အူရီဒူးအုပ်စု နှင့် Ericssonတို့က ငါးနှစ်တာ မဟာဗျူဟာမြောက် 5G သ‌ဘောတူညီချက်ကို လက်မှတ်ရေးထိုး

အူရီဒူးအုပ်စုနှင့် Ericsson (NASDAQ: ERIC) တို့သည် 5G ရေဒီယို၊ ပင်မနှင့်သယ်ယူပို့ဆောင်ရေးထုတ်ကုန်နှင့် ဝန်ဆောင် မှုများကိုထောက်ပံ့ရန်ကမ္ဘာလုံးဆိုင်ရာ မူဘောင်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီး ၎င်းသည် အူရီဒူးအုပ်စုမှ လုပ်ငန်းဆောင်ရွက်နေသော ကာတာ၊အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ အီရတ်၊ ကူဝိတ်၊ အိုမန်၊ ပါလက်စတိုင်း ၊ တူနီးရှား၊ မြန်မာနှင့် ‌မော်လ်ဒိုက်ရှိ ကုမ္ပဏီ၁၀ခုလုံးအတွက်သက်ဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် ပေါင်းစည်းဝန်ဆောင် မှုများကို ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်တွင် 10 Gbps အထိ လုပ်ဆောင်ပေးနိုင်မည့် MINI-LINK 6000 ပစ္စည်းများပါသည့်Ericsson ရေဒီယိုစနစ်၊ Ericsson Cloud Core၊Cloud Infrastructure၊Ericsson Cloud ဆက်သွယ်ရေးဝန်ဆောင် မှုတို့ပါဝင်သည်။ ၎င်းသည် အူရီဒူးအုပ်စုမှ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများအားလုံး၏လက်ရှိမိုဘိုင်းကွန်ရက်များကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲဖော်ဆောင်ပြီး ခေတ်မီတိုးတက်စေရန် အစမှအဆုံးအထိ 5G အပြည့်အဝထောက်ပံ့ပေး နိုင်လိမ့်မည်ဖြစ်သည်။ ဤဖြေရှင်းချက်များသည် ဝန်ဆောင်မှုအသစ်များအတွက်ဈေးကွက်သို့ဝင်ရောက်မည့်အချိန်ကို သိသာထင်ရှားစွာပိုမိုမြန်ဆန်စေမည်ဖြစ်ပြီး သုံးစွဲသူများနှင့်စီးပွားရေးလုပ်ငန်းများ၏ပိုမိုမြင့်မားလာသော မျှော်လင့်ချက်များ အတိုင်း အူရီဒူး၏ ကွန်ရက်စွမ်းဆောင်ရည်ကိုတိုးတက်စေမည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

Ericsson ရေဒီယိုစနစ်ကိုအူရီဒူး၏လုပ်ငန်းအများစုတွင် စတင်ဖြန့်ကြက်ဆောင်ရွက်နေပြီဖြစ်သည်။ အူရီဒူးကာတာ၏ ကွန်ရက်တွင် Ericssonရေဒီယိုစနစ်သည် 4G+5G Ericsson လှိုင်းနှုန်းစဉ်မျှဝေခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပြီးတစ်နိုင်ငံလုံးအနှံ့မြန်ဆန်သော 5G ကွန်ရက်လွှမ်းခြုံမှုကိုဆောင်ရွက်စေနိုင်ခဲ့သည်။ ထပ်မံပြီး ကမ္ဘာအဆင့်မီ အားကစားပြိုင်ပွဲများစွာကျင်းပရန် အူရီဒူးကာတာ၏ကွန်ရက်ကိုပြင်ဆင်ရာတွင် Ericsson သည်သန်းပေါင်းများစွာသော အားကစားပရိသတ်များအတွက်အားကစားရုံများတွင်ဖြစ်စေ၊အိမ်တွင်ဖြစ်စေ (သို့)လမ်းပေါ်တွင်ဖြစ်စေ ထူးခြားကောင်းမွန် သည့် ဒစ်ဂျစ်တယ်အတွေ့အကြုံကိုခံစားနိုင်ရန်၎င်း၏နောက်ဆုံးပေါ် 5Gmid-band Massive MIMO ရေဒီယိုများကို ဖြန့်ကြက်ပေးထားပြီးဖြစ်ပါသည်။
“ယနေ့သဘောတူညီချက်ဟာ Ericsson နှင့် အူရီဒူးတို့အကြားကာလရှည်အောင်မြင်သော စီးပွားရေးမဟာမိတ်လက် တွဲမှု၏ နောက်ခြေလှမ်းတစ်ခုကိုကိုယ်စားပြုပြီးကျွန်တော်တို့ကုမ္ပဏီရဲ့ ကွန်ရက်ချဲ့ထွင်ခြင်း၊ ကွန်ရက်အရည်အသွေး ပြည့်စုံစေခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲဖော်ဆောင်ခြင်းလုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နိုင်စေပါတယ်။ Ericsson ကကျွန်တော်တို့လုပ်ငန်းဆောင်ရွက်နေတဲ့ နိုင်ငံတွေအတွက် ကမ္ဘာ့အဆင့်မီနောက်ဆုံးပေါ်နည်းပညာတွေကို သယ်ဆောင်လာပေးတာကြောင့်လူမှုအသိုင်းအဝိုင်းများအားအကောင်းဆုံးအင်တာနက်ကို နှစ်ခြိုက်စွာအသုံးပြုနိုင်စေရန် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများပေးအပ်ခြင်း၊ဝေးလံခေါင်သီသောဒေသများအထိ ချိတ်ဆက်စေနိုင်ခြင်း၊ တည်‌ထောင်ခါစလုပ်ငန်းများကိုဒစ်ဂျစ်တယ်နည်းစနစ်များဖြင့် ထောက်ပံ့ခြင်းနှင့်လာမည့်အားကစားပွဲကြီးများတွင် အားကစားပရိသတ်များအတွက် နည်းပညာဖြင့်အတွေ့အကြုံသစ်များကိုပေးစွမ်းခြင်းတို့ကို လုပ်ဆောင်စေနိုင်မှာပါ” ဟု အူရီဒူးအုပ်စု၏ Deputy Group Chief Executive Officer ဖြစ်သည့်Sheikh Mohammed Bin Abdulla Al Thani မှ ပြောကြားသည်။

Photo Source https://www.facebook.com/OoredooMyanmar

Ericsson သည် အလုံးစုံတာဝန်ယူမူဖြင့်ဆက်သွယ်ရေးဝန်ဆောင်မှုများအတွက် ပြည့်စုံသည့်ထုတ်ကုန်များကို ပေးအပ် မည်ဖြစ်သည်။ သဘောတူညီချက်အရ Ericssonသည် ပင်မကွန်ယက်၏ hardware နှင့် software ချဲ့ထွင်မှုများ၊ ရေဒီယိုကွန်ရက်နှင့် ကွန်ရက်ထုတ်လွှင့်ခြင်းစသည်တို့ကို ပေးအပ်မည်ဖြစ်ပြီး ဝန်ဆောင်မှုသစ်များအတွက်မိုဘိုင်းမာလ် တီမီဒီယာလုပ်ဆောင်နိုင်မှုကိုပိုမိုကောင်းမွန်စေမည်ဖြစ်သည်။
“5G ဟာဆန်းသစ်တီထွင်မှုအတွက် ပလက်ဖောင်းတစ်ခုအဖြစ်ပံ့ပိုးပေးပြီး အူရီဒူးရဲ့ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု လမ်း ကြောင်းကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ သုံးစွဲသူများနှင့်စီးပွားရေးလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မယ့် အသုံးပြုမှုပုံစံသစ်များကိုလည်း ပိုမိုဖြစ်ထွန်းစေမှာဖြစ်ပါတယ်။အူရီဒူးရဲ့ရည်မှန်းချက်ဖြစ်တဲ့ စွမ်းဆောင်ရည်မြင့် ကွန်ရက် များနှင့် သာလွန်ကောင်းမွန်သော သုံးစွဲသူ အတွေ့အကြုံများကိုပေးအပ်နိုငစေရန်ဆက်လက်ပံ့ပိုးပေးခြင်းအားဖြင့် ကျွန်တော် တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုခိုင်မာလာစေတဲ့အတွက်အလွန်ဂုဏ်ယူမိပါတယ်” ဟု Ericsson၏ Executive Vice President and Head of Business Area Networks ဖြစ်သူ Fredrik Jejdling က ပြောကြားသည်။
Ericsson ၏ကွန်ရက်ဒီဇိုင်း၊ ဖြန့်ကြက်ခြင်းနှင့်ပေါင်းစည်းခြင်း၊ ဆော့ဖ်ဝဲအဆင့်မြှင့်တင်ခြင်းဆိုင်ရာကျွမ်းကျင်မှုတို့သည် အူရီဒူး၏ အဆင့်မြင့်မာလ်တီမီဒီယာဝန်ဆောင်မှုများသို့အသွင်ကူးပြောင်းမှုကိုထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ သဘော တူညီမှုအရ Ericsson သည်ပံ့ပိုးမှုနှင့်ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကိုလည်း ပေးအပ်မည်ဖြစ်သည်။