၂၀၂၀ ခုနှစ် မတ်လအတွင်း Facebook ၏ မူဝါဒလေ့လာဆန်းဆစ်ချက်များကိုထုတ်ပြန်

၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် မတ်လအတွင်း Facebook ၏ မူဝါဒသက်ရောက်မှုများနှင့်ပတ်သက်သော လေ့လာဆန်းစစ်ချက်များပါဝင်သော လူမှုစံနှုန်းသက်ရောက်မှုအစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်းသိရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်မှစကာ ရွေးကောက်ပွဲများတွင် ကြားဝင်နှောင့်ယှက်မှုများနှင့် အက်ပလီကေးရှင်းများတွင် သတင်း အမှားများပျံ့နှံ့ရောက်ရှိသည်များကို တားဆီးနိုင်ရန်နှင့် အန္တရာယ်ရှိသော အကြောင်းအရာများမှတဆင့် Facebook အသုံးပြုသူများ ဘေးကင်းလုံခြုံမရှိစေရန် လူအင်အားဖြည့်တင်းပြီး နည်းပညာအဆင့်မြှင့်တင်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ် ကြောင်းလည်းသိရသည်။ ထို့အတွက် COVID-19 အရေးပေါ်အခြေအနေဖြစ်နေသည့်အချိန်တွင် အသင့်ရှိပြီးသားနည်းပညာ ကိရိယာများနှင့် လုပ်ထုံးလုပ်နည်းများကို အလျင်အမြန်ရယူအသုံးချနိုင်ခဲ့ပြီး Facebook ၏ မူဝါဒချိုးဖောက်သည့်အကြောင်း အရာများကို ဆက်လက်ရှာဖွေစစ်ဆေးဖယ်ရှားမှုများဆောင်ရွက်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် အကြောင်းအရာစစ်ဆေးသူများကို ယာယီအိမ်မှနေအလုပ်လုပ်ရန် ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း အလိုအ လျောက် အေကြောင်းအရာ ရှာဖွေစစ်ဆေးပေးနိုင်သည့် နည်းစနစ်များကို ပိုမိုအားထားလာခဲ့ရကြောင်းလည်းသိရသည်။ ထို အချိန်တွင် အက်ပလီကေးရှင်းများကို ဘေးကင်းလုံခြုံမှုရှိရှိ ဆက်လက်အသုံးပြုနိုင်ရန် Facebook အဖွဲ့သားများသည် အန္တရာယ်အများဆုံးနှင့် ထိခိုက်မှုအကြီးမားဆုံးဖြစ်စေမည့် အကြောင်းအရာများကို ဦးစားပေး စစ်ဆေးဖယ်ရှားခဲ့ကြသည်။
ယခုထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ၂၀၂၀ ခုနှစ် မတ်လအထိ ဆောင်ရွက်ခဲ့သော အချက်အလက်တွေကို ဖော်ပြပေး ထားခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြုလုပ်ခဲ့သည့် ပြင်ဆင်မွန်းမံချက်များကြောင့် ရရှိခဲ့သည့် အကျိုးသက်ရောက်မှုများကို အပြည့်အဝထင်ဟပ်ပြသနိုင်မည်မဟုတ်ပေ။ နောက်လာမည့်အစီရင်ခံစာတွင် ပြင် ဆင်မွန်းမံချက်များကြောင့် ရရှိခဲ့သည့် အကျိုးသက်ရောက်မှုများကို ဖော်ပြပေးနိုင်ရန်မျှော်လင့်ထားပြီး ဖြစ်နိုင်ပါက နောက်ပိုင်းတွင် ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ထို့အပြင် ဥပမာအားဖြင့် လွန်ခဲ့ သေသာရက်သတ္တပတ်အတွင်း အကောင့်များကိုဖယ်ရှားခြင်း၊ အယူခံဝင်လို့ရသည့်အခွင့်အရေးများကို အမြဲပေးထားနိုင် ကြောင်းလည်းဖော်ပြထားသည်။ ထို့အတွက်ကြောင့် နောက်ထွက်မည့် အစီရင်ခံစာတွင် အယူခံဝင်သည်နှင့် ပတ်သက်သော ကိန်းဂဏန်းအချက်အလက်များနည်းသွားလိမ့်မည်ဟုလည်းမျှော်လင့်ထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် အန္တရာယ်ရှိ သော အကြောင်းအရာများကိုသသာ ဦးစားပေးဖယ်ရှားသည်သာဖြစ်တဲ့အတွက် ယခုကာလအတွင်း လုပ်ဆောင်ချက်များ၏ သက်ရောက်မှုကို တိုင်းတာရာတွင် မူဝါဒချိုးဖောက်သည့်အကြောင်းအရာ ပျံ့နှံ့မှုနှုန်းအပေါ်မူတည်ပြီး တွက်ချက်မရနိုင် ကြောင်းလည်းဖော်ပြထားသည်။ ယခုထုတ်ပြန်သော အစီရင်ခံစာသည် မူဝါဒချိုးဖောက်သည့် အကြောင်းအရာတွေကို အသုံး ပြုသူတွေကို မတိုင်ကြားမှီ ကြိုတင်ရှာဖွေ၊ စစ်ဆေး၊ ဖယ်ရှားနိုင်ရန်အတွက် နည်းပညာပိုင်းမြှင့်တင်မှုများ ပြုလုပ်ခဲ့ရာမှ ရရှိ လာသော အကျိုးသက်ရောက်မှုများကို ဖော်ပြထားခြင်းဖြစ်ကြောင်းလည်း ရေးသားထားသည်။

Photo Source https://bit.ly/3eLTO9F

ယခုအစီရင်ခံစာတွင် Facebook ၏ မူဝါဒ ၁၂ ခု၊ Instagram ၏ မူဝါဒ ၁၀ ခုနှင့်ပတ်သက်သော လေ့လာဆန်းစစ်ချက်များ ပါဝင်ကြောင်းသိရသည်။ အမုန်းစကား၊ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာအပြုအမူ၊ အကြမ်းဖက်မှုနှင့် အများပြည်သူကြည့်ရှုရန်မသင့်တော်သည့် ရုပ်ပုံများအပါအဝင် အနိုင်ကျင့်ခြင်းနှင့်ထိပါးနှောင့်ယှက်ခြင်းဆိုသည့် မူဝါဒ နယ်ပယ်လေးရပ်အတွက် Instagram အချက်အလက်များကိုထည့်သွင်းဖော်ပြထားသည်။ ပထမဦးဆုံးအကြိမ်အနေဖြင့် Instagram တွင် အရေးယူခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး အသုံးပြုသူများ အယူခံဝင်သည့်အရေအတွက်နှင့် အယူခံဝင်သည့်အပေါ်မူတည်ပြီး(သို့မဟုတ်) ကိုယ်တိုင်လေ့လာဆန်းစစ်ဖော်ထုတ်ပြီး အရေးယူခဲ့သည့်အပေါ် ပြန်လည်ပြင် ဆင်ပေးခဲ့သည့်အရေအတွက်ကိုလည်း ယခုအစီရင်ခံစာတွင် မျှဝေထားသည်။ Facebook နှင့် Instagram တွင် အမုန်းတ ရားများဖြန့်ဝေရန် စီစဉ်လုပ်ဆောင်သည်များကို ဖယ်ရှားနိုင်နှင်းရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အချက်အလက်များ ပါဝင်ကြောင်းဖော်ပြထားသည်။
မူဝါဒချိုးဖောက်သည့် အကြောင်းအရာများကို အသုံးပြုသူများ မတိုင်ကြားမှီ ရှာဖွေနိုင်သည့် နည်းပညာကို တိုးတက်အောင် လုပ်ဆောင်ခဲ့ကြောင်းလည်းဖော်ပြထားသည်။ ထို့အတွက်ကြောင့်လည်း မူဝါဒချိုးဖောက်သည့်အကြောင်းအရာအမြောက်အ မြားကို ကြိုတင်ဖယ်ရှားနိုင်ခဲ့ပြီး လူအနည်းငယ်သာ တွေ့မြင်ရသည့်အထိ တိုးတက်လာခဲ့ကြောင်းလည်း ရေးသားထားသည်။
Facebook သည် အမုန်းစကားကို ဘာသာစကားအသစ်များနှင့် ကြိုတင်ရှာဖွေဖယ်ရှားနိုင်ရန် ရှိပြီးသားနည်းပညာကို ပိုပြီး တိုးတက်ကောင်းမွန်လာစေရန် အဆက်မပြတ်မြှင့်တင်ပေးခဲ့ကြောင်းလည်းသိရသည်။ အမုန်းစကားအတွက် ကြိုတင်ရှာဖွေ နိုင်မှုနှုန်းသည် လွန်ခဲ့သော လေးလပတ်နှစ်ခုအတွင်းတွင် ၈ ပွိုင့်ကျော်အထိ တိုးတက်လာခဲ့ပြီး တစ်နှစ်အတွင်း စုစုပေါင်း ပွိုင့် ၂၀ နီးပါးတိုးလာခဲ့ကြောင်းဖော်ပြထားသည်။ ရလဒ်အားဖြင့် အကြောင်းအရာများကို ရှာဖွေစစ်ဆေးလာနိုင်သည့်အပြင် အကြောင်းအရာ ၉၀ ရာခိုင်နှုန်းသည် အသုံးပြုသူများမတိုင်ကြားမီ ကြိုတင်ရှာဖွေဖော်ထုတ်ဖယ်ရှားနိုင်ခဲ့သည်ဟု ဖော်ပြထား သည်။ ကြိုတင်ရှာဖွေစစ်ဆေးနိုင်သည့် နည်းပညာတိုးတက်လာသည့်အတွက် ၂၀၁၉ ခုနှစ် စတုတ္တလေးလပတ်တွင် အရေအ တွက်ထက် နှစ်ဆတိုးကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာပေါင်း ၈ ဒဿမ ၈ သန်းဖယ်ရှားပေးနိုင်ခဲ့ ကြောင်းဖော်ပြထားသည်။

Photo Source https://bit.ly/3eLTO9F

Instagram သည်လည်း နည်းပညာပိုင်းတွင် အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး သေကြောင်းကြံစည်ခြင်းနှင့် မိမိကိုယ်ကို အနာတရဖြစ်စေခြင်းဆိုင်ရာ အကြောင်းအရာများကို ပိုမိုရှာဖွေစစ်ဆေးနိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့ကြောင်းသိရသည်။ ရလဒ်အားဖြင့် အရေးယူခဲ့သည့် အကြောင်းအရာအရေအတွက်ပေါင်း ၄၀ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ယခင်နောက်ဆုံးထုတ်ပြန်ခဲ့ သောအစီရင်ခံစာထက် ကြိုတင်ရှာဖွေစစ်ဆေးနိုင်မှုနှုန်း ၁၂ ပွိုင့်တိုးတက်လာခဲ့သည်ဟု ဖော်ပြထားသည်။ ယခုအစီရင်ခံစာ တွင် ၂၀၁၉ ခုနှစ်၊ စတုတ္တလေးလပတ်နှင့် ၂၀၂၀ ခုနှစ် ပထမလေးလပတ်တွင် အကြောင်းအရာပေါင်း ၁ ဒဿမ ၅ သန်းကို ဖယ်ရှားနိုင်ခဲ့ကြောင်းနှင့် Instagram တွင် အနိုင်ကျင့်ခြင်းနှင့်ပတ်သက်သော မူဝါဒသက်ရောက်မှုအချက်အလက်များကို ပထမဆုံးအကြိမ်အဖြစ် မျှဝေထားကြောင်းဖော်ပြထားသည်။
နောက်ပိုင်းတွင်လည်း လူမှုစံနှုန်းသက်ရောက်မှု အစီရင်ခံစာကိုသုံးလတစ်ကြိမ်ထုတ်ပြန်သွားမည်ဖြစ်ပြီး သြဂုတ်လတွင် နောက်ထပ်အစီရင်ခံစာထပ်မံထွက်ရှိမည်ဖြစ်ကြောင်းရေးသားထားသည်။