Mytel မှ MyID တစ်နှစ်ပြည့်ခြင်းနှင့် သုံးစွဲသူ ၅ သန်းပြည့်မြောက်သည့် အထိမ်းအမှတ်ကျင်းပ

Mytel သည် ဒီဂျစ်တယ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်မိတ်ဆက်ပေးခဲ့သည့် MyID အက်ပလီ ကေးရှင်းမှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီးသုံးစွဲသူဦးရေ စုစုပေါင်း ၅ သန်းနှင့်လစဉ်သုံးစွဲသူ ၈၅ရာခိုင်နှုန်း အထိရှိလာခဲ့သည်။
“ဒီအောက်တိုဘာလထဲမှာ Mytel မှ MyID အက်ပလီကေးရှင်းရဲ့ နှစ်ပတ်လည်နေ့ရှိတဲ့အတွက် ဒီလဟာ Mytel ရဲ့ ထူးခြားတဲ့ လတစ်လလည်းဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဝန်ဆောင်မှုကလူကြီးမင်းတို့ရဲ့ ဒီဂျစ်တယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ရင်းတစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ MyID သုံးစွဲသူတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီလို MyID ရဲ့ နှစ်ပတ်လည်နေ့ကို ဆင်နွှဲတဲ့အနေဖြင့် Mytel က ပထမဆုံးအကြိမ် MyID ကိုမှတ်ပုံတင်အသုံးပြုမဲ့သူတွေအတွက် အထူးအစီအစဉ်လေးတွေပြုလုပ်ပေးထားပါတယ်။ MyID ကိုပထမဆုံးအကြိမ်မှတ်ပုံတင်သည့် မည်သည့်တယ်လီကွန်းအော်ပရေတာအသုံးပြုသူမဆို မိုင်ဂါရဝဂိမ်းဆော့ဖို့အတွက် အကြိမ်အရေအတွက် ၁၀ ကြိမ်ကိုလက်ဆောင်အဖြစ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် Mytel တယ်လီကွန်းအော်ပရေတာကို မှတ်ပုံတင်ပြီးအသုံးပြုသော သုံးစွဲသူတွေကိုတော့ 2 GB ဒေတာအထူးလက်ဆောင်ကိုပါ ထပ်ဆောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။ နောက်နောင်တွင်လည်း Mytel က သုံးစွဲသူတွေအတွက်အသုံးဝင်ပြီးအကျိုးရှိစေမယ့် လုပ်ဆောင် ချက်တွေကိုလည်း MyID အက်ပလီကေးရှင်းထဲမှာထပ်မံထည့်သွင်းပေးသွားဦးမှာပါ” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာဒေါ်နီလာအေး မှပြောကြားသည်။

Photo Source https://www.facebook.com/mytelmyanmar

“ယခုသီတင်းကျွတ်အချိန်အခါသမယမှာ သုံးစွဲသူများ၊ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြသတဲ့ အချိန်ဖြစ်တာနဲ့အညီ ကျွန်မတို့ Mytel ကလည်းသုံးစွဲသူမိဘပြည်သူတွေကို ပြန်လည်ကျေးဇူးတုံ့ပြန်ချင်ပါတယ်။ ဒါကြောင့် မိုင်ဂါရဝလို့ခေါ်တဲ့ဂိမ်းကလေးကို MyID အက်ပလီကေးရှင်းထဲမှာ ထပ်မံထည့်သွင်းပေးထားပါတယ်။ ဒီဂိမ်းကို ဝင်ရောက်ဆော့ကစားပြီး ရွှေရောင်ဆင်းမ်ကတ်တွေ၊ လက်ဆောင်ပုံးတွေ စုဆောင်းပြီး မိုင်ဂါရဝအစီအစဉ်ရဲ့ အထူးဆုကြီးတွေဖြစ်တဲ့ Hyundai Grand i10 ကား(၁၀)စီး၊ Honda Scoopy မော်တော်ဆိုင်ကယ်အစီး (၂၀) နှင့်အခြားဆုကြီးပေါင်းများစွာကို ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။ ကပ်ရောဂါကြောင့်အိမ်မှာနေနေရတဲ့အချိန်မှာ အားလုံး အတွက် ဒီဂိမ်းကသီတင်းကျွတ်နဲ့ဆိုင်တဲ့ ခံစားမှုလေးတစ်ခုပေးနိုင်မယ်လို့မျှော်လင့်ပါတယ်” ဟု သူမက ဆက်လက် ပြောကြားခဲ့သည်။
MyID သုံးစွဲသူများအနေဖြင့် တစ်နေရာထဲတွင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ရယူနိုင်ရန် ရည်ရွယ်ကာ ငွေပေးချေမှုများ အလွယ်တကူပြုလုပ်နိုင်မည့် MytelPay နှင့် သုံးစွဲသူများအတွက် မိမိတို့၏ လျှပ်စစ်မီတာခနှင့် ရေသုံးစွဲမှု ကျသင့်ငွေများကို အလွယ်တကူစီမံခန့်ခွဲနိုင်မည့် MyHome လုပ်ဆောင်ချက်များကို MyID အက်ပလီကေးရှင်းဖြင့် လုပ်ဆောင်နိုင်ရန်ထည့်သွင်းထားပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စတင်သုံးစွဲနေပြီဖြစ်သည်။ ထို့အပြင် Mytel အသုံးပြုသူများအတွက် Loyalty ၊ Infinity Plan နှင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုများကိုလည်း MyID အက်ပလီကေးရှင်းတွင် ထည့်သွင်းပေးထားသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel မှ MyID သုံးစွဲသူများအတွက် ရုပ်ရှင်ကြည့်ရှုသောအခါ အကောင်းဆုံး streaming အတွေ့အကြုံအား ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ Mytel နှင့် VIU ပူးပေါင်းကာ VIU ၏ ပရီမီယမ်ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများကို MyID တွင် လစဉ်ကြေးများ ပေးဆောင်ရန်မလိုပဲ အခမဲ့ကြည့်ရှုနိုင်ပြီဖြစ်သည်။ သီချင်းကြိုက်နှစ်သက်သူ သုံးစွဲသူများအတွက်လည်း Mytel x JOOX ပတ်ကေချ့်များဝယ်ယူပြီး တယ်လီကွန်း‌ဒေတာများ နှင့် JOOX VIP အသုံးပြုခွင့်များကို ရရှိနိုင်မည့် အစီအစဉ်သစ်တစ်ခုကို မကြာသေးမီကပင် မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် သုံးစွဲသူများ စိတ်ဝင်စားအပျင်းပြေစေမည့် ဂိမ်းများဖြစ်သော ပျော်စရာတင်းနစ် ၊ ဝက်ဖိုက်တာ ၊ ဝက်ဘောလုံး ၊ သေနတ်ပစ်သမား နှင့် အအေးမိုင်းတွင်း အစရှိသည့် ဂိမ်း ၅ မျိုးအား မိတ်ဆက်ခဲ့သည်။ အသုံးပြုသူများသည် ဂိမ်းများအား အခမဲ့ကစားနိုင်သကဲ့သို့ ပြိုင်ဘက် အခြားကစားသမားများနှင့်လည်း ကြိုတင်ငွေပေးသွင်းခြင်းဖြင့် အနိုင်ရရှိလျှင် ဂိမ်းဒင်္ဂါးများ၊ချန်ပီယံရှစ်ရမှတ်များနှင့် အပတ်စဉ်၊ လစဉ်ဆုများရရှိနိုင်ရန် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသောအကောင်းဆုံး အော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့်သုံးစွဲသူများအား အထောက်အပံ့ဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံများကို ပေးနိုင်သည့်ဆက်သွယ်ရေးဝန်ဆောင်မှုများကို သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် အသုံးပြုနိုင်ရန် တီထွင်ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာလူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့်အ ရည်အသွေးပြည့်မီပြီးဝန်ဆောင်မှု ကောင်းမွန်သောသုံးစွဲသူအကြိုက် အော်ပရေတာတစ်ခုဖြစ်ပြီး အသုံးပြုသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအားပံ့ပိုးပေးနိုင်ရန် အထူးအာ ရုံစိုက်၍ ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်သည်။