) တန်ဖိုးကျဆင်းမှုကြောင့်ကာတာရီရယ် (QAR)၁.၁ဘီလီယံသို့ ဝင်ငွေ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြည်တွင်းငွေကြေးနှုန်းထားနှင့်ဆိုလျင် အူရီဒူးမြန်မာသည်၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက် နှစ်ကုန်ပိုင်း၌ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ – EBITDA)မှာကာတာရီရယ်(QAR) ၃၇၆ သန်းအထိ၂၀ ရာခိုင်နှုန်း တိုးလာကြောင်း ကုမ္ပဏီကတင်ပြခဲ့သည်။
အင်တာနက် ဖြတ်တောက်မှုများနှင့်ဈေးကွက်စိန်ခေါ်မှုများရှိနေသော်လည်းအူရီဒူးမြန်မာသည် My Ooredoo App တွင် သုံးစွဲသူများနှင့်ဆက်သွယ်ချိတ်ဆက်မှုကို ဆက်လက်ထိန်းသိန်းထားနိုင်ခဲ့ပြီး ၎င်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် လစဉ်ဝင်ရောက်အသုံးပြုသူ ၂.၇ သန်းကျော် ရှိခဲ့သည်။ အူရီဒူး၏ ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးရှင်းတမ်းကို http://www.ooredoo.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။