OPPO သည် 5G Flagship များ ထုတ်လုပ်မည့် ကုမ္ပဏီများထဲတွင် ပါဝင်လာသည့်အတွက် Reno4 နှင့် Reno4 Pro များတွင် ColorOS 11 Version အသုံးပြုနိုင်တော့မည်

OPPO မှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နှစ်စဉ် Snapdragon Tech Summit Digital 2020 အခမ်းအနား၌ ၎င်း၏ Find X Series သစ်အား ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် စတင် ထုတ်လုပ်တော့မည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ၍ Qualcomm ၏ Flagship Snapdragon 888 5G Mobile Platform သစ်ကို အသုံးပြုထားသော ပထမဆုံး 5G စမတ်ဖုန်းစီးရီး ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် OPPO သည် ကမ္ဘာလုံးဆိုင်ရာ 5G ဖြန့်ကျက်မှုနှင့် 5G အတွေ့အကြုံများကို အရှိန်မြှင့်တင်ရန် Qualcomm Technologies အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အခြားသော ထိပ်တန်းနည်းပညာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်၍ အားဖြည့် လုပ်ဆောင်သွားမည် ဖြစ်သည်။
“အကောင်းဆုံး မိုဘိုင်းအတွေ့အကြုံတွေ ရှာဖွေခြင်းက ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ တကယ်လို့ လွန်ခဲ့တဲ့နှစ် အနည်းငယ်က 5G ကို လက်တွေ့မှာ အသုံးပြုနိုင်အောင် ကြိုးစားပြုလုပ်ခဲ့ဖို့လိုအပ်ပြီး အခုအချိန်မှာတော့ 5G ရဲ့ ကြီးမားပြီး ဖြစ်နိုင်ခြေရှိတဲ့ အလားအလာကို နားလည်သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်။ Qualcomm Technologies ရဲ့ နောက်ဆုံးပေါ် Snapdragon 888 5G Mobile Platform က 5G၊ Imaging နဲ့ AI Experience တွေမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က Snapdragon 888 အသုံးပြုထားတဲ့ Flagship စမတ်ဖုန်းတွေကို ၂၀၂၁ ခုနှစ် ပထမသုံးလပတ်ထဲမှာ ပထမဆုံး ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ အသစ်ထွက်ရှိလာမယ့် Find X Series က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေကို သူမတူဘဲ ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု OPPO ၏ Vice President နှင့် President of Global Sales ဖြစ်သူ Alen Wu က ပြောကြားသည်။

Photo Source https://www.facebook.com/oppomyanmar/

5nm Process နည်းပညာနှင့် တည်ဆောက်ထားပြီး Qualcomm Snapdragon X60 5G Modem-RF System ကို ထည့်သွင်းပြုလုပ်ထားသော Industry ၏ ထိပ်တန်း Snapdragon 888 5G Mobile Platform သည် ဘက်စုံ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး 5G၊ Imaging၊ AI နှင့် OPPO Find X5G flagship ထုတ်ကုန်များ၏ ဂိမ်းကစားခြင်းအတွေ့အကြုံကို ထူးခြားသော တိုးတက်မှုများ ယူဆောင်ပေးမည်ဖြစ်သည်။ ထို့ပြင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော OPPO INNO DAY 2020 တွင် မိတ်ဆက်ကြေညာခဲ့သည့် OPPO ၏ ကိုယ်ပိုင် Android အခြေပြု Full-Path Color Management System ကြောင့် Flagship Series အသစ်များတွင်လည်း သာလွန်ကောင်းမွန်သော Display နှင့် Color စွမ်းဆောင်ရည်များ ရရှိစေနိုင်မည်ဖြစ်သည်။ ဤ လုပ်ဆောင်ချက်များကြောင့် Find X Series ကို ၂၀၂၁ ခုနှစ်အတွက် မျှော်လင့်အစောင့်စားရဆုံး 5G flagship စမတ်ဖုန်းများထဲမှ တစ်ခုဖြစ်လာစေခဲ့သည်။
OPPO သည် 5G ကို ရှေ့ဆောင်တီထွင်သူနှင့် အားပေးထောက်ခံသူအဖြစ် ကြာမြင့်စွာ ကြိုးစား လုပ်ဆောင်လျက်ရှိသည်။ OPPO ၏ Reno 5G သည် Snapdragon 855 အသုံးပြုထားပြီး ဥရောပဈေးကွက်ထဲသို့ ၂၀၁၉ ခုနှစ်၊ မေလတွင် ပထမဆုံး ဝင်ရောက်ခဲ့သော 5G စမတ်ဖုန်း ဖြစ်ကာ Qualcomm Technologies နှင့် Ericsson တို့ဖြင့် ပူးပေါင်း၍လည်း Reno 5G ကို အခြေခံ၍ “Best 5G Network Development in Europe” ဆုကို ရရှိခဲ့သည်။ OPPO နှင့် Qualcomm Technologies တို့ ပူးပေါင်း၍ Snapdragon အသုံးပြုထားသော Smart ထုတ်ကုန်အမျိုးမျိုး သာမက 5G CPE နှင့် Smart Watches များ အထိပါ တိုးချဲ့ထုတ်လုပ်လာခဲ့သည်။ Industry ထဲတွင် ပထမဆုံး DSS (Dynamic Spectrum Sharing) ဒေတာ ခေါ်ဆိုမှုကို Ericsson၊ Qualcomm Technologies၊ Swisscom နှင့် Telstra တို့နှင့် ပူးပေါင်းကာ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ဖန်တီးခဲ့သည်။ လွန်ခဲ့သော ဇူလိုင်လတွင်လည်း OPPO မှ Qualcomm Technologies၊ Ericsson နှင့် Vodafone တို့နှင့် ပူးပေါင်းကာ UK ၌ ပထမဆုံး 5G Standalone (SA) Network ကို ဖြန့်ကျက်တပ်ဆင်ပေးခဲ့သည်။
OPPO သည် Qualcomm Technologies ကဲ့သို့ Industry ၏ ထိပ်တန်းကုမ္ပဏီများဖြင့် လက်တွဲ၍ 5G ၏ တန်ဖိုးနှင့် ဖြစ်နိုင်ခြေများကို ပိုမို ရှာဖွေတွေ့ရှိကာ Internet of Experience ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများကို နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများပေးနိုင်ရန် မျှော်မှန်း လုပ်ဆောင်လျက်ရှိသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO မှ Android 11 အခြေခံထားသော တရားဝင် ColorOS 11 Version သည် မြန်မာနိုင်ငံတွင် ထွက်ရှိလာတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ OPPO သည် မကြာသေးမီက Android 11 အခြေခံထားသော OS တစ်ခုအဖြစ် ColorOS 11 ကို ကမ္ဘာတစ်ဝန်းတွင် မိတ်ဆက်‌ကြေညာခဲ့ပြီး ယခုအခါ ပိုမိုတိကျကောင်းမွန်သော တရားဝင် Version ကို နှစ်လအတွင်း ဖြန့်ချိပေးတော့မည်ဖြစ်သည်။ ColorOS 11 တရားဝင် Version သည် Reno နှင့် A Series များအပါအဝင် OPPO ထုတ်ကုန် ၃၀ ကျော်တွင် ရရှိသွားမည်ဖြစ်၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း တစ်သုတ်ပြီးတစ်သုတ် မိတ်ဆက်ပေး သွားမည်ဖြစ်သည်။ Reno4 နှင့် Reno4 Pro ဖုန်းများတွင် ColorOS 11 Version ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်ကာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
OPPO မှ ColorOS 11 အား လျင်မြန်စွာ မိတ်ဆက်ပေးနိုင်၍ Updates များ ပြုလုပ်ပေးနိုင်ရန် Google နှင့် နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။ Google ၏ Android 11 ထုတ်ပြန်ကြေညာပြီးနောက် ColorOS 11 ကို မိတ်ဆက်ပေးခဲ့ပြီး ယခုအခါ ColorOS 11 သည် မြန်မာနိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့သော Android 11 အခြေခံထားသည့် ပထမဆုံး Mobile OS များထဲမှတစ်ခု ဖြစ်လာခဲ့သည်။
ColorOS သည် OPPO မှ အထူးစိတ်ကြိုက် ပြုလုပ်ထားသာ အသိဉာဏ်ကြွယ်ဝ ထိရောက်၍ ကောင်းမွန်စွာ ဖန်တီးပြုလုပ်ထားသော Android အခြေခံပြုလုပ်ထားသည့် Mobile OS ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာသုံးစွဲသူ သန်း ၃၇၀ ကျော်ရှိသော ColorOS သည် အင်္ဂလိပ်၊ Bahasa၊ Hindi ၊ Marathi ၊ Bangla ၊ ထိုင်း အပါအဝင် ဘာသာစကားပေါင်း ၈၀ ကျော်ကိုထောက်ပံ့သည်။