သုံးစွဲသူအားလုံးရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာတဲ့ vivo V20 SE စမတ်ဖုန်း

vivo ဟာ စမတ်ဖုန်းလောကမှာ စံချိန်၊စံနှုန်းမြင့်မားစေရေးအတွက် “‘သုံးစွဲသူ ဗဟိုပြုထားသည့်ဆန်းသစ် တီထွင်မှုများ” ကို အဓိကထား ဆောင်ရွက်ခဲ့တဲ့အပြင် မြန်မာနိုင်ငံကို စတင်ရောက်ရှိစဉ်ကတည်းက တီထွင် ဆန်းသစ်မှုတွေရဲ့ ရှေ့ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်းနည်းပညာအမှတ်တံဆိပ်ဖြစ်တဲ့ vivo ဟာ အရင်ဆုံးထုတ်လုပ်ခဲ့တဲ့ ဟန်းဆက်တွေမှစတင်ကာ အောင်မြင်မှုတွေရရှိခဲ့ပြီး လူမှုဘဝပုံစံတွေကိုမြှင့်တင်နိုင် စေရုံသာမက စမတ်ဖုန်းလောက ကိုဦးဆောင်နေတဲ့ သူ့ရဲ့ features တွေနဲ့အတူ သုံးစွဲသူတွေရဲ့ စမတ်ဖုန်း သုံးစွဲမှုအတွေ့အကြုံတွေကို ပြန်လည်အဆင့်မြှင့် တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုနောက်ဆုံး ထွက်ရှိလာ တဲ့ vivo V20 SE ဟာဆိုရင် ဆန်းသစ်တီထွင်ထားတဲ့ စမတ်ဖုန်း features တွေနဲ့အတူ သုံးစွဲသူတွေကို ပေးအပ် ထားတဲ့ vivo ရဲ့ ကတိကဝတ်တွေထဲက အကောင်းဆုံးနမူနာ တစ်ခုပဲဖြစ်တယ်။

Photo Source https://web.facebook.com/vivomobileMM

vivo V series ဟာဆိုရင် မြင့်မားတဲ့ ဓာတ်ပုံပညာရပ်နဲ့ အခြေခံကျတဲ့ စမတ်ဖုန်းဒီဇိုင်းတွေကြောင့် နာမည် ကျော်ကြားထင်ရှားပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ နည်းပညာနဲ့ပြုလုပ်ထားတဲ့ vivo စမတ်ဖုန်းတွေ ဟာဆိုရင် လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုနိုင်စေမယ့် အချက် အပေါ် အခြေခံထားတာဖြစ်တယ်။
စမတ်ဖုန်းတွေဟာ လူငယ်တွေအတွက် ဆက်သွယ်ရေးပစ္စည်းတစ်ခုသာမက သူတို့ရဲ့ ပင်ကိုယ်ဟန်နဲ့ စတိုင်လ် တွေကို ထင်ဟပ်စေနိုင်တဲ့ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တယ်ဆိုတာ vivo ကနားလည်လက်ခံထားကြောင့် vivo ဟာ ခေတ်မီဆန်းသစ်တဲ့ features တွေသာမက ပြီးပြည့်စုံတဲ့စတိုင်နဲ့ လိုက်ဖက်မှုရှိတဲ့ စမတ်ဖုန်းတွေကို သုံးစွဲသူတွေဆီ ယူဆောင်လာနိုင်ဖို့အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း vivo V20 SE ဟာ အခုဆိုရင်တော့ ချောမွေပြေပြစ်တဲ့ ဒီဇိုင်း၊ စွဲမက်ဖွယ်ရာကောင်းတဲ့ display နဲ့ အခြားသော features တွေနဲ့အတူ သုံးစွဲသူတွေလက်ထဲရောက်ရှိလာခဲ့ပါပြီ။ အခြားစမတ်ဖုန်းတွေမှာ ပါဝင်ခြင်းမရှိသေးတဲ့ features တွေကို ဒီဖုန်းမှာ ထည့်သွင်းထားပါသေးတယ်။
နောက်ဆုံးထုတ်လုပ်ထားတဲ့ V series V20 SE ဟာ 7.83mm ပါးလွှာတဲ့ 3D ကိုယ်ထည်နဲ့ ထွက်ရှိလာတာပါ။ 171g သာရှိတဲ့ V20 SE ဟာ ပေါ့ပါးပြီး လက်ထဲမှာ ကိုင်ရတာ သက်သောင့်သက်သာရှိစေတဲ့ ဒီဇိုင်းနဲ့ပြုလုပ် ထားတယ်။ သူ့ရဲ့ 3D ကိုယ်ထည်တွေဟာ ပေါ်လီမာနဲ့ပြုလုပ်ထားတဲ့အတွက် တိမ်စိုင်လေးတစ်ခုကို ကိုင်ထားရ သလိုမျိုး နူးညံ့ချောမွေ့တဲ့အထိအတွေ့ ခံစားချက်ကို ပေးစွမ်းစေတယ်။
vivo V20 SE ဟာ သုံးစွဲသူတွေအတွက် ဂုဏ်ယူဖွယ်ရာ ထုတ်လုပ်လိုက်တဲ့ ရင်သပ်ရှုမောဖွယ်ရာ အရောင်နှစ်မျိုး Gravity Black နဲ့ Oxygen Blue တို့မှာ ဖက်ရှင်အခြေခံသဘောတရားတွေကိုလည်း ထည့်သွင်းပေါင်းစပ်ထားတဲ့အတွက် ပြေပြစ်ကျော့ရှင်းကာ ခေတ်ရှေ့ပြေးတဲ့ အသွင်တစ်ခုအဖြစ် ပုံဖော် ထားပါတယ်။ မည်းနက်တဲ့ gradientအရောင်ကြောင့် ဇိမ်ခံပစ္စည်းတစ်ခုအသွင်ရှိပြီး စိတ်တည်ငြိမ်ရင့်ချက်မှုနဲ့ ခမ်းနားမှုကို Gravity Black ကပေးစွမ်းနိုင်ပါတယ်။ ဒီဇိုင်းပုံစံက မြေဆွဲအား အနက်ရောင်ကို အခြေခံ ကာ ထာဝရတည်တံ့မှု သဘောတရားကိုပေါ်လွင်စေတယ်။ အပြာနုရောင် gradient (Oxygen Blue) ကတော့ ငြင်သာစွာရွေ့လျားနေတဲ့ မိုးကောင်းကင်ကြီးနဲ့ သန့်ရှင်းစင်ကြယ်တဲ့ အောက်စီဂျင်တို့ကနေ စိတ်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ဒီဇိုင်းပုံစံက လင်းလက်တောက်ပမှုကိုဖော်ပြကာ ပြန်လည်တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။

Photo Source https://web.facebook.com/vivomobileMM

vivo V20 SE မှာ တောက်ပစစ်မှန်တဲ့ အရောင်တွေကို အသက်ဝင်စေတဲ့ 6.44 inch (16.37 cm) 1080P AMOLED Halo Full View ™ Display ရှိပြီး ဒီစွဲမက်ဖွယ်ရာကောင်းတဲ့ display ဟာ သင်ဘဝရဲ့ အမှတ်တရ တွေကို ရုပ်ရှင်ပုံရိပ်တွေကဲ့သို့ မှတ်တမ်းတင်နိုင်စွမ်းရှိတာ အံ့အားသင့်စရာပါပဲ။ vivo ရဲ့ In-Display Fingerprint Scanning အဆင့်မြင့်နည်းပညာဟာ မျက်နှာပြင်ကို အသာထိပြီး ဖုန်းကို အလွယ်တကူ လျင်မြန် စွာ lock ဖွင့်နိုင်ပါတယ်။
vivo ဟာ စမတ်ဖုန်းလောကမှာ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ ဓာတ်ပုံပညာရပ်၊ ဂိမ်း၊ ဖျော်ဖြေရေးနဲ့ စမတ်ဖုန်းဒီဇိုင်းတွေကို ကျွမ်းကျင်ပညာရှင်တွေရဲ့ အတွေ့အကြုံတွေ အကြံပြုချက်တွေနဲ့ပေါင်းစပ်ပြီး စမတ်ဖုန်းတွေကို ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရှေ့နောက်ကင်မရာ‌တွေမှာ ထိပ်တန်းဓာတ်ပုံပညာရပ်တွေပါဝင်ပြီး အံ့အားသင့်ဖွယ်ရာ စွမ်းဆောင် ရည်နဲ့ စိတ်ကြိုက်ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်နိုင်မယ့် V20 မျိုုးဆက်သစ် V20 SE စမတ်ဖုန်းသစ်ကို ငွေကျပ် ၃၇၉,၈၀၀ ကျပ်ဖြင့် အမြို့မြို့အနယ်နယ်ရှိဖုန်းအရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါပြီ။