အသုံးတွင်ကျယ်လာနေသော GPS (Global Positioning System) စနစ်သုံး Map

Image Source: https://www.engadget.com

GPS စနစ်အသုံးပြု မြေပုံ (Map) ကို လူတိုင်းနီးပါး သိကြပေမဲ့ အသုံးတွင်ကျယ်လာနေမူမှာတော့ အားနည်း နေပါသေးတယ်။ GPS စနစ်ဆိုသည်မှာ ဂြိုလ်တု အသုံးပြု နက်၀ပ်တစ်ခုဖြစ်ပြီး Device များအသုံးပြုကာ အရာ၀တၳုများ၏ တည်ရှိရာ နေရာများကို စုံစမ်းသိရှိစေနိုင်သော စနစ်တစ်ခုရှိသည်။ ကမ္ဘာမြေမျက်နှာပြင်အထက်မှ ၂၀.၃၅ ကီလိုမီတာ အကွာအေ၀းရှိ ဂြိုလ်တု ၂၄ လုံးအသုံးပြုဆောင်ရွက်သော စနစ်ဖြစ်သည်။ GPS စနစ်ကို အသုံးပြုပြီး မိမိသိရှိလိုသောနေရာဒေသ ၏ မြေပုံများရယူခြင်း နှင့် အခြားသောကိစ္စများကို ပြုလုပ်ဆောင်ရွက်နိုင်သည်။
GPS စနစ်ကို အဆင့်မြင့် အသုံးပြုမူများတွင် ငလျင်တိုင်းတာခြင်းနှင့်ကြိုတင် သတိပေး နိုင်ရန် အသုံးပြုခြင်း ၊ မျိူးတုန်းပျောက်ကွယ်နိုင်စွမ်းရှိတဲ့ တိရစ ၦာန် များကို ခြေရာခံရာတွင် အသုံးပြုခြင်း နှင့် လေကြောင်းခရီးစဉ်များ ရေငုပ်သငေ်္ဘာများ၏ လမ်းကြောင်းရှာဖွေရာတွင် အသုံးပြုကြသည်။

Image Source: https://www.wired.com

နေ ့စဉ် အသုံးပြုသော Mobile Phone များတွင် GPS စနစ် အသုံးပြု မြေပုံ Map တစ်ခု မဟုတ် တစ်ခု ပါ၀င်သော်လည်း မိမိ ရှာဖွေလိုသော နေရာ လိပ်စာများရှာဖွေရာတွင်ပင် အသုံးပြုမူ နည်းပါး နေသေးသည်။ Mobile Phone များတွင်ပါ၀င်သော GPS စနစ်သုံး Map ကို နေရာလိပ်စာများ ရှာဖွေရာတွင်လည်းကောင်း ၊ မိမိနှင့် အနီးဆုံး စားသောက်ဆိုင် ဓာတ်ဆီဆိုင်များ ရှာဖွေရာတွင် သုံးခြင်း၊ မိမိ သွားရောက်မည့် ခရီးအကွာအေ၀းနှင့်ကြာချိန်ကို ကြိုတင် မှန်းဆခန် ့မှန်းနိုင်ခြင်း၊ Public Transport များရှာဖွေခြင်း ၊GPS အသုံးပြုပြီး ယာဉ်ကြော ကြပ်တည်းမူ များကိုရှောင်ရှားခြင်း တို ့တွင် အသုံးပြုနိုင်ပါသည်။ Mobile Phone အတွင်းရှိ GPS အသုံးပြု Google Map များတွင် ယာဉ်ကြောကြပ်တည်းမူများကို အရောင်များဖြင့် အဆင့်အလိုက် ဖော်ပြရာတွင် ယခင်က ပြည်တွင်းအတွက် မပါရှိခဲ့သေ်ာလည်း ယခု အခါ အသုံးပြုနေနိုင်ပြီဖြစ်သည်။
GPS စနစ်ကို လူမူရေး အကြောင်းအရာများတွင်လည်းအသုံးပြုနိုင်သေးသည်။ မိမိကလေးငယ်၏ အသုံးအဆောင် ပစ္စည်းတစ်ခုခုတွင် GPS စနစ် တပ်ဆင်ပေးထားခြင်းဖြင့်လည်း ကလေးငယ်ရောက်ရှိနေသော နေရာကို သိရှိနိုင်ခြင်း ၊ မိမိ အသုံးပြုသော မော်တော်ကားတွင် တပ်ဆင်အသုံးပြုပြီး ယာဉ်ခိုးခံရခြင်းမှကင်းေ၀းစေနိုင်ခြင်းတို ့တွင် အသုံးပြုနိုင်သည်။ မော်တော်ယာဉ်များတပ်ဆင်အသုံးပြုရာ တွင် အငှားကား ၀န်ဆောင်မူ လုပ်ငန်းများတွင် အများဆုံးတပ်ဆင်အသုံးပြုကြသည်။ ပြည်တွင်းတွင်လဲ GRAB Taxi Application ကဲ့သို ့သော အငှားကား ခေါ်ဆိုမူ များတွင်လည်း GPS Map စနစ်ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပေသည်။

Image Source: http://10wow.ru

ပြည်တွင်းတွင် GPS အသုံးပြုရာတွင် အခက်အခဲများစွာ ရှိသေးသည်။ တိကျသေချာသော GPS Map ပြည့်ပြည့်စုံစုံ ပါ၀င်မူမရှိသေးပဲ ပိုပြီး အသေးစိတ် သေချာစေရန်ထပ်မံဖြည့်စွတ်ရဦးမည်ဖြစ်သည်။ ပြည်တွင်းနည်းပညာ အဖွဲ ့အစည်းများမှလည်း ကမ့်ပိန်းများ ပြုလုပ်ပြီး ပြည့်စုံပြီး ခေတ်မှီသော GPS Map များကို ဖန်တီးလျက်ရှိကြသည်။
မြန်မာနိုင်ငံအတွက် သီးသန် ့ထုတ်လုပ်ထားသော GPS အသုံးပြု Map Application များစွာလဲရှိသည်။ အသုံးပြုလွယ်ကူရန်နှင့် လူတိုင်းအခြေခံကြကြ အသုံးပြုနိုင်ရန်အတွက် တော့ ေ၀းကွာနေသေးသည်။ မိမိ ၏ လုပ်ငန်းဆိုင်လိပ်စာများအား GPS Map များပေါ်တွင် ဖော်ပြပြီး ဈေးကွတ်ချဲ ့ထွင်နိုင်သည်။ ပြည်တွင်းလုပ်ငန်းများအတွက် Facebook Page များ ပြုလုပ်ရာတွင် Location Section ကို အသုံးပြုပြီး မိမိ၏ လုပ်ငန်းလိပ်စာများဖြည့်သွင်းကာ ၀ယ်ယူသူအား တိုက်ရိုက်ဆက်သွယ်နိုင်ရန် ပြုလုပ်နိုင်သည်။ ၀ယ်ယူသူ Customers သည် Facebook Page တွင်ဖော်ပြပါရှိသော လိပ်စာအား လက်ရှိတည်နေရာနှင့်ချိန်ကိုက်ကာ လာရောက်နိုင်သည်။လက်ရှိလုပ်ကိုင်လျက်ရှိသော Online Shopping များအတွက် အထူး ကောင်းမွန်ပေသည်။ Taxi Application များတွင်လည်း အချိန်ကြာရှည်စွာ စောင့်ဆိုင်းရခြင်းမှ ကင်းေ၀းစေရန် အနီးဆုံး ရှိသော အငှားကားကို GPS စနစ်ဖြင့် ရှာဖွေပေးပြီး ရောက်နိုင်မည့်အချိန်နှင့် မိမိ ၏ သွားလိုရာခရီးလမ်းအနေအထားကိုပါ ပိုမိုတိကျစွာ သိရှိစေနိုင်သည်။
Facebook Messenger တွင်လဲ မိမိ၏ Location ကို Share ပြုလုပ်နိုင်ပြီး မိမိပြီးပို ့လိုသော လိပ်စာ လမ်းကြောင်းကိုလဲ အလွယ်တကူ ပေးပို ့နိုင်ရန် နောက်ပိုင်း Version များတွင် ထည့်သွင်းပါ၀င်လာသည်။ GPS စနစ် အသုံးပြုကာ လုံခြုံရေး ကိုသာမက နေ ့စဉ်လုပ်ငန်းဆောင်တာများနှင့် အခြားသော ကိစ္စအရပ်ရပ်တွင်ပါ တိုးတတ်ကောင်းမွန်အောင် ဆောင်ရွက်နိုင်သည်။ နည်းပညာတိုးတတ်လာသော မြန်မာနိုင်ငံအတွက် အသုံး၀င်စေမယ့် စနစ်တစ်ခု ဖြစ်ပြီး နည်းပညာတိုးတတ် မူနှင့်အမျှ GPS စနစ်သည်လညး် အသုံးတွင်ကျယ်လာနေပြီ ဖြစ်သည်။