OPPO မှ IEEE နှင့် ကမ္ဘာလုံးဆိုင်ရာနည်းပညာစံချိန်စံညွှန်းများဖော်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆို

OPPO မှ လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာများအဖွဲ့အစည်း Institute of Electrical and Electronics Engineers (IEEE) ကုမ္ပဏီနှင့်အတူပညာရေးဖလှယ်မှုများပိုမိုတိုးမြှင့်လုပ်ဆောင်ရန်နှင့် 5G၊ AI နည်းပညာနှင့် Big Data ပိုင်းတို့ စံပြတီထွင်ရာတွင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူစာချုပ်ကိုချုပ်ဆိုခဲ့ကြကြောင်းသိရသည်။ OPPO သည် ဤ ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ဆန်းသစ်တီထွင်မှုများကိုအရှိန်မြှင့်တင်ကာကမ္ဘာတစ်ဝန်းမှ သုံးစွဲသူများအတွက် အကျိုး ကျေးဇူးများဖြစ်ထွန်းလာစေမည်ဖြစ်သည်။
IEEE သည် နိုင်ငံပေါင်း ၁၆၀ ကျော်ရှိအသင်းဝင် ၄၀၀,၀၀၀ ကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံးနည်းပညာ ဆိုင်ရာပညာရှင်များအဖွဲ့အစည်းဖြစ်သည်။ များပြားသောကိုးကားမှုသုတေသနစာစောင်များ၊ စာတမ်းဖတ်ပွဲများ၊ နည်းပညာ ဆိုင်ရာစံနှုန်းစံထားများ၊ အတတ်ပညာပိုင်းနှင့် ပညာရေးပိုင်းလှုပ်ရှားမှုများနှင့်အတူ လေကြောင်းနှင့် အာကာသစနစ်များ၊ ကွန်ပျူတာ၊ ဆက်သွယ်ရေး၊ ဇီဝအင်ဂျင်နီယာ၊ လျှပ်စစ်နည်းပညာနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းစသည့် နယ်ပယ်များတွင် သြဇာအာဏာရှိသောအဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။
“ကြီးမားပြီးအခွင့်အရေးများစွာရှိတဲ့ 5G ခေတ်မှာ OPPO အနေနဲ့ “ အသိဉာဏ်မြင့်မားသောဆက်သွယ်မှု” ရဲ့ ရည်ရွယ်ချက် ကိုအဆိုတင်သွင်းခဲ့ပါတယ်။ စမတ်ဖုန်းတွေမှာဆက်လက် ရင်းနှီးမြှုပ်နှံရုံသာမကဆက်သွယ်ရေး၊ Hardware၊ ကွန်ပျူတာ သိပ္ပံပိုင်းတွေကိုပါ သုတေသနပြုစုသွားမှာပါ။ IEEE နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်တာကိုလည်းအလွန် ဝမ်းမြောက်ဂုဏ်ယူမိပါ တယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ပိုမိုခေတ်မီတဲ့ နည်းပညာတွေကို ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေမှာတွေအသုံးချနိုင်မှာဖြစ်ပြီးကမ္ဘာတစ်ဝန်းကသုံးစွဲသူတွေဆီကိုပိုမိုကောင်းမွန်တဲ့ နည်းပညာဆိုင်ရာ အတွေ့ အကြုံတွေကိုပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု OPPO သုတေသနအဖွဲ့အစည်း၏ အဖွဲ့မှူးနှင့် ဒုတိယဥက္ကဌဖြစ်သူ Mr. Levin Liu က ပြောကြားသည်။

Photo Source https://www.facebook.com/oppomyanmar/

“ကျွန်တော်တို့ရဲ့ IEEE Computer Society ကနေအသစ်စတင်လိုက်တဲ့ အဖွဲ့အစည်းချင်းပူးပေါင်းမှုအစီအစဉ်မှာ ပထမဆုံးပါတနာအနေနဲ့ OPPO က ပါဝင်လာတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်”ဟု IEEE ၏ Computer Society အလုပ်အမှုဆောင် Melissa Russell က ပြောကြားသည်။
OPPO သည် IEEE နှင့်အတူစံသတ်မှတ်ချက် Setting ပိုင်းတွင်သာမကပညာရေးပိုင်းဆိုင်ရာ နှီးနှောဖလှယ်မှု ပိုင်းတွင်လည်း ပူးပေါင်းလုပ်ဆောင်မှုများပြုလုပ်သွားမည်ဖြစ်သည်။ IEEE ၏ လက်အောက်ရှိ စံသတ်မှတ်ချက် ကော်မတီသည် ကြိုးမဲ့ကွန် ယက်များအတွက် အရေးပါသောစံသတ်မှတ်ချက် IEEE 802.11 series အစရှိသည့် ကမ္ဘာတစ်ဝန်းရှိအရေးပါသော နည်းပညာဆိုင်ရာစံချိန်စံညွှန်းများကိုရေးသားသူဖြစ်သည်။ OPPO သည် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီဖြစ်သည့် အလျောက် နည်းပညာများနှင့် သုံးစွဲသူတို့၏ အမြင်ကိုကောင်းစွာသိရှိနားလည်လျက်ရှိသည်။ OPPO သည် IEEE စံသတ်မှတ်ချက် ကော်မတီ၏ လုပ်ငန်းစဉ်များတွင် အတူပါဝင်ပြီးနိုင်ငံတကာနည်းပညာစံသတ်မှတ်ချက်များရေးဆွဲရာတွင် ကူညီအားဖြည့်သွားမည်ဖြစ်သည်။
ပညာရေးပိုင်းဆိုင်ရာနှီးနှောဖလှယ်မှုပိုင်းတွင်လည်း IEEE ၏ ပညာရေးဆိုင်ရာဂျာနယ်တွဲများနှင့် စာတမ်းဖတ်ပွဲများသည် သက်ဆိုင်ရာနယ်ပယ်များတွင် ထိပ်ဆုံးမှ နေရာယူလျက်ရှိသည်။ OPPO မှ AI၊ ဆက်သွယ်ရေးနည်းပညာများ၊ Hardware နည်းပညာများစသည့် နယ်ပယ်များရှိနည်းပညာဆိုင်ရာရှာဖွေတွေ့ရှိမှုများကိုအတိုချုပ် တင်ပြသွားရန် စီစဉ်ထားသည်။ OPPO သည် သိပ္ပံနည်းကျ သုတေသနပိုင်းရင်းနှီးမြှုပ်နှံမှုများကိုမကြာသေးမီနှစ်များမှ စ၍ ဆက်တိုက် အားသွန်ခွန်စိုက် လုပ်ဆောင်လာခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများကြောင့်လည်းနယ်ပယ်တွင်းရှိထိပ်တန်းသိပ္ပံပညာရှင်များ၏ စိတ်ဝင်စားမှု ကိုလည်းရရှိထားသည်။ OPPO သည် IEEE နှင့်အတူ လေ့လာရေးခရီးများ၊ ဟောပြောပွဲများနှင့် စာတမ်းဖတ်ပွဲများမှ တစ်ဆင့် နည်းပညာဆိုင်ရာဆွေးနွေးမှုများပိုမိုချောမွေ့အောင် အတူလက်တွဲလုပ်ဆောင်သွားရန် မျှော်လင့်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် နည်းပညာပိုင်းတွင် အစဉ်အမြဲ ရှေ့တန်းတွင် ရှိခဲ့သည်။ ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်း World Intellectual Property Organization (WIPO) ၏ ၂၀၁၉ ခုနှစ်အတွက် မူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် Patent Cooperation Treaty (PCT) အဆင့်သတ်မှတ်ချက်တွင် OPPO သည် အဆင့် (၅) အတွင်းပါဝင်ခဲ့သည်။ OPPO သည် 5G စံသတ်မှတ်ချက်များနှင့် သက်ဆိုင်သောစာရွက်စာတမ်း ၃၀၀၀ ကျော်ကို 3GPP သို့ တင်သွင်းခဲ့ပြီးနိုင်ငံတကာ စံသတ်မှတ်ချက်ဆိုင်ရာအဖွဲ့အစည်းသို့ အများဆုံးပံ့ပိုးသူများအနက် ပါဝင်သည်။
ယခုလက်ရှိတွင် OPPO သည် ကမ္ဘာအနှံ့အပြားတွင် R&D ဝန်ထမ်း ၁၀,၀၀၀ ကျော်၊ သုတေသနစခန်း ၄ ခု၊ သုတေသန အဖွဲ့အစည်း ၆ ခုတို့ဖြင့် လည်ပတ်လျက် ရှိသည်။ OPPO ကိုစတင် တည်ထောင်သူ CEO Tony Chen မှ 5G၊ AI၊ AR၊ Big Data နှင့် အခြားနယ်ပယ်များနှင့် Hardware အဓိကအခြေခံနည်းပညာများနှင့် Software စက်ပိုင်းဆိုင်ရာ နည်းပညာများစသည်တို့ကိုပိုမိုသုတေသနပြုရန် သုံးနှစ်အတွင်း R&D ပိုင်းတွင် ယွမ် ၅၀ ဘီလီယံကို ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာများအဖွဲ့အစည်း အမည်ရှိ IEEE အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၁၆၀ ကျော်ရှိအသင်းဝင် ၄၂၀,၀၀၀ ကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံးနည်းပညာဆိုင်ရာပညာရှင်များအဖွဲ့အစည်းတစ်ခုဖြစ်သည်။ IEEE မှ နှစ်စဉ် ပျမ်းမျှ စာတမ်း၊ ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၂၀၀ ကျော် အပါအဝင် လျှပ်စစ် အင်ဂျင်နီယာနည်းပညာ၊ ကွန်ပျူတာသိပ္ပံနှင့် လျှပ်စစ်ပစ္စည်းများအကြောင်းစာတမ်းများကိုကမ္ဘာ့ သုံးပုံတစ်ပုံနီးပါးထုတ်ဝေထားသည်။ IEEE Xplore Digital စာကြည့်တိုက်တွင် ၄ ဒဿမ ၅ သန်းစာတမ်းများကိုဝင်ရောက် ဖတ်ရှုနိုင်သည်။ IEEE သည် စာတမ်းဖတ်ပွဲ ၁,၉၀၀ ကျော်ကိုနိုင်ငံပေါင်း ၁၀၃ နိုင်ငံတွင် ကျင်းပရန် ထောက်ပံ့ခဲ့ပြီးလက်ရှိအသုံးပြုနေသောစံသတ်မှတ်ချက် ၁၂၅၀ ကျော် ရှိပြီးရေးဆွဲလုပ်ဆောင်ဆဲစံသတ်မှတ်ချက် ၁၀၃ ခုရှိသည်။ IEEE နှင့် အဖွဲ့ဝင်များသည် ကိုးကားမှုများပြားသော ထုတ်ဝေမှုများ၊ စာတမ်းဖတ်ပွဲများ၊ နည်းပညာစံချိန်စံညွှန်းများနှင့် အတတ်ပညာဆိုင်ရာနှင့် ပညာရေးလှုပ်ရှားမှုများမှ တစ်ဆင့် ကမ္ဘာ့လူ့အဖွဲ့အစည်းကိုပိုမိုကောင်းမွန်သော မနက်ဖြန်များရရှိအောင် တီထွင်ကြံဆလျက်ရှိသည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/oppomyanmar/
https://www.oppo.com/mm/