MPT ၏ “ရွှေအိပ်မက်” အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၇,၀၀၀) ကျော်ထဲမှ ကံထူးရှင်များကို ရွေးချယ်ကြေညာမည်

MPT သည် MPT နှင့် KSGM တို့ Joint Operations ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများအား အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လာသည်မှာ မကြာသေးမီက (၇)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီး အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့”အစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။
ယခုအခါတွင် “ရွှေအိပ်မက်” အစီအစဉ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်မှ ကံထူးရှင်(၇)ဦးကို ဒီဇင်ဘာလ (၁၁)ရက်၊ နံနက်(၁၁)နာရီမှ မွန်းလွဲ(၁၂)နာရီအထိ ကျင်းပပြုလုပ်မည့် အွန်လိုင်းမှ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်မှုတွင် ရွေးချယ်ကြေညာပေးသွားမည်ဖြစ်သည်။ အဆိုပါကံထူးရှင်ရွေးချယ်ပွဲကို MPT ၏ တရားဝင် Facebook Page နှင့် ရွှေအိပ်မက် Facebook Page https://web.facebook.com/mptGoldendream/ တို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage

ပါဝင်ယှဉ်ပြိုင်သူ (၇,၀၀၀) ကျော်နှင့်အတူ “ရွှေအိပ်မက်” အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်များအနေဖြင့် ၎င်းတို့၏အိပ်မက်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် ဆုငွေ ကျပ် သိန်း (၅၀၀) အထိ ရရှိမည်ဖြစ်ကာ မိသားစုကို ထောက်ပံ့ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်း၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်းများကို ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ ဘဝများကိုပြောင်းလဲစေနိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင်သူများအနက်မှ ကံထူးရှင် (၇)ဦးကို အောက်ဖော်ပြပါ အမျိုးအစားများမှ မဲနှိုက် ရွေးချယ်ကြေညာသွားမည် ဖြစ်သည်။
၁။ မိသားစု (ပြိုင်ပွဲဝင် ၃,၀၀၀ကျော်မှ လက်ခံရရှိခဲ့သောအိပ်မက်များ)
၂။ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်) (ပြိုင်ပွဲဝင် ၃,၀၀၀ကျော်မှလက်ခံရရှိခဲ့သော အိပ်မက်များ)
၃။ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း (မြန်မာလူ့အဖွဲ့အစည်းအတွက်) (ပြိုင်ပွဲဝင် ၇၀၀ကျော်မှ လက်ခံရရှိခဲ့သောအိပ်မက်များ)
ရွှေအိပ်မက်အစီအစဉ်ဟာဆိုရင် အခုအချိန်မှာတကယ့်ကို အောင်အောင်မြင်မြင်နဲ့ ပါဝင်ယှဉ်ပြိုင်သူ အများဆုံးကို ရောက်ရှိနေပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ MPT ရဲ့ Facebook Page နဲ့ ရွှေအိပ်မက် Facebook Page မှာ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုကနေတစ်ဆင့် ကံထူးရှင်(၇)ဦးကို ရွေးချယ် ကြေညာ ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို “ရွှေအိပ်မက်” အစီအစဉ်နဲ့အတူ MPT သုံးစွဲသူတွေကြားမှာ အားပေးမှုတွေ၊ စိတ်လှုပ်ရှား ပျော်ရွှင်မှုတွေကို တွေ့ရတဲ့အတွက် ကျွန်တော်တို့ တကယ်ကို ဝမ်းသာပြီးတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ကူညီပြီး အကောင်အထည်ဖော်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူ ၇၀၀၀ ကျော်ဟာ သူတို့ရဲ့အိပ်မက်တွေ၊ ဘဝမှတ်တမ်းတွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ဒီနေရာမှာ ထုတ်ဖော်ပြသပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်မိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ စည်းလုံးခိုင်မာတဲ့ မိသားစုတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေအဖြစ် ဖော်ဆောင်နိုင်ဖို့အတွက် ယုံကြည်မျှော်လင့်မိပါတယ်” ဟု MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားသည်။

Photo Source https://web.facebook.com/mptofficialpage

လူသားတို့၏ သမိုင်းကြောင်း တစ်လျှောက်ကိုဆန်းစစ်ပါက ကမ္ဘာ့အကြီးကျယ်ဆုံးသော တီထွင်မှုများမှာ စိန်ခေါ်မှုများရှိနေသည့် ကာလများတွင် ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး ယခုကဲ့သို့ MPT ၏ ထူးခြားသည့် အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်တွန်းလှန်နေရသော မြန်မာနိုင်ငံသားများအတွက် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များရရှိစေကာ တစ်နည်းအားဖြင့် မိမိတို့နေအိမ်တွင်နေထိုင်စဉ် တီထွင်ကြံဆမှုနှင့် အိပ်မက်များ အကောင်အထည် ဖော်နိုင်ရန် အားပေး လိုက်ခြင်းလည်း ဖြစ်သည်။.
ရွှေအိပ်မက် အစီအစဉ်အကြောင်း အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာတို့ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။