အူရီဒူးမြန်မာမှ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်သူများအား ဆက်လက်ပံ့ပိုးသည့်အနေဖြင့် ဒေတာအသုံးပြုခြင်း နှင့် အူရီဒူးချင်း ဖုန်းခေါ်ဆိုမှုများအတွက် ၅၀% လျှော့စျေး ပေးအပ်ထား

အူရီဒူးမြန်မာမှ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ကြရတဲ့ ရခိုင်ပြည်သူများအား ဆက်လက် ပံ့ပိုးပေးသည့်အနေဖြင့် ဒေတာနှင့် အူရီဒူးချင်းဖုန်းခေါ်ဆိုမှုကို သုံးသလောက်ပေး နှုန်းထားဖြင့် သုံးစွဲပါက ၅၀% လျော့စျေးဖြင့်အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါသည်။ ရခိုင်ပြည်နယ်မှ မိဘပြည်သူများအနေဖြင့် အစီအစဉ်ကို ရယူအသုံးပြုရန် *7117# ကို ခေါ်ဆိုပြီး စာရင်းသွင်းနိုင်မည် ဖြစ်ပါသည်။

မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် အူရီဒူးကွန်ရက်များအား ပြန်လည်ပြင်ဆင်ခြင်းများကို အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်ခဲ့ရာ ၁၀၀% ပြန်လည်ကောင်းမွန်စွာဖြင့် ဝန်ဆောင်မှုများ ပေးအပ်နေပြီဖြစ်၍ ရခိုင်ပြည်နယ်မှ မိဘပြည်သူများအနေဖြင့် အူရီဒူးရဲ့ဝန်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။

Image: ooredoo

အူရီဒူးမြန်မာအနေဖြင့် ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမိုခါ ပြင်းထန်စွာ စတင်ဝင်ရောက် တိုက်ခတ်ခဲ့သည့် အချိန်မှစပြီး အများပြည်သူဆက်သွယ်ရေးအဆင်ပြေစေရန် အလေးထား ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသလို မေလကုန်အထိ အူရီဒူးအချင်းချင်း အခမဲ့ အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုခွင့်၊ မက်ဆေ့ချ်ပို့ခွင့်နှင့် 5GB ဒေတာတို့ကို ပေးအပ်ခဲ့ပါသည်။ ပံ့ပိုးမှုလိုအပ်နေသည့် ရခိုင်ပြည်သူများအတွက် အူရီဒူးမြန်မာမှ အရေးပေါ်လိုအပ်နေသည့် အခြေခံစားသောက်ကုန်များနှင့် ဓာတ်ဆားထုပ်များအား ဒေသခံပရဟိတအဖွဲ့နှင့် ချိတ်ဆက်ကာ အမြန်ဆုံးပေးအပ်လှူဒါန်းပေးခဲ့ပါသည်။

ဆက်လက်ပြီး အူရီဒူးအနေဖြင့် ရခိုင်ပြည်နယ်ရှိ မိဘပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း တတ်အားသမျှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။