OPPO Find N2 ဟာ 2023 Asia Mobile Award ဆုပေးပွဲမှာ Foldable Smartphone ကဏ္ဍအတွက် ထူးခြားသာလွန်သည့် လုပ်ဆောင်ချက်နဲ့ ခေတ်ရှေ့ပြေးမှုတို့ဖြင့် Best Smartphone Award ဆွတ်ခူးရရှိခဲ့

OPPO Find N2 ဟာ MWC Shanghai မှာ ကျင်းပပြုလုပ်တဲ့ 2023 Asia Mobile Awards တွင် အာရှ၏ Best Smartphone in Asia အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ဆန်းသစ်တီထွင်တဲ့ အသုံးပြုသူအတွေ့အကြုံနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုခံထားရတဲ့ Find N2 ဟာ အကြိတ်အနယ် ဆန်ခါတင်စာရင်းတွေကနေ တစ်ဆင့် ယခုဂုဏ်ထူးဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။

GSMA ရဲ့ Asia Mobile Awards ဟာ ဆက်သွယ်ရေးလုပ်ငန်းပိုင်းအတွက် ဂုဏ်သိက္ခာအရှိဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်ပါတယ်။ GSMA က ထင်ရှားတဲ့ ကျွမ်းကျင်သူတွေကနေ စွမ်းဆောင်ရည်၊ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်း ခေါင်းဆောင်မှုတို့ ပါဝင်တဲ့ စံနှုန်းတွေအပေါ် အခြေခံပြီး Best Smartphone in Asia Award ကို ပေးအပ်လေ့ရှိပါတယ်။ ယခုနှစ်ဆုပေးပွဲဟာ OPPO Find N2 ရဲ့ အားသာချက် တစ်ခုချင်းကို အသိအမှတ်ပြုရုံသာမက OPPO ရဲ့ လုပ်ငန်းနယ်ပယ်မှာ ပိုမိုကျယ်ပြန့်တဲ့ အသိအမှတ်ပြုခံရမှုနဲ့ ဦးဆောင်မှုကိုလဲ ထင်ဟပ်လျက်ရှိပါတယ်။

Image: OPPO

OPPO Find N2 ဟာ OPPO ရဲ့ ဒုတိယမြောက် မျိုးဆက်သစ် Flagship Foldable စမတ်ဖုန်းဖြစ်ပါတယ်။ Find N2 ဟာ အလွန်ပေါ့ပါးပြီး တာရှည်ခံတဲ့ Flexion Hinge နဲ့ Industry ရဲ့ ပထမဆုံးသော Aerospace-grade Carbon Fiber Screen ပါဝင်တဲ့ Frame နဲ့ အတူ တာရှည်ခံပြီး ယုံကြည်စိတ်ချတဲ့အပြင် ပေါ့ပါးစွာခေါက်နိုင်တဲ့ အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ်။ Find N2 ဟာ မူလ Find N ရဲ့ Golden Folding Ratio အတိုင်း လိုက်လျောညီထွေ ပြုလုပ်ထားပြီး ၎င်း၏ Internal နဲ့ External Screen နှစ်ခုလုံးအတွက် E6 120Hz Display တွေကို အသုံးပြုထား ပါတယ်။ အလွန်ကောင်းမွန်တဲ့ အားသွင်းစနစ်နဲ့ ဘက်ထရီသက်တမ်း၊ ဖုန်းမှာ တပ်ဆင်ထားတဲ့ Hasselblad Camera နဲ့ FlexForm Mode တို့ ပေါင်းစပ်ထားတဲ့ OPPO Find N2 ဟာ ပေါ့ပါးပြီး နေ့စဉ်အသုံးပြုရန်အတွက် ပြီးပြည့်စုံစွာ ဒီဇိုင်းထုတ်ထားတဲ့အတွက် အလွန်အသုံးဝင်‌မဲ့ ခေါက်နိုင်တဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။

OPPO Find N2 ဟာ ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်၍ ထွက်ရှိလာခဲ့ပြီး ယင်းရဲ့ ဆန်းသစ်တဲ့ အတွေ့အကြုံတွေနဲ့ ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူတွေ စိတ်ကို ဖမ်းစားနိုင်ခဲ့ကာ ခေါက်နိုင်တဲ့ ဖုန်းတွေအတွက် ခေတ်သစ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ IDC ရဲ့ အချက်အလက်များအရ ၂၀၂၃ ခုနှစ် Q1 တွင် OPPO Find N2 Serie ဟာ စျေးကွက်ဝေစု ၃၅.၀ ရာခိုင်မှုန်းနဲ့ တရုတ်နိုင်ငံရဲ့ ခေါက်ဖုန်းဈေးကွက်မှာ ပထမအဆင့် ဆွတ်ခူးခဲ့ကာ ထိုကာလအတွင်း OPPO ကို ဖုန်းတင်ပို့ရောင်းချမှုတွင် နံပါတ်တစ်နေရာကို ရောက်ရှိဖို့ ကူညီပံ့ပိုးပေးခဲ့ပါတယ်။

Image: OPPO

OPPO ဟာ ကျယ်ပြန့်တဲ့ Ecosystem ကနေ တစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူတွေအတွက် အဆင့်မြင့် လူနေမှုဘဝ အတွေ့အကြုံတွေကို ပေးအပ်ကာ ဆန်းသစ်တီထွင်မှု အရင်းခံတဲ့ လုပ်ငန်းပုံစံကို အားပေးမြှင့်တင်လျက်ရှိပါတယ်။ မကြာသေးမီနှစ်တွေအတွင်း ယခုကြိုးပမ်းအားထုတ်မှုတွေကို နိုင်ငံတကာအဆင့်တွင် ပိုမိုအသိအမှတ်ပြုလာခြင်းခံခဲ့ ရပါတယ်။ ၂၀၂၃ ခုနှစ်မှာ OPPO ဟာ ဆန်းသစ်တီထွင်မှုအရှိဆုံး အာရှ-ပစိဖိတ်ကုမ္ပဏီ ၁၀ ခုအနက်က တစ်ခုအဖြစ် Fast Company ရဲ့ သတ်မှတ်ခြင်းခံရပြီး iF International Forum Design က စုစုပေါင်း ဆု ၁၅ ခုလဲ ဆွတ်ခူးရရှိခဲ့ ပါတယ်။ OPPO က OPPO Air Glass နဲ့ 2023 Edison Best New Product Awards၊ OPPO Battery Health Engine အတွက် 2023 SEAL Sustainable Product Award အပါအဝင် အခြားထုတ်ကုန်တွေအတွက် ဆုများစွာ အသီးသီး ရရှိခဲ့ပြီး ဒီအောင်မြင်မှုတွေဟာ OPPO ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေ ပိုမိုအသိအမှတ်ပြုခံလာရမှုနဲ့အတူ  ရေရှည်တည်တံ့စေဖို့ OPPO ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထင်ဟပ်စေပါတယ်။

“Technology for Mankind, Kindness for the World” ဟူသော ရည်ရွယ်ချက်ဖြင့် OPPO ဟာ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူတွေ ခေတ်မီနည်းပညာအတွေ့အကြုံတွေကို ရရှိဖို့အတွက်ဆန်းသစ်တီထွင်မှုကနေ တစ်ဆင့် ဆက်လက် အကျိုးပြုသွားမှာဖြစ်ပါတယ်။