OPPO မှ ဒီဇင်ဘာလအတွင်း ဖုန်းဝယ်ယူသော Customers များအတွက် Super Super Super Sales Promotion အစီအစဉ်ကို မိတ်ဆက်

OPPO မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အထူး ဖျော်ဖြေရေးအစီအစဉ် “O Fans Music Night” ပွဲတော်ကြီးအပြင် အထူးလက်ဆောင်ပစ္စည်းနှင့် အထူး ကံစမ်းမဲ Super Super Super Sales Promotion ကို OPPO Customers များအတွက် ပြုလုပ်ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။
OPPO Reno4၊ OPPO F17 Pro နှင့် OPPO F17 ဝယ်ယူသူတိုင်းအတွက် မြန်မာငွေ ကျပ် 35,000 တန်ဖိုးရှိ OPPO Enco W11 ကို အထူးလက်ဆောင်အနေဖြင့် ပေးအပ်သွားမည်ဖြစ်ပြီး အခြား OPPO ဖုန်း ဝယ်ယူသူများအတွက် မြန်မာငွေကျပ် 4,500,000 တန်ဖိုးရှိ 10,000 တန် ဖုန်းဘေလ်များကို မဲဖောက်ပေးသွားမည်ဖြစ်သည်။

Photo Source https://www.oppo.com/mm/

ယနေ့ခေတ်တွင် စမတ်ဖုန်းများသည် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ သီချင်းနားထောင်ခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ရာတွင် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ယခု COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်များတွင် စမတ်ဖုန်းများ၏ အခန်းကဏ္ဍများသည် ပိုမို၍ သိသိသာသာ အရေးပါလာသည်။ ၂၀၂၀ ပြည့်နှစ်တွင် ထွက်ရှိခဲ့သည့် လူကြိုက်များသော OPPO ဖုန်းများဖြစ်သည့် OPPO Reno4၊ OPPO F17 နှင့် OPPO F17 Pro တို့၏ ထူးခြားကောင်းမွန်သော အရည်အသွေးများ အသီးသီးနှင့် ယှဉ်တွဲကာ သုံးစွဲသူများအတွက် မည်သည့် OPPO ဖုန်းကို ရွေးချယ်သင့်ကြောင်းကို ရှင်းလင်းဖော်ပြပေးသွားမည်ဖြစ်သည်။
AI Color Portrait၊ Night Flare Portrait တို့အပြင် အခြား‌ခေတ်မီ AI နည်းပညာသစ်များဖြင့် ဖန်တီးပြုလုပ်ထားသော နေ့မိုက်ညချော OPPO Reno4 သည် ဓာတ်ပုံနှင့် ဗီဒီယိုများကို မိမိစိတ်ကြိုက် ရိုက်ကူးပုံဖော်လိုသူများအတွက် အထူး သင့်လျော်သော ဖုန်းကောင်းတစ်လုံးဖြစ်သည်။ OPPO Reno4 တွင် 30W VOOC 4.0 အမြန်အားသွင်းခြင်းစနစ်နှင့် ဆန်းသစ် ထားသော AI ကင်မရာလုပ်ဆောင်ချက်များဖြစ်သည့် AI Color Portrait၊ Night Flare Portrait၊ 960fps Smart Slow-motion နှင့် Ultra Steady Video 3.0 တို့ပါဝင်သည့်အတွက် နေ့အချိန်များတွင်သာမက ညအချိန်များတွင် ရိုက်ကူးသော ဓာတ်ပုံနှင့် ဗီဒီယိုများကိုပါ ကြည်လင်ပြတ်သား၍ ဆန်းသစ်ကောင်းမွန်သည့် ပုံရိပ်များအဖြစ် ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့အပြင် အခြား ထပ်ဆောင်း AI နည်းပညာများဖြစ်သည့် AI Enhanced Smart Sensor ပါဝင်လာပြီး Smart Air Control၊ Smart Spying Prevention နှင့် Smart Always-on Display လုပ်ဆောင်ချက်များ ပါဝင်သောကြောင့် ဖုန်းသုံးစွဲမှုကို လုံခြုံစိတ်ချရမည်ဖြစ်ကာ နေ့စဉ်ဘဝတွင် အလွန်လွယ်ကူ အဆင်ပြေစေမည်ဖြစ်သည်။

Photo Source https://www.oppo.com/mm/

AI Portrait ကင်မရာ ၆ လုံး ပါဝင်ရုံသာမက ဖက်ရှင်ကျသော အသွင်အပြင်နှင့် အခြားထပ်ဆောင်း လုပ်ဆောင်ချက် အစုံအလင် ပါဝင်ပြီး ဈေးနှုန်းသင့်လျော်သည့် ဖုန်းကို နှစ်သက်သူများအတွက် OPPO F Series မှ ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်ကို ပေးစွမ်း နိုင်သော OPPO F17 Pro ကို ‌ရွေးချယ်နိုင်သည်။ OPPO F17 Pro သည် ကမ္ဘာ့ပထမဆုံး Shiny Matte ပုံစံဖြင့် ထွက်ရှိလာခဲ့ပြီး ခေတ်မီဖက်ရှင်ကျကာ အကောင်းဆုံးသော Handfeeling ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဈေးနှုန်းတူဖုန်းများထဲတွင် AI Portrait ကင်မရာ ၆ လုံး ပါဝင်သော ပထမဆုံး ဖုန်းဖြစ်ပြီး ပိုမိုကောင်းမွန်သော Blur Effect ပေးစွမ်းနိုင်မည့် Dual Lens Bokeh အပြင် AI Color Portrait နှင့် Night Flare Portrait စသော စုံလင်သည့် ကင်မရာလုပ်ဆောင်ချက်များလည်း ပါဝင်လာသည်။ ထို့ပြင် 30W VOOC 4.0 အမြန်အားသွင်းခြင်းစနစ်နှင့် MTK P95 Processor အပြင် Anti-lag Algorithm နည်းပညာတို့ကြောင့် ဖုန်းသုံးစွဲမှုအတွေ့အကြုံ ချောမွေ့မြန်ဆန်မှုကို ကြိုက်နှစ်သက်သောသူတို့အတွက် OPPO F17 Pro သည် ရွေးချယ်စရာ ကောင်းသည့် ဖုန်းတစ်လုံးဖြစ်သည်။
ကြီးမားသော Storage 8GB RAM+128GB ROM ပါဝင်ပြီး ပြောင်မြောက်သော အသွင်အပြင်ဖြင့် မြန်မာနိုင်ငံဈေးကွက်ထဲသို့ နောက်ဆုံးမိတ်ဆက်ပေးခဲ့သော ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 သည် လက်ရှိတွင် လူကြိုက်များပြီး ရောင်းအား ကောင်းနေသော ဖုန်းတစ်လုံးဖြစ်သည်။ သင့်တင့်ချိုသာသော ဈေးနှုန်းဖြင့် အဆင့်မြင့် ဖုန်းဒီဇိုင်းနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသော ဖုန်းကို ရှာဖွေနေသူများအတွက် OPPO F17 သည် အထူးသင့်လျော်သည်။ OPPO F17 ကို ပါးလွှာ ပေါ့ပါးသော ကိုယ်ထည်ဒီဇိုင်းအပြင် ဖုန်းအနောက်ဘက်ကာဗာကို အဆင့်မြင့် သားရေပုံစံ ခေတ်မီဒီဇိုင်းဖြင့် Premium Look ကို ပေးစွမ်းနိုင်အောင် ဖန်တီးပြုလုပ်ထားသည်။ 8GB RAM+128GB ROM ပါရှိပြီး အခြားမည်သည့်ဖုန်းများတွင် မရှိသေးသော RAM+ လုပ်ဆောင်ချက် ပါဝင်သောကြောင့် ဖုန်းသုံးစွဲမှုကို ချောမွေ့စေမည်။ ထို့ပြင် OPPO F17 Pro ကဲ့သို့ပင် 30W VOOC 4.0 အမြန် အားသွင်းစနစ် ပါဝင်လာပြီး OPPO F17 ကို All-Day Eye Caring AMOLED Display ထည့်သွင်းတပ်ဆင်ထားသောကြောင့် နေ့စဉ်ဖုန်းသုံးစွဲမှု များသောသူများအတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်စေမည်ဖြစ်သည်။

Photo Source https://www.oppo.com/mm/

OPPO ဖုန်းများကို မြန်မာနိုင်ငံ အမြို့အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ် သည်။
ထို OPPO Reno4၊ OPPO F17 Pro နှင့် OPPO F17 များထဲမှ မိမိနှင့် ကိုက်ညီ၍ အသင့်လျော်ဆုံး ဖုန်းကို ယခု ဒီဇင်ဘာလ အတွင်း ဝယ်ယူကာ ကျပ် 35,000 တန်ဖိုးရှိ OPPO Enco W11 ကို အထူးလက်ဆောင်အနေဖြင့် ရယူ ပိုင်ဆိုင်နိုင်မည်ဖြစ်၍ အခြား OPPO ဖုန်းဝယ်ယူသူများအတွက် ကျပ် 4,500,000 တန်ဖိုးရှိ ဖုန်းဘေလ်များကို ကံထူးပိုင်ဆိုင်နိုင်မည် ဖြစ်သောကြောင့် ဤ OPPO Super Super Super Sale Promotion တွင် ပါဝင်ကြရန် ဖိတ်ခေါ်လိုက်သည်။
O Fans Music Night ပွဲတော်ကြီးနှင့် Super Super Super Sale Promotion ၏ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါ link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/287391841418711/posts/1803175573173656/