အူရီဒူးမြန်မာမှ ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား လူကြိုက်အများဆုံး လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည့် “၁ မိနစ်ပြောတိုင်း ၁ ကျပ်လှူ” အစီအစဉ်နှင့် “ချွင်ချွင်ချွင်” ကံစမ်းမဲအစီအစဉ်မှ ကံထူးရှင်များအား ရွှေသားဆုများ ချီးမြှင့်ခြင်းတို့ဖြင့် ဂုဏ်ယူဝမ်း‌မြောက်စွာဆင်နွှဲ

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံသို့ နောက်ဆုံးပေါ် အရည်အသွေးမြင့် နည်းပညာများ ယူဆောင်လာခဲ့ပြီး ဆန်းသစ်တီထွင် ဖန်တီးမှုများဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်‌ထောင့်တစ်နေရာမှပါဝင်၍  ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခဲ့သည်မှာ ၉ နှစ်တာ ပြည့်မြောက်ခဲ့ပြီဖြစ်ပါ၍ အူရီဒူးမြန်မာ၏ ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ယနေ့တွင် ဂုဏ်ယူဝမ်းမြောက်စွာ ဆင်နွှဲခဲ့ပါသည်။ နှစ်ပေါင်းများစွာတိုင် အူရီဒူးမြန်မာမှ နောက်ဆုံးပေါ် နည်းပညာဖြင့်ဝန်ဆောင်မှုများပေးအပ်ခဲ့ပြီး သုံးစွဲသူများ အဆင်ပြေချောမွေ့စွာ အလွယ်တကူ အသုံးပြုနိုင်မည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအားပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ လူသန်းပေါင်း များစွာ၏ လူနေမှုဘဝများကို တိုးတက်ကောင်းမွန်အောင် အထောက့်အပံများပေးခဲ့ပါသည်။

Image: ooredoo

အူရီဒူးမြန်မာအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အဆင့်မြင့် 3G ကွန်ရက်ဖြင့် ဝန်ဆောင်မှုများအား စတင်ပေးအပ်ခြင်း၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အဆင့်မီ 4G ကွန်ရက်ကို မြန်မာနိုင်ငံသို့ ပထမဆုံး ယူဆောင်ပေးခဲ့ခြင်းတို့ဖြင့် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်၏ ထိပ်တန်းနေရာတွင်ရပ်တည်ခဲ့သည်။ လူမှုအသိုင်းအဝိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးသည့် တာဝန်ယူမှုရှိသော ဆက်သွယ်ရေးအော်ပရေတာတစ်ခုအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့ကို အဓိကထားပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များစွာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

အူရီဒူးမြန်မာ၏ ၉နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ၎င်း၏ အထင်ရှားဆုံးသော အစီအစဉ်များ ဖြစ်သည့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ကျပ်ပါ” လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်နှင့် “ချွင်ချွင်ချွင်” ကံစမ်းမဲ အစီအစဉ်မှ ကံထူးရှင်များအား ‌ရွှေ ၅ ကျပ်သားဆုများ ချီးမြှင့်ခြင်းတို့နှင့်အတူ ဂုဏ်ယူဝမ်းမြောက်စွာ ဆင်နွှဲခဲ့ပါသည်။ အူရီဒူးမြန်မာမှ မြန်မာ့လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ပံ့ပိုး ကူညီရန် “အူရီဒူးကလှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊  ဇူလိုင်လ (၁) ရက်နေ့တွင် ပြန်လည် အသက်သွင်း ဆောင်ရွက် ခဲ့သည်။ ၎င်းအစီအစဉ်ဖြင့် အူရီဒူးမြန်မာမှ သုံးစွဲသူများ ၁ မိနစ် ဖုန်းပြောတိုင်း ၁ ကျပ်စီ လှူဒါန်းပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ်မှ ရရှိသည့် ရန်ပုံငွေများကို မြန်မာနိုင်ငံတစ်ဝန်းရှိ လိုအပ်နေသည့် လူမှုအသိုင်းအဝိုင်းများမှ ကလေးငယ်များကို အခမဲ့ပညာရေး သင်ကြားပေးနိုင်ရန် လိုအပ်သည့် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ပစ္စည်းကိရိယာများ၊ ဒစ်ဂျစ်တယ်စင်တာများ ဆောက်လုပ်ရန်ရာတွင်လည်းကောင်း၊ လိုအပ်သည်များအား ပြန်လည်ပြင်ဆင်ရာတွင်လည်းကောင်း ထောက်ပံ့ရန် အသုံးပြုသွားမည် ဖြစ်ပါသည်။

Image: ooredoo

အခမ်းအနား၌ အူရီဒူး “ချွင်ချွင်ချွင်” အစီအစဉ်၏ ဇွန်လနှင့် ဇူလိုင်လတို့အတွက် ရွှေ ၅ ကျပ်သား ဆုများ ကံထူးခဲ့သည့် ကံထူးရှင်များအား သတင်းမီဒီယာများနှင့် အများပြည်သူရှေ့မှောက်တွင် ရွှေသားဆုများ ချီးမြှင့်ခဲ့ပါသည်။ ၎င်းအစီအစဉ်သည် အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများ၏ ရွှေအိမ်မက်များပြည့်ဝလာအောင် ပံ့ပိုးမြှင့်တင်ပေးလျက် ရှိသည့် သာဓကတစ်ခုလည်းဖြစ်ပါသည်။ ၎င်းရွှေသားဆုကံထူးရှင်များကို အူရီဒူးမြန်မာ၏ Facebook Page တွင် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ အူရီဒူးသုံးစွဲသူများထဲမှ ကံထူးခဲ့ကြပါသည်။

အူရီဒူးမြန်မာ၏ ၉ နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် အူရီဒူးသုံးစွဲသူများအားလုံးအတွက် အထူးအစီအစဉ် တစ်ခုကိုလည်း ကြေညာခဲ့ပါသည်။ အူရီဒူးသုံးစွဲသူများအနေဖြင့် သြဂုတ်လ (၁၃) ရက်နေ့မှ (၂၁) ရက်အတွင်း ၉၉၉ ကျပ်ဖြင့် သုံးရက်သက်တမ်းရှိသည့် ၅GB ဒေတာအစီအစဉ်များကို မိမိတို့စိတ်ကြိုက် ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

Image: ooredoo

အူရီဒူးမြန်မာအနေဖြင့် ၉နှစ်တာကာလအတွင်း အောင်မြင်မှုမှတ်ကျောက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ၂၀၁၄ ခုနှစ် – အလျင်မြန်ဆုံး 3G ကွန်ရက်ဖြင့် စတင်မိတ်ဆက်ခဲ့ခြင်း၊ ရွေ့လျားဆေးခန်းများဖြင့် အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးခြင်း၊
  • ၂၀၁၅ ခုနှစ် – စာကြည့်တိုက်များကို ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးအစီအစဥ်ကို စတင် ပံ့ပိုးပေးခြင်း၊
  • ၂၀၁၆ ခုနှစ် – မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော 4G ကွန်ရက် စတင်ဖြန့်ကြက်ခဲ့ခြင်း၊ ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု ဌာနခွဲများ တည်ဆောက်ရန်ပံ့ပိုးကူညီခြင်း၊ Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်အတွက် အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ် စက်ပစ္စည်းများဖြင့် စတင်ပံ့ပိုးပေးခဲ့ခြင်း၊ ရေကောင်းရေသန့်ရရှိရေး အစီအစဉ်ကို ပံ့ပိုးပေးခဲ့ခြင်း၊
  • ၂၀၁၇ ခုနှစ် – 3G နှင့် 4G ကွန်ရက်များကို နိုင်ငံတစ်ဝန်းတွင် အောင်မြင်စွာ ဆက်လက်တိုးချဲ့ ဖြန့်ကြက်ခဲ့ခြင်း၊ မြန်မာ့လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် “မိနစ်များများပြောလေ အူရီဒူးကများများ လှူပေးလေ” လူမှုအကျိုးပြုအစီအစဥ်ကို စတင်ဆောင်ရွက် ခဲ့ခြင်း၊
  • ၂၀၁၈ ခုနှစ် – မြို့နယ်ပေါင်း ၃၀၀ ကို 4G မြန်နှုန်းမြင့် ကွန်ရက်ဖြင့် အောင်မြင်စွာ လွှမ်းခြုံ နိုင်ခဲ့ခြင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် 5G Telecommunications Technology Center ကို ဖွင့်လှစ်ခဲ့ခြင်းနှင့် ကုလသမဂ္ဂ၏  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ပံ့ပိုးသည့် Hackathons နည်းပညာဆိုင်ရာ ပြိုင်ပွဲများအား ကျင်းပခဲ့ခြင်း၊
  • ၂၀၁၉ ခုနှစ် – မြန်မာနိုင်ငံတွင် ပထမဦးဆုံး 5G ကွန်ရက်ဖြင့် လုပ်ဆောင်ချက်များကို တိုက်ရိုက်ထုတ်လွှင့် သရုပ်ပြသခဲ့ခြင်း ( 5G Live Demo )၊ ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်ရေးအစီအစဥ်များအား ပံ့ပိုး ပေးခြင်း၊ Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်ကို အဓိက ကူညီ ပံ့ပိုးခြင်း၊ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (SEAD) ကို ပံ့ပိုးပေးခဲ့ခြင်း၊
  • ၂၀၂၀ ပြည့်နှစ် – အူရီဒူး 4G LTE TURBO ကွန်ရက်ကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် အောင်မြင်စွာ ဖြန့်ကြက် နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံတွင် COVID-19 အား ခုခံကာကွယ် တိုက်ဖျက်နိုင်ရေးအတွက် ပံ့ပိုးမှုများ (လိုအပ်လျက်ရှိသော အသက်ရှူစက်များ၊ Oxygen Concentrator များနှင့် အောက်စီဂျင်အိုးများအပြင် အခြား အရေးပေါ် ဆေးဝါးပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပံ့ပိုးမှုများ) စသဖြင့်  ကူညီပံ့ပိုးပေးခဲ့ ပါသည်။
  • ၂၀၂၁ ခုနှစ် – COVID-19 ပြန်လည်ထူထောင်ရေးဆိုင်ရာ ပံ့ပိုးမှုများအား ဆက်လက် ဆောင်ရွက်ခဲ့ခြင်း၊ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၉၂.၆ % အထိ အူရီဒူးမြန်မာ၏ LTE ကွန်ရက်ကို လွှမ်းခြုံနိုင်ခဲ့ခြင်း။
  • ၂၀၂၂ ခုနှစ် – My Ooredoo App (MOA)  ၏ အသွင်သစ် ဒီဇိုင်းသစ်ဖြစ်သည့် “ Ooredoo Super App” ကို စတင်မိတ်ဆက်ခဲ့ခြင်း၊ မိုဘိုင်းငွေကြေးလုပ်ဆောင်ချက် (M-ပိုက်ဆံ) အား My Ooredoo Appတွင် ပေါင်းစည်းထည့်သွင်းခဲ့ခြင်း၊ စာကြည့်တိုက်ပေါင်း ၂၅၀ အား ဒစ်ဂျစ်တယ်စာကြည့်တိုက် အသွင်ကူးပြောင်းရေး ဖော်ဆောင်ရာတွင် ကူညီပံ့ပိုးခဲ့ခြင်း။
  • ၂၀၂၃ ခုနှစ် – အူရီဒူးအလုပ်သင်အစီအစဥ် (Ooredoo Internship Program) ဖြင့် မြန်မာလူငယ်များအား လုပ်ငန်းခွင်အတွေ့အကြုံများရှိအောင် ပံ့ပိုးပေးခြင်း၊ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် လိုအပ်သည့်အကူအညီများ ပေးအပ်ခြင်း၊ “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ကို ပြန်လည်အသက်သွင်း ဆောင်ရွက်ခြင်း” တို့ဖြစ်ပါသည်။

Image: ooredoo

အူရီဒူးမြန်မာအနေဖြင့် ၎င်း၏မျှော်မှန်းချက်အတိုင်း အများပြည်သူအတွက် ပိုမိုပြီးပြည့်စုံသော ဒစ်ဂျစ်တယ် လူနေမှုဘဝများ ရရှိအောင် ဖြည့်ဆည်းပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သလို မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုင်းအဝိုင်းများ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းမွန် သည့်အပြောင်းအလဲများ ဖော်ဆောင်ရန် လူမှုအကျိုးပြုလုပ်ငန်း အစီအစဥ်များကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။