Ooredoo သည် Myanmar Employer Awards 2020 တွင် ဆုကြီးသုံးဆုဆွတ်ခူးရရှိ

အူရီဒူး မြန်မာသည် Myanmar Employer Awards 2020 တွင် ရွှေတံဆိပ်ဆု ၁ဆု နှင့် ငွေတံဆိပ်ဆု ၂ ဆုအပါအဝင် ဂုဏ်သရေကြီးမားသည့် ဆုကြီး ၃ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော Myanmar Employer Awards သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် လူစွမ်းအားအရင်းအမြစ်ကဏ္ဏတိုးတက်စေရန်အတွက် အလေ့အကျင့် ကောင်းများကျင့်သုံးသည့် ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းရှင်များကို အသိအမှတ်ပြုရန်အတွက် ၂၀၂၀ ခုနှစ်တွင် ၄ ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။
Myanmar Employer Awards ၏ ၄ ကြိမ်မြောက်အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီ ၉၀ ‌ကျော်မှ ဆုများအတွက် အဆိုပြုတင်သွင်းခဲ့ကြပြီး ၎င်းတို့ထဲမှ ကုမ္ပဏီ ၂၁ ခုက ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများကို လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကဏ္ဍများနှင့် အထူးဆုနှစ်ဆုအတွက် ဆုများအသီးသီး ဆွတ်ခူး ရရှိခဲ့ပါသည်။

Photo Source https://web.facebook.com/OoredooMyanmar

Myanmar Employer Awards 2020 တွင် အူရီဒူးမြန်မာမှ ထူးချွန်သောလုပ်ဆောင်မှုများအတွက် အောက်ပါ ဆု၃ ဆု ကို လက်ခံရရှိခဲ့ပါသည်။
(၁) Most Effective Recruitment Strategy for Talent Attraction အတွက် ရွှေတံဆိပ်ဆု၊
(၂) Excellence in Workplace Environment အတွက် ငွေတံဆိပ်ဆု
(၃) Best Use of Internal Marketing for Company Pride အတွက် ငွေတံဆိပ်ဆု တို့ဖြစ်သည်။
“ယခုလိုမျိူးအားလုံးအတွက် စိန်ခေါ်မှုတွေရှိနေတဲ့ကာလမှာကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ကြံ့ကြံ့ခံနိုင်မှုနဲ့ သွက် လက်ချက်ချာစွာတုံ့ပြန်ဆောင်ရွက်နိုင်မှုတွေကိုအသိအမှတ်ပြုဆုတွေရရှိခဲ့တဲ့အတွက်ပိုပြီးဂုဏ်ယူမိပါတယ်။ ဒီဆု ၃ ဆုက ကျွန်တော်တိုရဲ့ ထိရောက်တဲ့ ဒစ်ဂျစ်တယ်စနစ်သုံးပြီးထူးချွန်တဲ့ဝန်ထမ်းတွေကို ခန့်အပ်နိုင်မှုနှင့် လုပ်ငန်းခွင်တွင်း မာကတ်တင်းနည်းဗျူဟာချမှတ်ဆောင်ရွက်နိုင်မှု၊ လုံခြုံစိတ်ချရပြီး လုပ်ငန်းရလဒ်ကောင်းတွေရရှိအောင် အထောက်အပံ့ ပေးတဲ့ လုပ်ငန်းခွင်ဝန်းကျင်ကိုပေးအပ်ရန် တီထွင်ဆန်းသစ်နိုင်မှုနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံကပြည် သူလူထုရဲ့ ဒစ်ဂျစ်တယ်လူမှုဘဝပြည့်စုံကောင်းမွန်အောင် အားစိုက်ဖော်ဆောင်နိုင်မှုတို့အတွက် ခမ်းနားတဲ့မိုင်တိုင်တစ်ခုပဲ ဖြစ်ပါတယ်”ဟု အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က ပြောကြားသည်။

Photo Source https://web.facebook.com/OoredooMyanmar

Most Effective Recruitment Strategy for Talent Attraction ကဏ္ဍအတွက် ရွှေတံဆိပ်ဆုရရှိခြင်းသည် တီထွင်ဆန်း သစ်ကောင်းမွန်သောအွန်လိုင်းနှင့် အော့ဖ်လိုင်းဝန်ထမ်းခန့်အပ်ခြင်းနည်းပညာများကိုသုံး၍ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှ အထက်မြက်ဆုံးဝန်ထမ်းများအားခန့်အပ်နိုင်ခြင်းကြောင့် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ Excellence in Workplace အတွက် ဆုရရှိခြင်းသည်ဝန်ထမ်းများအတွက် လုပ်ဆောင်နိုင်စွမ်းမြင့်တင်ပေးပြီးလုပ်ငန်းအတွက် ကောင်းမွန်တဲ့ ရလဒ် ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်စေဖို့အတွက် လုပ်ငန်းခွင်စိတ်ကျေနပ်မှုရရှိစေရန်နှင့် ပြည့်စုံလုံလောက်သော လုပ်ငန်းနေရာအ‌ထောက်အပံ့များ၊ကျန်းမာရေးအစီအစဉ်များပါဝင်သောအကောင်းဆုံးလုပ်ငန်းခွင်များကိုအသိအမှတ်ပြုခြင်းဖြစ်ပါသည်။ Best Use of Internal Marketing for Company Prideဆုသည် ကုမ္ပဏီတွင်းရှိဝန်ထမ်းများကို ထိရောက်သောလုပ်ငန်းတွင်းဆက်သွယ်ရေးနှင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းအပေါ်ထားရှိသည့် စိတ်ရင်းစေတနာကောင်းများကိုပြုစုပျိုးထောင်နိုင်မှုအပေါ် အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည်။
Myanmar Employer Awards2020 ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အွန်လိုင်းဆုပေးပွဲကြီးအဖြစ် ကျင်းပခဲ့သည်။ အဆိုပါ ဆုများကိုစိစစ်ရွေးချယ်ရာတွင်း နိုင်ငံတကာနှင့်ဒေသတွင်း လူစွမ်းအားအရင်းအမြစ်နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များမှ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။