တာရှည်ခံသည့် ဘက်ထရီပမာဏရှိသည့် HUAWEI Y6p နှင့် HUAWEI Y8p ကိုစတင်ဝယ်ယူနိုင်

ကင်မရာပိုင်းကောင်းမွန်သည့်အပြင် ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီးအကြမ်းခံနိုင်မှုစသည့် အချက်များကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်းနာမည်ကောင်းရပြီးသား HUAWEI Y series များအနက်မှ တာရှည်ခံသည့် ဘက်ထရီ ပမာဏနှင့် HUAWEI Y6p နှင့် OLED display အမျိုးအစားအသုံးပြုထားသည့် HUAWEI Y8p ကိုဇွန်လ (၁) ရက်နေ့မှ စ၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။
HUAWEI အနေနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း HUAWEI Y series ဖုန်းသစ်များဖြစ်သော Y5p, Y6p နှင့် Y8p တို့၏ အချက်အလက်များနှင့် Pre-Order မှာယူနိုင်မည့် အစီအစဉ်များကိုထုတ်ပြန်ကြော်ငြာပေးခဲ့သည်။ HUAWEI Y5p ကို ၁၁၉၀၀၀ကျပ်၊ HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ် နှင့် HUAWEI Y8p ကို ၂၉၉၀၀၀ ကျပ်တို့ဖြင့် ၂၀၂၀ ခုနှစ် ဇွန်လတစ်ရက်နေ့မှစ၍ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Photo Source https://consumer.huawei.com/mm/phones/y8p

HUAWEI Y6p တွင် လက်ရှိဈေးကွက်တွင် ရှိနေသည့် ၂ သိန်းကျပ်အောက်ဖုန်းအချို့ထပ် ပိုမိုများပြားသည့် RAM နှင့် Storgae ပမာဏဖြစ်သည့် 4GBRAM+64GBROM တို့ဖြင့် ပွဲထွက်လာမှာ ဖြစ်ပြီးနေ့စဉ်အသုံးပြုမှုအတွက် ပိုမိုအဆင် ပြေချောမွေ့စေနိုင်မှာလည်းဖြစ်သည်။ ထို့အပြင် ဘက်ထရီပမာဏကိုလည်း 5000 mAh အထိမြှင့်တင် ထည့်သွင်းအသုံးပြု ပေးထားသည့်အတွက် တစ်နေကုန် ဖုန်းအသုံးပြုနေရသူ၊ မိုဘိုင်းဂိမ်းများကို နှစ်ခြိုက်စွာဆော့ကစားတတ်ကြသည့် သုံးစွဲသူ တို့အတွက် သတင်းကောင်းတစ်ခုလည်းဖြစ်သည်။ 5000 mAh ဆိုသည့် ဘက်ထရီပမာဏမှာ Flagship series စမတ်ဖုန်းအချို့ထပ်တောင် သာလွန်ကောင်းမွန်သည့်ဘက်ထရီပမာဏတစ်ခုလည်းဖြစ်ပြီး မှန်းဆချက်များအရဆိုလျင် တစ်နေ့တာလုံး ဖုန်းကိုကောင်းမွန်စွာအသုံးပြုစေနိုင်မည့် အချက်တစ်ခုလည်းဖြစ်သည်။ HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းဈေးကွက်တွင် စတင်ဝယ်ယူရရှိနိုင်ပြီလည်းဖြစ်သည်။
HUAWEI Y8p တွင်လည်းယခင် HUAWEI Y Series စမတ်ဖုန်းအမျိုးအစားနှင့်မတူပဲ HUAWEI Y Series ဖုန်းများအနက် ပထမဦးဆုံး OLED အမျိုးအစား Display ကိုအသုံးပြုထားသော စမတ်ဖုန်းအမျိုးအစာတစ်ခုလည်း ဖြစ်ပါသည်။ OLED အမျိုးအစား display ဟာဆိုလျင် လက်ရှိအချိန်တွင် HUAWEI P series နှင့် Mate Series အမျိုးအစားဖုန်းများမှာ သာတွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည့် မျက်နှာပြင်အမျိုးအစားဖြစ်ပြီး ကာလာအရည်အသွေးပိုင်းတွင် ကောင်းမွန်ပြီး ကြည်လင်ရ့ွှန်းစိုတောက်ပသည့် မြင်ကွင်းအတွေ့အကြုံကိုခံစားရရှိစေမှာပဲ ဖြစ်သည်။ ၆ ဒဿမ ၃ လက်မအရွယ် HUAWEI Dewdrop Display OLED display ကို HUAWEI Y8p တွင် တပ်ဆင်အသုံးပြုထားပြီး Flagship ဖုန်းများတွင် ခံစားရမည့်မြင်ကွင်းအတွေ့အကြုံများကို ခံစားရရှိစေဖြစ်သည်။ ထို့အပြင် OLED display အမျိူးအစား၏ နောက်ဆက်တွဲကောင်းကွက်များ ဖြစ်သည့် AOD (always on Display), Dark Mode နှင့် in-screen fingerprint unlock (မျက်နှာပြင်လက်ဗွေစနစ်) စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။ နောက်တစ်ချက်အရလည်း HUAWEI Y8p တွင် HUAWEI ၏ နာမည်ကျော် 48MP AI Triple Camera စနစ်လည်းပါဝင်လာပြီး 16 MP AI Selfie Camera ကိုလည်းတပ်ဆင်ထားသည်။ RAM 6GB နှင့် Internal Storage 128GB ပါဝင်ပြီး Kirin 710 F SOC နှင့်အတူ Android 10 ကိုအခြေခံထားသော EMUI 10.1 ကိုအသုံးပြုထားသည်။ HUAWEI Y6p ကို ၂၉၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းဈေးကွက်တွင် ရောင်းချမည်ဖြစ်ပြီးဇွန်လ ၁ ရက်နေ့မှစ၍ စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Photo Source https://consumer.huawei.com/mm/phones/y8p

HUAWEI Y5p သည် ဈေးနှုန်းအားဖြင့် ကျပ် ၁၁၉၀၀၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး ခေတ်မှီဆန်းပြားသောဒီဇိုင်းပုံစံနှင့်အတူ ၅ ဒဿမ ၄၅ လက်မအရွယ် HD+ resolution ထိရရှိနိုင်မည့် HUAWEI FullView Display ပါဝင်မည်ဖြစ်သည်။ ဖုန်းအသုံးပြုမှုအတွက် 2GB RAM နှင့် 32GB internal storage ပါဝင်မှာဖြစ်ပြီး 8MP ကင်မရာနှင့်အတူအရှေ့ကင်မရာ 5MP ကိုတပ်ဆင်ထားပါသည်။ ဗီဒီယိုကြည့်ရှုမှုအတွက် ၁၇ နာရီ၊ အွန်လိုင်းဗီဒီယိုကြည့်ရှုမှုအတွက် ၉ နာရီ၊ 4G အင်တာနက် အသုံးပြုမှုအတွက် ၁၃နာရီဝန်းကျင်ခန့်အထိ အသုံးပြုနိုင်မည့် 3020 mAh ဘက်ထရီကို တပ်ဆင်ပေးထားသော ကြောင့်တစ်နေကုန် ဖုန်းအသုံးပြုမှုအတွက် ကောင်းမွန်စွာလုံလောက်စေမည်လည်းဖြစ်သည်။
HUAWEI အနေနှင့်လည်းယခင် Y Series စမတ်ဖုန်းများ နှင့် တက်ဘလက်များသည် ဈေးနှုှန်းသင့်တင့်မှုကြောင့် နာမည်ကောင်းတစ်ခုရထားပြီး ဖြစ်သည့်အတွက်ယခု HUAWEI Mobile Services နှင့် အသုံးပြုနိုင်မည့် HUAWEI Y5p | Y6p | Y8p အစရှိသည့် ထုတ်ကုန်များမှာတန်ဖိုးအားဖြင့် သင့်တင့်မျှတပြီး ဘက်စုံအသုံးပြုနိုင်ပြီး စွမ်းဆောင်ရည် ပိုင်းကောင်းမွန်သည့် စမတ်ဖုန်းကိုအသုံးပြုလိုကြသည့် သုံးစွဲသူများအကြား ရေပန်းစားလာဦးမည်လည်းဖြစ်သည်။ လက်ရှိ အချိန်တွင် HUAWEI Y6p နှင့် Y8p တို့အကြောင်းကို အောက်ဖော်ပြပါ Link များတွင် လေ့လာနိုင်ပါသည်။
https://consumer.huawei.com/mm/phones/y6p
https://consumer.huawei.com/mm/phones/y8p