မြန်မာ၏ ထိပ်တန်းအွန်လိုင်း စျေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်သည့် foodpanda Myanmar သည် ၎င်း၏အက်ပ်မှတဆင့် အကြီးမားဆုံးသော ကုန်စုံ အရောင်းမြှင့်တင်ရေးပရိုမိုးရှင်း “Super Mid-Year Sales” ကို စတင်လိုက်ပြီဖြစ်ပါသည်။ အဆိုပါဈေးရောင်းပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး foodpanda လုပ်ငန်းလည်ပတ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ ပဲခူး၊ မော်လမြိုင်မြို့ကြီးများတွင် ဝယ်ယူအားပေးသူများအနေဖြင့် ၇၀ ရာခိုင်နှုန်းအထိ အထူးလျှော့ ဈေးများကို ရရှိခံစားနိုင်မည်ဖြစ်သည်။

Image: foodpanda
foodpanda ၏ “Super Mid-Year Sales” ဈေးရောင်းပွဲတော်တွင် ဝယ်ယူအားပေးသူများအနေဖြင့် G&G စတိုးဆိုင်များ၊ abc စတိုးဆိုင်များ၊ Capital၊ မီနီဆို (Miniso) အပါအဝင် အခြားသော မိတ်ဖက်စတိုးဆိုင်များတွင် နေ့စဥ်သုံး ကုန်စုံများဝယ်ယူနိုင်မည်ဖြစ်သည်။ foodpanda app မှတဆင့်ဝယ်ယူနိုင်သည့် ယခုဈေးရောင်းပွဲတော်သည် ဝယ်ယူအားပေးသူများအတွက် မိတ်ဖက်ဈေးဆိုင်များမှ အကောင်းဆုံးသော လျှော့စျေးများနှင့် မိမိလိုအပ်သည့် ကုန်စုံများကို ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။
ထို့အပြင် ဝယ်ယူအားပေးသူများအနေဖြင့် နေ့စဉ်သုံး အစားအသောက်များအပြင် အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ အစရှိသည့် အမျိုးမျိုးသော လိုအပ်သည့်အရာများကို ရွေးချယ်ဝယ်ယူနိုင်ပြီး မိနစ် ၃၀ အတွင်းအရောက်ပို့ဆောင်ပေးမည်ဖြစ်သည့်အတွက် ဝယ်ယူအားပေးသူများအနေဖြင့် လွယ်ကူအဆင်ပြေ ချောမွေ့သော စျေးဝယ်မှုအတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။
Image: foodpanda
စိတ်လှုပ်ရှားဖွယ်ရာ နှစ်လယ် ဈေးရောင်းပွဲတော်တွင် အောက်ပါအစီအစဉ်များလည်း ပါဝင်သွားဦးမည် ဖြစ်သည်။
- လက်လွှတ်မခံသင့်သည့် လျှော့ဈေး။ ။ ကုန်ခြောက်များ၊ အလှကုန်များ၊ အီလက်ထရောနစ် ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား အချိုရည်များ အပါအဝင်အခြား ကုန်စုံများကို ၇၀ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
- WavePay အသုံးပြုသူများအတွက် အထူးအခွင့်အရေး။ ။ foodpanda App ကို WavePay ဖြင့် ငွေပေးချေသူများ အနေဖြင့် စျေးဝယ်ရာတွင် အဆင်ပြေလွယ်ကူချာမွေ့စေရန် ၃၀ ရာခိုင်နှုန်းလျှော့ဈေး ကူပွန်ဘောင်ချာများကို ရရှိနိုင်မည်ဖြစ်သည်။
- ဆမ်ဆောင်းဖုန်း ရရှိနိုင်မည့် အထူးလက်ဆောင် အစီအစဥ်။ ။ ဝယ်ယူသုံးစွဲသူများအနေဖြင့် Samsung Galaxy A24 ဖုန်း ရရှိနိုင်မည့် ကံစမ်းမဲအစီအစဥ်တွင် ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။