မြန်မာနိုင်ငံတွင် အသုံးပြုမှုအများဆုံး Mobile App များအကြောင်းတစေ့တစောင်း

Image Source: https://play.google.com

ယနေ့ခေတ် ကမ္ဘာပေါ်တွင် တိုးတက်ပြောင်းလဲလာသော နည်းပညာများ နှင့်အတူ သတင်းအချက်အလက်နှင့်နည်းပညာများမှာလည်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်လည်း နည်းပညာ ကဏ္႑မှာပိုမို အရေးပါလာပြီး Mobile နည်း ပညာများကိုပိုမိုသုံးစွဲလာကြတာကိုတွေ့မြင်နိုင်ပါတယ်။ ယခုအခါတွင်လဲ မြန်မာနိုင်ငံတွင် Mobile application များကိုလည်းတွင်ကျယ်စွာ အသုံးပြုလာတာကို တွေမြင်နိုင်ပါတယ်။ ယခုဖော်ပြပေးသွားမှာကတော့ မြန်မာနိုင်ငံတွင် အသုံးပြုမှုအများဆုံး Mobile App များ အကြောင်းကိုတင်ပြပေးသွားပါမယ်။ ယခုတင်ပြပေးသွာမယ့် Mobile App ကတော့

ipivi : Buy & Sell in Myanmar

Image Sorce: https://ipivi.com

ipivi သည် အခမဲ့ပြည်တွင်းကြော်ငြာ Moblie App တစ်ခုဖြစ်ပြီး တစ်ပတ်ရစ် ကားများမှအစ မိုဘိုင်းဖုန်းများ ၊ ပရိဘောဂပစ္စည်းများ ၊ လက်ပ်တော့ ကွန်ပျူတာများ ၊ အ၀တ်အထည်များအထိ အားလုံးကို ၀န်ဆောင် မှုပေးလျှက်ရှိပါတယ်။ account ဖွင့်ရန်မလိုအပ်ဘဲ ကြော်ငြာများကို အခမဲ့တင်နိုင် ပြီး ပစ္စည်းတခုခု၀ယ်ချင်ပြီဆိုရင် ပြင်ပအရောင်းဆိုင်များထက်ပိုမိုချိုသာသောဈေးနှုန်း နဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ကုန်ပစ္စည်းတွေကို ယခု ipivi မှာ ၀ယ်ယူရရှိနိုင်ပါတယ်။ ipivi မှာ ၀ယ်ယူရရှိနိုင်သော ပစ္စည်းများမှာ အီလက်ထရောနစ်နဲ့သက်ဆိုင်သော ဖုန်း နှင့် တက်ဘလက် ကွန်ပျူတာများ ၊ အိမ်သုံးစက်ပစ္စည်းများ ၊ တီဗီ ၊ အသံ ၊ ဗီဒီယို ၊ ဓာတ်ပုံ ၊ ကွန်ပျူတာ နှင့် ဆက်စက်ပစ္စည်းများ ၊ ဂိမ်း နှင့် ဖျော်ဖြေရေး နှင့် အခြားဆက်စပ်ပစ္စည်းများ ဝါသနာနှင့် အပန်းဖြေခြင်း နဲ့ သက်ဆိုင်သောအားကစားနှင့်အပန်ဖြေ ပစ္စည်းများ ၊ ဂီတတူရိယာများ ၊ စာအုပ် နှင့်မဂ္ဂဇင်းများ ၊ သယ်ယူပို့ဆောင်ရေး နဲ့ သက်ဆိုင်သော ကားများ ၊ မော်တော် ဆိုင်ကယ်များ ၊ စက်ဘီးများ ၊ အပိုအစိတ်အပိုင်းများ နှင့် ဆက်စပ် ပစ္စည်းများ ၊ ကုန်တင်ယာဉ်များနှင့် အထူးယာဉ်များ ၊ ရေကြောင်းပို့ဆောင်ရေး ကုန်ပစ္စည်းများ အပြင် လူသုံးကုန်ပစ္စည်းများ ပစ္စည်းများဖြစ်သော အ၀တ်အထည် ၊ ဖိနပ် ၊ အသုံးအဆောင်ပစ္စည်းများ ၊ အလှအပ နှင့် ကျန်းမာရေး ၊ လက်ပတ်နာရီ ၊ နာရီနှင့်ဖန်စီအလှပ ပစ ္စည်းများ ၊ အိမ်သုံးပစ္စည်းများ ၊ အိမ်မွေးတိရစာၧန်များ ၊ အလုပ်အကိုင်များ ၊ အိမ်ခြံမြေလုပ်ငန်း များစွာကို ရှာဖွေယူနိုင်သော Moblie App ကောင်းတစ်ခုဖြစ်ပါတယ်။ ipivi.com အင်တာနက် ၀ဘ်ဆိုက်မှ တဆင့်လဲ ၀ယ်ယူ ရောင်းချနိုင်ပါတယ်။

Shwe Mee Eain – Myanmar Book Mobile App

Image Source: https://apkpure.com

ရွှေမီးအိမ် စာအုပ်စင် ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာပြည်အပါအ၀င် နိုင်ငံအရပ်ရပ် က စာပေချစ်သူများအတွက် စာအုပ်၊ စာပေများ နှင့် သုတ၊ ရသစာပေးများ ကို Android ဖုန်းအများပေါ်တွင် လွယ်ကူ လျင်မြန်စွာ ဖတ်ရှု နိုင်စေရန် နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် အတွက် အထောက် အကူပြုနိုင်ရန် ဖြူစင်သော စေတနာအရင်းခံ၍ ေ၀မျှခြင်းဖြစ်ပါသည်။ ရွှေမီးအိမ် စာအုပ်စင်သည် မြန်မာစာအုပ် link များတင်ထားပေးသော သက်ဆိုင်ရာ စာအုပ်၊ စာပေ များ၏ website များ ၊ facebook fan page များမှ စာအုပ်များကို တစုတစည်းထဲနေရာတစ်ခုထဲမှ အလွယ်တကူရှာ ဖွေဖတ်ရှုနိုင်စေရန် စုစည်းတင်ဆက်ပေးထားသော Android Mobile App ကောင်းတစ်ခုဖြစ်ပါတယ်။ ရွှေမီးအိမ် စာအုပ်စင် ဗားရှင်း ၁.၀ တွင် အသုံးပြုနိုင်သည့်အချက်များမှာ စာအုပ်အမျိုးအစားအလိုက် ရှာဖွေခြင်း ၊ စာရေးသူအလိုက်ရှာဖွေခြင်း ၊ စိတ်ကြိုက်စာအုပ်များအား မှတ်သားထားနိုင်ခြင်း ၊ စိတ်ကြိုက် စာအုပ်များအား ဖတ်ရှု နိုင်ရန်အတွက် ဖုန်းအတွင်းသို့ download လုပ်နိုင်ခြင်းတို့ပါ၀င်ပါတယ်။ ရွှေမီးအိမ် စာအုပ်စင်တွင်ရရှိနိုင်သော စာအုပ်အမျိုးအစားများမှာ ဘာသာရေးဆိုင်ရာ စာအုပ်များ ၊ စိုက်ပျိုးရေး ၊ စီးပွားရေး ၊ ဟာသ ၊ ရုပ်ပြကာတွန်း ၊ စုံထောက် ၊ ကျန်းမာရေး ၊ သမိုင်း ၊ ရသ ၊ နိုင်ငံခြားဘာသာစကား ၊ မဂ္ဂဇင်း ၊ သိုင်း ၊ သောင်းပြောင်းထွေလာ ၊ လျှို့၀ှက်ဆန်းကြယ် ၊ လုံးချင်း ၀တၳု ၊ ကဗျာ ၊ ရှားပါး စာအုပ်များ ၊ ရင်ထိတ်သည်းဖို ၊ ဘာသာပြန် ၊ သတင်းစာများ ၊ ဂျာနယ် နှင့် နည်းပညာ စာအုပ်ပေါင်းများစွာပါ၀င် သည့် Mobile App ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

Myanmar 24h သတင်းဦးများ Mobile App

Image Source: http://myanmar24h.com

Myanmar 24h သတင်းဦးများ Mobile App ကို အသုံးပြုသူများပြားလာပြီး လတ်တလောသတင်းများ ကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေသော Mobile App ကောင်းတစ်ခုဖြစ်ပါတယ်။ Myanmar 24h သတင်းဦးများ Mobile App တွင်ပါ၀င်သော သတင်းကဏ္႑ များမှာ ယေဘုယျသတင်းများ ၊ ဒေသန္တရသတင်းများ ၊ နိုင်ငံရေး ၊ ကမ္ဘာ့သတင်းများ ၊ စီးပွားရေး လုပ်ငန်းဆောင်တာများ ၊ အားကစား သတင်းများ ၊ ဖျော်ဖြေရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ မှုခင်း ၊ ဘ၀ ၊ နည်းပညာ နှင့် ထင်မြင်ယူဆချက် သတင်းများ ကို လေ့လာဖတ်ရှုနိုင်သော Mobile App ကောင်းတစ်ခုဖြစ်ပြီး တခြားမှ သတင်းစာများ ဖြစ်သော Thithtoolwin ၊ Burmese.voanews ၊ Burmese.dvb ၊ 7daydaily ၊ BBCBurmese ၊ Mizzimzburmese ၊ MyanmarMmTimes ၊ Phothutaw ၊ Trend ၊ Myitmakhamediagroup ၊ Eleven ၊ Burma Irrawaddy ၊ The voice Myanmar ၊ Popular Myanmar ၊ YMG သတင်းစာများကိုလဲ လေ့လာဖန်ရှုနိုင်သော Mobile App ကောင်းတစ်ဖြစ်ပါတယ်။

MMAS (Myanmar Mobile App)

Image Source: https://www.myanmarmobileapp.org

နည်းပညာနှင့်များသက်ဆိုင်သော သတင်းအချက်အလက်များကိုတစ်နေရာထဲမှာ ဖော်ပြပေထားတဲ့ Mobile App ဖြစ်ပါတယ်။ MMAS (Myanmar Mobile App) မှာပါ၀င်သည့် ကဏ္႑များကတော့ Latest Updates ၊ Phone Review ၊ App/Game ၊ Tutorial ၊ Knowledge တို့ပါ၀င်ပြီ Categories မှာကတော့ နည်းပညာနဲ့သက်ဆိုင်သော A to Z စကားလုံးများကို အစီစဉ်တကျ စီထားတာကိုတွေမြင်နိုင်ပြီး MMAS ကိုသုံးစွဲသူများလျှင်မြန်စွာရှာဖွေ နိုင်ပါတယ်တယ်။ နည်းပညာများတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံရဲ့နည်းပညာများမှာတစထက်တစ တိုးတက်ပြောင်းလဲလာသည်ကိုတွေမြင်နိုင်ပါတယ်။