ဒီဇိုင်းလှလှ အထာကျကျနှင့်အသစ်ထွက်ပေါ်လာခဲ့သော Realme C35 စမတ်ဖုန်း

Realme ထုတ်ကုန်တွေထဲက အသစ်ထွက်ပေါ်လာတဲ့ Realme C35 စမတ်ဖုန်းသည်လည်း အရည်အသွေးမြင့်စမတ်ဖုန်း အမျိုးအစားထဲတွင်ပါဝင်သည်။ realme C35 စမတ်ဖုန်းမှာ C series ထုတ်ကုန်များထဲတွင် အပေါ့ပါးဆုံးနှင့် အပါးလွှာဆုံးဖြစ်ပြီး ၁၈၉ ဂရမ်နှင့် ၈ ဒဿမ ၁ မီလီမီတာသာရှိသည့်အတွက်လက်ထဲကိုင်ဆောင်ရာတွင် ညက်ညော သက်သောင့်သက်သာရှိစေမည်ဖြစ်သည်။
ကြီးမားသည့် ၆.၆ လက်မ မျက်နှာပြင်အပြည့်နှင့် 2408×1080 ရုပ်ထွက်အရည်အသွေးထောက်ပံ့ပေးထားခြင်းနှင့်အတူ သင့်အနေဖြင့် မတူညီထူးခြားသည့် FHD ရုပ်ထွက်ကောင်းမွန်မှုကို ခံစားကြည့်ရှုနိုင်မည်ဖြစ်ပြီး နောက်ထပ်အသေးစိပ် အချက်အလက်များကိုပါ လေ့လာနိုင်စေမည်ဖြစ်သည်။

Photo Source https://www.realme.com/mm/realme-c35

ကြီးမားသည့် 5000mAh ဘက်ထရီပမာဏက ဖုန်းကို တစ်နေ့တာလုံးစိတ်ကြိုက်သုံးနိုင်စေရန် ထောက်ပံ့ပေးထား မည်ဖြစ်သည်။ ဒါ့အပြင် အားပိုခံစေရန် App Quick Freeze စနစ်ကလုပ်ဆောင်ပေးဦးမည်ဖြစ်သည်။
ဘက်ထရီအားကုန်ခါနီးအချိန်မျိုးတွင် ပါဝါစားအထူးသက်သာသောစနစ် (Super Power Saving Mode) ကိုဖွင့်ပြီး အသုံးပြုပါက ဘက်ထရီ ၅ရာခိုင်နှုန်းနှင့်ပင် အခြေခံဖုန်းအသုံးပြုမှုများကို ဆက်လက်လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ 18W ပါဝါအားသွင်းခေါင်းထောက်ပံ့ပေးထားခြင်းကြောင့် realme C35 ကို အချိန်တိုအတွင်းမှာပင် အားအပြည့် ပြန်သွင်းပေးနိုင်စေမည်ဖြစ်သည်။
12nm အခြေပြု octa-core CPU အမျိုးအစားဖြစ်သည့် Unisoc T616 processor က realme C35 အတွက် မြင့်မားတည်ငြိမ်သည့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်စေမည်ဖြစ်သည်။
realme မိုဘိုင်းဖုန်းများမှာ အာမခံအရည်အသွေး အမြဲပြည့်ဝထားပြီးဖြစ်သည်။ ယခု တစ်ကြိမ်တွင်လည်း realme C35 မှာ အရည်အသွေးစစ်ဆေးပေးသည့် TÜV Rheinland အဖွဲ့အစည်း၏ထောက်ခံချက်ကို ရရှိထားခြင်းဖြစ်ပြီး သုံးစွဲသူများ အနေဖြင့် ပိုမိုကြာရှည်သည့် စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ရရှိနိုင်စေရန်ဖြစ်သည်။
ဘေးဘက်တွင်တပ်ဆင်ထားသော မြန်ဆန် သည့်လက်ဗွေဖတ်စနစ်ဖြင့် ဖုန်းကိုတစ်ချက်တို့ထိရုံနှင့် ချက်ချင်းပွင့်သွား စေမည်ဖြစ်သည့်အပြင် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုလည်း လုံခြုံစွာကာကွယ်ပေးထားစေမည်ဖြစ်သည်။
SIM ကဒ် ၂ကဒ်နှင့် microSD ကဒ် ၁ ကဒ်တို့ထောက်ပံ့ပေးထားမှုနှင့်အတူ ပိုမိုမြန်ဆန်သောကွန်ရက်စနစ်နှင့် ပိုမိုကြီးမားသောသိုလှောင်နိုင်မှုအတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။
သေးစိတ်ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
https://www.realme.com/mm/realme-c35