ရိုးမဘဏ်ဝန်ထမ်းများအတွက် ပရူဒန်ရှယ်အာမခံ၏ စုပေါင်းအသက်အာမခံအစီအစဉ်ရယူပေးအပ်ထား

မြန်မာနိုင်ငံရှိ အကြီးဆုံးပုဂ္ဂလိကဘဏ်များအနက် တစ်ခုဖြစ်သည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ၎င်း၏ ထန်ထမ်း ပေါင်း ၃၀၀၀ ကျော်အား အသက်အာမခံအကာအကွယ်ပေးအပ်နိုင်ရန်အတွက် Prudential Myanmar Life Insurance Limited(ပရူဒန်ရှယ်အာမခံ) မှ PRU Group Life စုပေါင်းအသက်အာမခံကို ဝယ်ယူခဲ့ကြောင်းသိရသည်။ PRUGroup Life အာမံအမျိုးအစားသည် ကုမ္ပဏီများနှင့်အဖွဲ့အစည်းများအတွက် စုပေါင်းအသက်အာမခံ အစီအစဉ်တစ်ခုဖြစ်ပြီး အစီအစဉ် အတွင်း အကျုံးဝင်သောမည်သည့်ဝန်ထမ်းမဆို သေဆုံးခြင်း၊ လုံးဝနှင့်ထာစဉ် မသန်စွမ်းခြင်းခြင်း(သို့မဟုတ်) မသန်စွမ်းဖြစ် ခြင်းတို့ကြောင့် ဖြစ်လာနိုင်သော ငွေကြေးဆုံးရှုံးမှုတို့မှ ထိန်းသိမ်းကာကွယ်မှုရရှိမည်ဖြစ်သည်။
ဝန်ထမ်းများအတွက် အသက်အာမခံထားရှိခြင်းသည် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအားလုံး မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သောအရာတစ်ခုမဟုတ်သော်လည်း ရိုးမဘဏ်သည် ၎င်း၏ ဝန်ထမ်းအုပ်စုအတွင်း အများစုမှာ တစ်ဦးချင်းအသက် အာမခံရယူထားခြင်းမရှိသောကြောင့် PRUGroup Life စုပေါင်းအသက်အာမခံကို တန်ဖိုးကြီးမားလှသည့် ဝန်ထမ်းအကျိုးခံ စားခွင့်အဖြစ် စေတနာအရင်းခံကာ ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။ PRUGroup Life အာမခံအကာအကွယ်ကို ရယူထားခြင်းဖြင့် ရိုးမဘဏ်ဝန်ထမ်းများမှာ မတော်တဆဖြစ်ရပ်တစ်ခု၊ မမျှော်လင့်ထားသော ဘဝအလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့လာရပါ က ၎င်းတို့၏ မိသားစုနှင့် ချစ်ခင်ရသူများအတွက် ငွေကြေးအခက်အခဲမဖြစ်စေရန် ကာကွယ်မှုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိ ထားသောကြောင့် စိတ်အေးချမ်းသာစွာ သွားလာလုပ်ကိုင်နိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/PrudentialMyanmarLifeInsurance/

ထို့အပြင် PRUGroup Life စုပေါင်းအသက်အာမခံအစီအစဉ်တွင်ပါရှိသည့် ရိုးမဘဏ်ဝန်ထမ်းအားလုံးမှာ COVID-19 ဗိုင်း ရပ်စ် ခြိမ်းခြောက်မှုမှ အကာအကွယ်ပေးသည့် COVID-19 ဆိုင်ရာ အပိုဆောင်းအာမခံအကာအကွယ်ကိုပါ အခမဲ့ရရှိနိုင်မည် ဖြစ်သည်။ COVID-19 အခမဲ့အကာအကွယ် အစီအစဉ်ဖြင့် မည်သည့်ရိုးမဘဏ်ဝန်ထမ်းမဆို COVID-19 မတော်တဆကူး စက်ခံရသည်ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးသည်ဖြစ်စေ ပရူဒန်ရှယ်အာမခံမှ ထပ်ဆောင်းအကျိုးခံစားခွင့်ကို တစ်ပေါင်းတည်း ပေးအပ်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဟာ ဝန်ထမ်းတွေဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ကုမ္ပဏီတစ် ခုအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့ဘဏ်ဝန်ထမ်းတွေအတွက် အသက်အာမခံအကာအကွယ်ဆိုတာ အရေး ကြီးတဲ့ ဝင်ငွေထိန်းသိမ်းစောင့်ရှောက်မှုပုံစံတစ်မျိုးလို့ သုံးသပ်မိပါတယ်။ မိသားစုကို ထောက်ပံ့ဖို့၊ ရှင်သန်းရပ်တည်မှုအတွက် လိုအပ်တာတွေ ဝယ်ယူဖို့လုပ်ခလစာကို အားထားနေရတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ ရိုးမဘဏ်ကပေးတဲ့ ဝန်ထမ်းအကျိုးခံစားခွင့်တွေ သက်သာချောင်ရှိရေးအစီအစဉ်တွေကို ပိုပြီးပြည့်စုံဖူလုံသွားစေတဲ့ PRUGroup Life အသက် အာမခံအကာအကွယ်နဲ့ အထူးကာကွယ်စောင့်ရှောက်မှုရရှိနိုင်ကြမှာဖြစ်ပါတယ်”ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr.Dean Cleland မှ ပြောကြားသည်။

Photo Source https://web.facebook.com/PrudentialMyanmarLifeInsurance/

“ဝန်ထမ်းသက်သာချောင်ချိရေးအစီအစဉ်တွေဟာ ခေတ်သစ်အဖွဲ့အစည်းတွေတိုင်းရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံကိန်း တွေမှာ အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ကုမ္ပဏီအရွယ်အစားကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အသက် အာမခံအစီအစဉ်တွေ ထောက်ပံ့ပေးအပ်ခြင်းဟာ ဝန်ထမ်းဗဟိုပြု တိုးတက်ရေးအစီအစဉ်တွေကို သိသိသာသာအားကောင်း လာစေမှာပါ။ မြန်မာနိုင်ငံမှာအလုပ်လုပ်ဖို့ အကောင်းဆုံးကုမ္ပဏီဆိုပြီး လူသိများတဲ့ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရိုးမဘဏ်ဝန်ထမ်းတွေကို အာမခံအကာအကွယ်ပေးအပ်ဖို့ ကျွန်တော်တို့ ပရူဒန်ရှယ်အာမခံကို ရွေးချယ်ခဲ့တဲ့အတွက် ဝမ်း မြောက်ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းတွေရဲ့ လက်ရှိဝန်ထမ်းသက်သာချောင်ချိရေး အစီအစဉ်တွေမှာ ထည့်သွင်းနိုင်ဖို့အပါအဝင် အကောင်းဆုံးကျွမ်းကျင်ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ပြီး ရေရှည်လုပ်ကိုင်အောင် ထိန်းသိမ်းထား နိုင်မယ့် အာမခံထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ပရူဒန်အာမခံက ဆက်ပြီးပေးအပ်သွားမှာပါ” ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr.Asit Rath ကပြောကြားသည်။
၂၀၂၀ ခုနှစ် မတ်လတွင် ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံသားများအတွက် ယုံကြည်စိတ်ချပြီး ရေရှည် ကာကွယ်စောင့်ရှောက်မှုပေးနိုင်သည့် အသက်အာမခံဝန်ဆောင်မှုများလိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုငရန် သီးသန့်မိတ်ဖက် အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှုအသုံးပြုသူများမှာ နေရာဒေသအနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲ ကွန်ရက်များမှတစ်ဆင့် ပရူဒန်ရှယ်အာမခံ၏ ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူ နိုင်မည်ဖြစ်သည်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် ပရူဒန်ရှယ်အာမခံ၏ အထူးဦးစားပေးရေင်းနှီးမြှုပ်နှံထားသည့် နောက်ဆုံးပေါ်ခေတ်မီ နည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ့ရောက်ရှိနိုင်သည့် ဈေးကွက်ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်ပြီး ပရူဒန်ရှယ်အာမခံမှ ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံး ပြုနိုင်မည့် ငွေကြေးဆိုင်ရာဂေဟစနစ်တစ်ခုကို အမှန်တကယ်ပုံဖော်ဖန်တီးနိုင်မည်ဖြစ်သည်။