အူရီဒူးမြန်မာသည် ၂၀၂၁ ခုနှစ်အတွက် အလုပ်လုပ်ရန်အထူးကောင်းမွန်သည့်နေရာ “Great Place to Work®“အဖြစ် Great Place to Work® အဖွဲ့အစည်းမှအသိအမှတ်ပြုခြင်းခံခဲ့ရသည်။ အူရီဒူးမြန်မာသည် မြန်မာနိင်ငံတွင် Great Place to Work®အဖြစ် ၃ နှစ်ဆက်တိုက်အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် ပထမဆုံးနှင့်တစ်ခုတည်းသောလုပ်ငန်းတစ်ခုဖြစ်လာခဲ့ သည်။
Great Place to Work® သည်လုပ်ငန်းခွင်ဓလေ့ထုံးတမ်းများကိုလေ့လာစမ်းစစ်သည့်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။၁၉၉၂ ခုနှစ်မှစတင်၍ ၎င်းအဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းရှိဝန်ထမ်းပေါင်းသန်း ၁၀၀ ကျော်ကိုစစ်တမ်းများ ကောက်ယူခဲ့ပြီးအဆိုပါစစ်တမ်းရလဒ်များဖြင့် လုပ်ငန်းခွင်ကောင်းများကိုစိစစ်သတ်မှတ်လျက်ရှိပါသည်။ အသိအမှတ်ပြု လက်မှတ်များကို လုပ်ငန်းခွင်မှဝန်ထမ်းလုပ်သားများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်စီမံခန့်ခွဲမှုအစရှိသည့် ကုမ္ပဏီ၏ကတိကဝတ်ပြု လုပ်ဆောင်မှုများကိုအသိအမှတ်ပြုသည့်အနေဖြင့် လူစွမ်းအားအရင်းအမြစ်အလေ့အကျင့်ကောင်းများနှင့်ဝန်ထမ်းများ၏ စိတ် ကျေနပ်မှုအစရှိသည်တို့တွင်အဆင့်မြင့်အရည်အသွေးရှိသောကုမ္ပဏီများကိုသာပေးအပ်ခြင်းဖြစ်သည်။
Photo Source https://www.facebook.com/OoredooMyanmar
Great Place to Work® အဖွဲ့အစည်းမှ လွတ်လပ်သောလေ့လာစမ်းစစ်သူများသည်လုပ်ငန်းခွင် ဓလေ့ထုံးတမ်းနှင့် အူရီဒူးမြန်မာဝန်ထမ်းများ၏ အတွေ့အကြုံတို့ကို The Great Place to Work Trust Index စစ်တမ်း၏ပင်မရှုထောင့် ၅ ခုဖြစ်သည့် ယုံကြည်စိတ်ချအားထားမှု – ဝန်ထမ်းများမှစီမံခန့်ခွဲမှုအဖွဲ့အပေါ်ယုံကြည် စိတ်ချအားထားမှု၊ လေးစားတန်ဖိုး ထားမှု – စီမံခန့်ခွဲမှုအဖွဲ့မှ ဝန်ထမ်းများအား လေးစားတန်ဖိုးထားမှုအပေါ် ဝန်ထမ်းများ၏ခံစားချက်ကို တိုင်းတာခြင်း၊ တရားမျှတမှု၊ စီမံခန့်ခွဲမှုအဖွဲ့၏မှုဝါဒများနှင့်ကျင့်သုံးမှုများ၏ မျှတမှုအပေါ်ဝန်ထမ်းများ၏အမြင်ကိုတိုင်းတာခြင်း၊ ဝန်ထမ်းများ၏ မိမိအလုပ်အပေါ်တန်ဖိုးထားဂုဏ်ယူမှုကို တိုင်းတာခြင်း၊ဝန်ထမ်းများတစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်ခြင်း လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်းတစ်ဦးနှင့်တစ်ဦးခင်မင်ယုံကြည်ခြင်းစသည်တို့ဖြင့် အကဲဖြတ်စမ်းစစ်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အူရီဒူးမြန်မာကအလုပ်လုပ်ရန်အထူးကောင်းမွန်သည့်နေရာGreat Place to Work® အဖြစ် သုံးနှစ်ဆက်တိုက်အသိအမှတ်ပြုခံရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အထူးသဖြင့် ယမန်နှစ် ကမ္ဘာ့ကပ်ရော ဂါကာလရဲ့ စိန်ခေါ်မှုတွေကြားမှာဖြစ်ပေါ်လာတဲ့အခြေအနေကို လျှင်မြန်စွာတုံ့ပြန်ပြီးပိုမိုမြန်ဆန်ထိရောက်တဲ့ ဒစ်ဂျစ်တယ် လုပ်ငန်းခွင် အလေ့အထကိုတိုက်တွန်းအားပေးခြင်းဖြင့် ဝန်ထမ်းတွေကိုနေအိမ်မှအလုပ်လုပ်စေခဲ့ရတဲ့ ကာလအတွင်းမှာ ရရှိတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ မည်ကဲ့သို့သောအခြေအနေဖြစ်ပါစေ ကျွန်တော်တို့အနေနဲ့ လိုက်လျောညီထွေဖြစ် အောင်ဆောင်ရွက်ပြီးဝန်ထမ်းတွေရဲ့ကျန်းမာဖူလုံရေးနဲ့ လုပ်ငန်းထိရောက်စွာလုပ်ဆောင်နိုင်ပြီးရလဒ်ကောင်းတွေရရှိအောင် ပံ့ပိုးပေးနိုင်မယ့်ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်အောင်အကောင်းဆုံးကြိုးစားဆောင်ရွက်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကို သူတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ မြန်မာနိုင်ငံကပြည်သူလူထုရဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝ တွေကိုပြည့်စုံကောင်းမွန်စေမယ်ဆိုတဲ့ ကုမ္ပဏီရဲ့ရည်မှန်းချက်ကိုပြည့်ဝနိုင်ဖို့အတွက် စူးစိုက်နှစ်မြှုပ်ပြီးကြိုး ပမ်းဆောင်ရွက်မှု အတွက် ကျေးဇူးအထူးတင်ရှိပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Human ResourcesOfficer ဖြစ်သူMr.Jeremiah Ratadhi မှ ပြောကြားသည်။
မကြာသေးမီကအူရီဒူးမြန်မာသည်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၊အစီအစဉ်နှင့်လက်တွေ့လုပ်ဆောင်ချက်များအတွက်ကမ္ဘာ့တစ်ဝန်းတွင် ထင်ပေါ်ကျော်ကြားဂုဏ်သရေရှိသည့် Stevie®Award ရွှေတံဆိပ်ဆုနှင့် Myanmar Employer Awards 2020တွင်လည်းလူစွမ်းအားအရင်းအမြစ်ဆု၃ဆုကိုဆွတ်ခူးရရှိခဲ့သည်။
Photo Source https://www.facebook.com/OoredooMyanmar
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင် 3Gကွန်ရက်နှင့်အတူ ဆက်သွယ်ရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ သည်။ အူရီဒူးမြန်မာသည် “အများပြည်သူ၏ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့်ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများပေးအပ်ရာ၌ဦးဆောင်လျှက်ရှိသည်။
အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူ ဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံး စတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4G ကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေး နိုင်ခဲ့သည့် အော်ပရေတာဖြစ်သည်။
အူရီဒူးမြန်မာသည်လက်ရှိတွင်သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်ခ မှုများနှင့်စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများရရှိရေးတို့ကို ဦးတည်၍ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအားလုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများပိုမိုချောမွေ့စွာလုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။အူရီဒူးမြန်မာသည် ၎င်း၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့်ပြည်သူများ၏ ဘဝကိုပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar