OPPO မှ BINGO Campaign နှင့် Best Memory at Work Campaign မှ အနိုင်ရရှိသူများကို ထုတ်ပြန်ကြေညာ

OPPO သည် ၎င်း၏ ထုတ်ကုန် အရည်အသွေး၊ ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုတို့အပေါ် ထားရှိသည့် ခံယူချက်နှင့် ကြိုးစားအားထုတ်မှုများအား လူအများသိမြင်နိုင်ပြီး OPPO အမှတ်တံဆိပ်အကြောင်း ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ OPPO Brand ဗီဒီယိုများကို နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ပြီး OPPO Official Facebook Page ၌ မျှဝေပေးခဲ့သည်။
ထို့အပြင် ၎င်းဗီဒီယိုများမှ OPPO နှင့် သက်ဆိုင်သော အကြောင်းအရာ မေးခွန်းလေးများကို စိတ်လှုပ်ရှားဖွယ် ဖြေဆိုရမည့် BINGO Campaign နှင့် Best Memory at Work Campaign များကိုလည်း OPPO ချစ်ပရိသတ်များ ပါဝင်ယှဉ်ပြိုင်ပြီး ဆုလက်ဆောင်များရယူနိုင်ရန် ပြုလုပ်ပေးခဲ့သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကုမ္ပဏီ၏ Culture နှင့် Key Value များဖြစ်သော Benfen ဆိုသည့် အရာအားလုံးကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ သုံးစွဲသူများကို ဦးတည်လုပ်ဆောင်ခြင်း (User-led)၊ ရည်မှန်းချက်ကို ဦးတည်လုပ်ဆောင်ခြင်း (Goal-oriented) နှင့် ပြီးပြည့်စုံခြင်း (Aim for Perfection) စသော အချက်များကို အမြဲတစေ အလေးထားဆောင်ရွက်လျက် ရှိသည်။ OPPO သည် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် တောင်းဆိုချက်များကို အစဉ်အမြဲ ဖြည့်ဆည်းပေးရန် ကြိုးစား နေသည့်အလျောက် OPPO ဝန်ထမ်းများအပေါ်လည်း မိသားစုကဲ့သို့ ဆက်ဆံ၍ ဝန်ထမ်းများအား ကုမ္ပဏီနှင့်အတူ တိုးတက်အောင်မြင်လာစေရန် အဘက်ဘက်မှ ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။
OPPO မှ Software ပြုပြင်ခြင်းများနှင့် အပိုပစ္စည်း အသင့်ရှိသော ဖုန်းများအတွက် Hardware ပြုပြင်ခြင်းများကို တစ်နာရီအတွင်း လုပ်ဆောင်ပေးသည့် 1 Hour Flash Fix ဝန်ဆောင်မှုကို သုံးစွဲသူများအတွက် ပြုလုပ်ပေးထားပြီး ၎င်းဝန်ဆောင်မှုသည် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ စိတ်ကျေနပ်မှုနှုန်း ၉၇ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့သည်။
ထို့အတူ OPPO တွင် Promoter အဖြစ် စတင် အလုပ်ဝင်ခဲ့သော ကိုသန်းအောင်က ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုနှင့် ပညာတော်သင် စေလွှတ်ပေးခဲ့မှုတို့ကြောင့် ကြီးမားသော တိုးတက်အောင်မြင်မှုများဖြစ်လာခဲ့ပြီး ယခုအချိန်တွင် OPPO ထုတ်ကုန်သစ် မိတ်ဆက်ပေးတိုင်း လူအများရှေ့တွင် စင်ပေါ်တက်မိတ်ဆက်ပေးနေရပြီဖြစ်ကြောင်းကို ကုမ္ပဏီ၏ ပံ့ပိုး ကူညီမှုများနှင့်တွဲ၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
OPPO သည် သုံးစွဲသူများ၏ အလိုနှင့် တောင်းဆိုချက် စကားသံများကို အစဉ်အမြဲ နားထောင်၍ အလေးထားကာ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်ကုန်များ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် ထုတ်ကုန်များ၏ ၈၅ ရာခိုင်နှုန်းကို OPPO စက်ရုံတွင်သာ ထုတ်လုပ်ပြီး ထုတ်ကုန်တစ်ခုချင်းစီကို တိကျသေချာသော Test အမျိုးပေါင်း ၁၃၀ ကျော် ကျော်ဖြတ်ပြီးမှသာ ထုတ်လုပ်ဖြန့်ဖြူးသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် OPPO မှ ထုတ်ကုန်များ၏ Quality Control လုပ်ငန်းစဉ်ကို ပိုမို ကောင်းမွန်သေချာစွာ လုပ်ဆောင်နိုင်ရန် OPPO Tech Test Center ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထို OPPO Tech Test Center ဓာတ်ခွဲခန်းတွင် သုတေသနနှင့် နည်းပညာဖွံဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဖြစ်ပြီး မိုဘိုင်းဖုန်းများ၊ Smart Wearable Devices များ၊ CPE နှင့် အခြားထုတ်ကုန်များအပါအဝင် အီလက်ထရွန်နစ် ပစ္စည်းများကို အရည်အသွေး ပြည့်ဝကောင်းမွန်စေရန် စစ်ဆေး ဖန်တီးပေးနိုင်မည်ဖြစ်သည်။ OPPO Tech Test Center သည် Industry ၏ ထိပ်တန်း ဓာတ်ခွဲခန်းများဖြစ်သော SGS၊ Sporton နှင့် BTL တို့၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီ၍ Certificate Authorities များဖြစ်ကြသော ITS၊ TÜV Rheinland နှင့် TÜV SÜD တို့ဖြင့် ပူးပေါင်းဆောင်ရွက်ထားကာ SRRC နှင့် TLC တို့နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO Tech Test Center သည် စတုရန်းမီတာ ၃,၀၀၀ ကျယ်ဝန်းပြီး ဓာတ်ခွဲခန်း အမျိုးအစားများစွာပါရှိသည်။ EMC Laboratory၊ SAR Laboratory၊ OTA Laboratory၊ Audio Laboratory နှင့် RF Conformance Laboratory များ အပါအဝင် အခြားဓာတ်ခွဲခန်းများမှ တစ်ဆင့် မိုဘိုင်းဖုန်းများ၊ TV များနှင့် PC များ၏ Electromagnetic interference များကို တိုင်းတာစစ်ဆေးပေးခြင်း၊ Electromagnetic Properties များမှ လူများအပေါ် အကျိုးသက်ရောက်နိုင်သည့် ဖြစ်နိုင်ခြေများကို စစ်ဆေးခြင်း၊ ဖုန်းများ၏ Cellular Signal Strength၊ Call Quality နှင့် Antenna Angle စသည်တို့ကို စစ်ဆေးပေးခြင်း၊ အသံအရည်အသွေးများကို ထိန်းညှိစစ်ဆေးခြင်းများအပြင် ဖုန်းများအား သုံးစွဲရာမှ ဖြစ်ပေါ်တတ်သည့် အပူလွန်ကဲခြင်းပြဿနာများကို စစ်ဆေးခြင်းများနှင့် အခြားအရေးပါသော စစ်ဆေးမှုလုပ်ငန်းများကို အသေးစိတ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ OPPO ၏ ဘဝကို အဆင့်မြင့်နည်းပညာဖြင့် မြှင့်တင်ရန်ဟူသော Mission နှင့်အညီ OPPO Test Tech Center ကို တည်ဆောက်ခဲ့ရုံသာမက ကောင်းမွန်သော 5G အနာဂတ်ကို ဖန်တီးနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ သုတေသနနှင့် ဖွံဖြိုးတိုးတက်မှုကို ဦးတည်လုပ်ကိုင်လျက်ရှိသည်။
ထို့ပြင် OPPO မှ ကုမ္ပဏီ၏ ခံယူချက်များနှင့် ကြိုးစားအားထုတ်မှုများကို ဖော်ပြထားသည့် ဗီဒီယိုအကြောင်းအရာများနှင့် ပတ်သက်သော စိတ်လှုပ်ရှားဖွယ် BINGO Campaign ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ပြီး Best Memory at Work Campaign ကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့သည်။ ထို ပြိုင်ပွဲအသီးသီးတွင် များစွာသော O Fans များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး BINGO Campaign မှ အနိုင်ရရှိသူများဖြစ်ကြသော Ko Khine Zaw၊ Phyo Zin Kyaw၊ Ze Ro၊ Gyung Naw နှင့် Lin Smile တို့ကို ဖုန်းဘေလ် ၃၀,၀၀၀ ကျပ်ဆီ ပေးအပ်ချီးမြှင့်ခဲ့သည်။

Photo Source https://www.facebook.com/oppomyanmar/

Best Memory at Work Campaign တွင် OPPO F17 အထူးဆုကို ပိုင်ဆိုင်ရရှိခဲ့သော July Win က သူ၏ Hotel လုပ်ငန်းခွင်မှ ဝန်ထမ်းများအချင်းချင်း မိသားစုကဲ့သို့ ဆက်ဆံကြပုံနှင့် သူမအဖေ ဆေးရုံတက်ရ၍ သွေးလိုအပ်နေသော အချိန်များတွင်လည်း သွေးလှူပေးကာ ဝိုင်းဝန်းကူညီပေးခဲ့ပုံကို ဝေမျှပြောကြားပေးခဲ့သည်။ အကောင်းဆုံး Comment ဆု အဖြစ် Thiri က အသက်မပြည့် ဘွဲ့မရသေးသော သူ့အတွက် အလုပ်ရှာဖွေရ ခက်ခဲခဲ့သော်လည်း OPPO မှ သူ့ကို ယုံကြည်ပြီး Promoter အဖြစ် ခန့်အပ်ပေးခဲ့သောကြောင့် ယုံကြည်မှုများ တိုးပွားလာပုံကို ပြောကြားပေးခဲ့သည်။ OPPO Enco W31 ဆုရရှိခဲ့သော Aung Pyae Sone ကမူ အလုပ်စတင်လုပ်ခဲ့သော သူဌေး၏ ကောင်းမွန်စွာ သင်ပြပေးမှုကြောင့် ယခုအခါ နာမည်ကြီး ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် Bartender အဖြစ် အောင်မြင်စွာ လုပ်ကိုင်နေနိုင်ပြီ ဖြစ်ကြောင်းကို ဝေမျှပေးသွားခဲ့သည်။ ထို့ပြင် OPPO Enco M31 ရရှိခဲ့သော Nway Nway Phyu ကလည်း OPPO တွင် စတင်အလုပ်လုပ်သည့်အချိန်မှ စ၍ အိမ်၏ အကြွေးများကို တဖြည်းဖြည်းဆပ်နိုင်ခဲ့ပြီး OPPO ၌ ဝန်ထမ်းများအချင်းချင်း ဖေးမကူညီကြပုံကို ပြောကြားပေးခဲ့သည်။ ထို့နောက် နှစ်သိမ့်ဆု OPPO Enco 11 ရရှိခဲ့သော Soe Htet Paing မှ လုပ်ငန်းခွင်တွင် ဘာသာစကားအခက်အခဲကြောင့် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးကို ဝေမျှပေးခဲ့ပြီး OPPO Enco M31 ရရှိခဲ့သော Wai Yan Htet က မိတ္တူဆိုင်တွင် အလုပ်လုပ်ခြင်း၏ မလွယ်ကူပုံနှင့် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် အချို့ကို ဝေမျှပြောကြားပေးသွားခဲ့သည်။